ခြေကျင်းဝတ် ဒဏ်ရာ ရနေခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အကြို ပြင်ဆင်နေကြတဲ့ အသင်း ထရိန်နင်မှာ ပြန်ပါဝင်လာတာ တွေ့ရပါတယ်။

ဆယ်ကျော်သက် လူငယ်ကစားသမားတွေဖြစ်တဲ့ Tyreece John-Jules နဲ့ Xavier Amaechi တို့ကို ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အပြင် ဥရောပတလွှားက ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့တာကြောင့် အာဆင်နယ်အသင်းက သက်တမ်းတိုးရန် စီစဉ်လာရပြီ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ပွဲစဉ်တွေထဲ ကွင်းဝင်ပရိသတ်အများဆုံး အသင်းများစာရင်းမှာ အာဆင်နယ်က တစ်ပွဲပျမ်းမျှ 59,899 ယောက် နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်မှ အူဘာမီယန်း၊ လာကာဇက်တီ၊ ယူနိုက်တက်မှ ရက်ဖို့ဒ်တို့ကို ဒီနွေမှာ ခေါ်ယူဖို့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကို လာလီဂါ နောက်ဆုံးပွဲစဉ်တစ်ခု ဖြစ်တဲ့ လာဗန်တေးနဲ့ အက်သလက်တီကိုတို့ ပွဲစဉ် လာရောက် ကြည့်ရှုတာ တွေ့ခဲ့ရပြီး ဘယ်ကစားသမားကို လာရောက်လေ့လာသလဲ မခန့်မှန်းနိုင် ဖြစ်နေကြပါတယ်။

အာဆင်နယ်ဘက်က ပဲလေစ့်တောင်ပံသမား ဇာဟာအတွက် အပြိုင်ကမ်းလှမ်းကြမယ့် ယှဉ်ပြိုင်မှုမှာ ပါဝင်ပေမယ့် လန်ဒန်ကလပ်ဘက်က ပေးလိုတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၄၀ သာ ဖြစ်ပါတယ်။ ပဲလေစ့်ဘက်က ဇဟာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ သက်မှတ်ထားပြီး မျှတတဲ့ တန်ကြေးအဖြစ် ပေါင် သန်း ၈၀ လောက်မှာ သဘောတူညီမှု ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

အာဆင်နယ်ဟာ ဂရီမီယို ခံစစ်မှူး ဝေါ်တာ ကိန်းမန်းကို ပေါင် ၁၀သန်းခွဲနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း Mirror သတင်းမှာ ဖော်ပြထားပါတယ်။ ဂန်းနားတွေက သူတို့ ခံစစ်ကို အင်အားဖြည့်ဖို့ ကြံရွယ်နေပြီး အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားသားက ၄င်းတို့အတွက် သင့်တော်တဲ့ အနေအထား ရှိနေတာပါ။