အန်းဖီးကွင်းမှာ လက်ခံထားတဲ့ ဖျော်ဖြေရေးပွဲ ပြင်ဆင်မှုများ ဆောင်ရွက်နေတာကြောင့် ဗိုလ်လုပွဲကို တိုက်ရိုက်ပြသမှု မလုပ်နိုင်ပေမယ့် လီဗာပူးအသင်းဟာ BT Sports နဲ့ ပူးပေါင်းပြီး လီဗာပူးမြို့ထဲက M&S Bank Arena နေရာလွတ်မှာ Screen အကြီးနဲ့ တိုက်ရိုက် ပြသသွားမှာ ဖြစ်လို့ စုဝေးကြည့်ရှုရန် ဖိတ်ခေါ်ထားပါတယ်။

ဂျူဗင်တပ်ဟာ အသင်းက ထွက်ခွာတော့မယ့် နည်းပြ အယ်လီဂရီ နေရာ အစားထိုးဖို့ အတွက် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကို ချဉ်းကပ်နေတယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။ ။ ကလော့ပ်ရဲ့ လက်ရှိစာချုပ်က အသင်းနဲ့ ၂၀၂၂ ထိ ကျန်ရှိပါတယ်။

၉ လကြာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး အပြီး ဒီရာသီ ၅၂ ပွဲကစားပြီးတဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အကြို လေ့ကျင့်မှုများ မတိုင်ခင် ၅ ရက်တာ ကစားသမားတွေကို နားရက်ပေးထားခဲ့ရာ ကစားသမားအများစုက ယူအေအီးမှာ အပန်းဖြေ အနားယူဖို့ ရောက်ရှိနေခဲ့ပါတယ်။ ၄င်းနောက် စပိန် မာဘယ်လာသို့ စခန်းဝင်လေ့ကျင့်ဖို့ ထွက်ခွာသွားကြပါပြီ။

မန်ယူအသင်းရဲ့ကစားသမားဟောင်းကြီး ဂျတ်စ်စတမ်း က အေဂျက်စ်အသင်းရဲ့ အသင်းခေါင်းဆောင် ဒီလိုက်စ် အနေနဲ့ လီဗာပူးအသင်းဟာ သူအတွက် အကောင်းဆုံးနေရာဖြစ်လာလိမ့်မယ်လို့ ထောက်ခံပေးသွားခဲ့ပါတယ်။

Opta က စစ်တမ်းများအရ လီဗာပူးအသင်း ဒီရာသီ ပရီးမီးယားလိဂ်မှာ အမြန်ဆုံး ကစားသမားက တိုက်စစ်မှူး ဆာလက်၊ မာနေးတို့ မဟုတ်ဘဲ အရန် တိုက်စစ်မှူး အိုရီဂီ ဖြစ်နေပြီး 35.04 km/h ပြေးနှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ ဖူဟမ် ဘယ်ခြမ်း ခံစစ်မှူး ဆက်ဆက်နွန်ဟာ လီဗာပူးကို ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်ဖြစ်ပြီး အန်ဖီးကို ပြောင်းရဖို့က သူ့ရဲ့ အိပ်မက်လည်း ဖြစ်နေတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာတယ်။