ချယ်ဆီး တိုက်စစ်မှူး အိုလီဗာ ဂျီရူးဟာ နောက်ရာသီ အသင်းမှာပဲ ဆက်နေဖြစ်မယ်လို့ အတည်ပြုသတင်း ထွက်လာပါတယ်။ ဂျီရူး ဆုံးဖြတ်ချက်ကြောင့် ဟီဂူအင်၊ မိုရာတာတို့ အခြေအနေများကို ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။

ချယ်ဆီး ခံစစ်မှူး အလွန်ဆိုက ယူရိုပါလိဂ် ဗိုလ်လုပွဲ ၄င်းတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပြီး လန်ဒန်သို့ ဆုဖလား ပြန်သယ်ဆောင် လာဖို့အတွက် ၁၂၀% အားထုတ်ကာ ပြင်ဆင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပြီးတာနဲ့ နည်းပြဆာရီ အနေနဲ့ ရာထူးက ဖယ်ရှားခံရတော့မယ် လို့သိ ရပါတယ်။ သတင်းတွေအရ ဆာရီ နေရာကို လက်ရှိဒါဘီ အသင်းကို ကိုင်တွယ်နေတဲ့ ကစားသမားဟောင်း လမ်းပတ် နဲ့ အစားထိုးရမယ်လို့ ရေပန်းစားနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချယ်ဆီးကွင်းလယ်ကစားသမား ကန်တေကို ဒီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ကန်တေဟာ ဆာရီ ချယ်ဆီးသို့ ရောက်လာပြီးနောက် ကွင်းလယ်မှာ ကစားနေကျ နေရာကို ဂျော်၈ျင်ဟိုအား လွှဲပေးခဲ့ရပြီး ခြေစွမ်းပြဖို့ ရုန်းကန်လာရပါတယ်။

ချယ်ဆီးတိုက်စစ်မှူး ဂျီရူးကို နိုက်စ်နဲ့ မာဆေးအသင်းကို စိတ်ဝင်စားပြီး ပြင်သစ်မြေသို့ ပြန်ခေါ်ယူလိုပေမယ့် ချယ်ဆီးအသင်းက နောက်တစ်ရာသီ ဆက်ခေါ်ထားဖို့ ကစားသမားရဲ့ စာချုပ် တစ်နှစ်သက်တမ်း တိုးခွင့်ကို အသက်သွင်းလိုက်ပြီဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီမှာ အငှားကစားရင်း ခြေစွမ်းပြခဲ့တဲ့ မေဆန်မောင့်နဲ့ ဖီကာယို တိုမိုရီတို့ဟာ လာမယ့်ရာသီ ချယ်ဆီးအသင်းမှာ အခွင့်အရေး ရသင့်ပြီ ဖြစ်ကြောင်း ကစားသမားဟောင်း အက်ရှ်လေကိုးလ်က တိုက်တွန်းသွားပါတယ်။

ချယ်ဆီးကစားသမားများဟာ အမေရိကန်က ခြေစမ်းပွဲ အပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ထရိန်နင် နားရက် အနည်းငယ် ရထားပြီး အင်အားအပြည့်နဲ့ ပြန်လာစေရန် အနားပေးခြင်း ခံထားရပါတယ်။

ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်က လက်ရှိ ချယ်ဆီးအသင်းမှာ ကစားသမားတွေ အရည်အချင်းများကို တွန်းတင်ပေးနိုင်ပြီး ဦးစီးဦးဆောင်ပြုနိုင်မယ့် ခေါင်းဆောင်ကောင်းများ မရှိ ဖြစ်နေတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။