အေစီမီလန်အသင်းက အာဆင်နယ် ခံစစ်မှူး မူစတာဖီကို အသင်းက ထွက်တော့မယ့် ဇာပလက်တာနေရာ အစားထိုး ခေါ်ယူဖို့ မျက်စိ ကျနေပါတယ်။ ဒါပေမယ့် အူနိုင်း အမ်မရီ လက်ထက်မှာ ခြေစွမ်းကျဆင်းနေတဲ့ မူစတာဖီကို ကမ်းလှမ်းဖို့ ဝေခွဲမရလည်း ဖြစ်နေဆဲပါ။

အာဆင်နယ်အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားဖူးတဲ့ စိန့်အီတီနီအသင်းမှ လူငယ် ဗဟိုခံစစ်မှူး ၀ီလီယံ ဆာလီဘာကို ပေါင် ၂၅ သန်းနဲ့ ခေါ်နိုင်ဖို့ ပစ်မှတ်ထား လာပါတယ်။ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူးဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားထားပါတယ်။

အာဆင်နယ်အသင်းအတွက် နောက်ဆုံးပွဲ ကစားပေးပြီးကာ နှုတ်ဆက်ခဲ့ပြီး ဖြစ်ပေမယ့် ရမ်ဆေးဟာ အသင်းရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကို လိုက်ပါ အားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ ရမ်ဆေးကို တူရင်မှာ တွေ့ခဲ့ရပြီး လန်ဒန်မှ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ဖွယ် ရှိပါတယ်။

အာဆင်နယ်အသင်းဟာ ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ လောရီရန့်အသင်းမှ ပြင်သစ်လူငယ်တိုက်စစ်သမား Claude-Maurice ကို ခေါ်ယူဖို့ တန်းတက်လာတဲ့ နောဝစ်အသင်းကလည်း ကြိုးပမ်းနေပါတယ်။

ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူး ရှာဖွေနေတဲ့ အာဆင်နယ်က ဂရီမီယို ခံစစ်မှူး ဝေါ်တာ ကိန်းမန်းကို ကမ်းလှမ်းထားတယ် ဆိုတဲ့ သတင်းများ အပေါ် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ငြင်းဆိုထားပြီး အာဆင်နယ်ဘက်က ခိုင်မာတဲ့ကမ်းလှမ်းမှု မရထားကြောင်း တုန့်ပြန်ထားပါတယ်။

အာဆင်နယ်အသင်း ကွင်းလယ် ခံစစ်သမား တော်ရဲရားက အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာက ကမ်းလှမ်းလာရင် ငြင်းပယ်ဖို့ ခက်ပြီး တစ်နေ့မှာ သွားရောက် ကစားလိုကြောင်း ဖွင့်ဟလိုက်ပါတယ်။

အာဆင်နယ်ဘက်က ပဲလေစ့်တောင်ပံသမား ဇာဟာအတွက် ပေးလိုတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၄၀သာ ဖြစ်ပြီး ပဲလေစ့်ဘက်က ၄င်းတို့ရဲ့ အဓိက ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ ထိ အလိုရှိနေပါတယ်။