အားနည်း ပင်ပန်းနေတဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်ပင်ပန်းစရာ နှစ်တစ်နှစ်ကို အဆုံးသတ်ခဲ့ပါပြီ။ ၂၀၂၀ ဟာ သံသယဖြစ်စရာမရှိ လီဗာပူးနှစ် ဖြစ်ခဲ့တယ်ဆိုရင် သူတို့ဟာ ဖြုန်းတီးတဲ့ ပုံစံနဲ့ ဒီနှစ်ကို အဆုံးသတ်သွားပါတယ်။

ဒီတစ်ပတ် လီဗာပူးဟာ ဖလားပြိုင်ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သင့်ပေမယ့် ၄ ရက်အတွင်းမှာပဲ ၄ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဝက်စ်ဘရွန်းလိုပဲ နယူးကာဆယ်ဟာ လက်ရှိချန်ပီယံတွေကို စိတ်ပျက်အောင် လုပ်နိုင်ခဲ့ပြီး စိန့်ဂျိမ်းစ်ပက်ခ်မှာ ဒီရာသီ ပထမဆုံး ဂိုးမရှိသရေပွဲကို ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ယူနိုက်တက်နဲ့ ၃ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေဆဲ ဖြစ်ပေမယ့် ယူနိုက်တက်က တစ်ပွဲ ကျန်နေသေးပြီး နှစ်သစ်မှာ ဖလားစိန်ခေါ်ဖို့ သူတို့ရဲ့ အခွင့်အရေးကို စိတ်ကူးယဉ်နေတော့မှာပါ။ သူတို့ဟာ လီဗာပူးရဲ့ နောက်ပိုင်းမြင်တွေ့ရတဲ့ ပုံစံတွေကနေ အင်အားတွေ ရရှိသွားမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ မှာ ပဲလေ့စ်ကို ၇-၀ နဲ့ အနိုင်ရပြီးနောက်ပိုင်း ကလော့ပ်ရဲ့ အသင်းဟာ မယုံကြည်ချင်စရာ ခြေစွမ်းတွေ ပြသခဲ့တာပါ။ အဲဒီပွဲနောက် ဝက်စ်ဘရွန်း၊ နယူးကာဆယ်တို့နဲ့ ပွဲတွေကို သူတို့ နိုင်ခဲ့သင့်ပေမယ့် တစ်ပွဲမှ အနိုင်မရခဲ့ပဲ အမှတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ရာသီလုံး အဝေးကွင်းမှာ ၂ ပွဲသာ အနိုင်ရခဲ့တာပါ။

ပရိသတ်တွေက သူတို့ အကောင်းဆုံးခြေစွမ်းအောက် ကျဆင်းနေချိန်မှာတောင် နိုင်ပွဲရနေတာကိုအသားကျခဲ့ပေမယ့် ဒီရာသီမှာတော့ အရာ အားလုံး ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းမှာ လီဗာပူးသားတွေရဲ့ ပုံစံတွေက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။

မနေ့ကပွဲမှာ သူတို့နိုင်ခဲ့သင့်ပေမယ့် ကားလ်ဒါလိုးက နယူးကာဆယ်ကို တစ်မှတ်ရစေမယ့် ကာကွယ်မှုတွေ များစွာ လုပ်ခဲ့သလို လီဗာပူးရဲ့ အဆုံးသတ် ညံ့ဖျင်းမှုနဲ့ ဂိုးသမား လက်စွမ်းပြမှုတွေကြောင့် ၃ မှတ်နဲ့ ဝေးကွာခဲ့ရတာပါ။ တစ်ဖက်ကလဲ အယ်လစ်ဆန် ဘက်ကာ မကာကွယ်နိုင်ခဲ့ရင် ကာဆယ်က နောက်ပိုင်းမှာ မယုံကြည်နိုင်ဖွယ် နိုင်ပွဲ ရရှိနိုင်ခြေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ ဒါလော က တောက်ပခဲ့ပြီး အသက်မပါတဲ့ ပထမပိုင်းအတွင်း ဆာလာ၊ ဖာမီနိုတို့ကို တားဆီးနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဆာလာရဲ့ အခွင့်အရေးကောင်းတစ်ကြိမ်လဲ ငြင်းပယ်ခံခဲ့ရပြီး ဂိုးစည်းနားမှာ မာနေးရဲ့ ကန်ချက်ကိုလဲ ဖာဘီယန် စကာက ကာကွယ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ဒါးလိုက နောက်ထပ် ထိပ်တန်းလက်စွမ်းပြသခဲ့ပြီး ဖာမီနိုရဲ့ နောက်ကျခေါင်းတိုက်ဂိုးကို တားဆီးနိုင်ခဲ့သလို လီဗာပူးအတွက် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

ကလော့ပ်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့်လဲ ဒါဟာ ၂ လ အတွင်း သီယာဂို အယ်ကန်တာရာရဲ့ ပထမဆုံး ပွဲမှာ အကောင်းမြင်စရာ ဖြစ်ခဲ့ပါတယ်။ စပိန်သားဟာ ပင်ပန်းမှုမရှိတဲ့ ဂျိမ်းစ်မီနာကို အစားထိုး ကစားခဲ့ပြီးနောက် အသင်းရဲ့ အရည်အသွေးကို အားဖြည့်ပေးခဲ့ပေမယ့် သူ့ရဲ့ အကူအညီကလဲ လီဗာပူးကို အနိုင်ဂိုး ရရှိစေဖို့ မထောက်ပံ့ပေးနိုင်ခဲ့တာပါ။

စိုးရိမ်စရာလား? နောက်တစ်ပတ် ဆောက်သမ်တန်နဲ့ အဝေးးကွင်းမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီ့နောက် အက်ဖ်အေဖလားမှာ အက်စ်တွန် ဗီလာနဲ့ တွေ့ပြီးရင် အန်ဖီးမှာ ယူနိုက်တက်ကို လက်ခံကစားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးက ဆူဆူညံညံအသံတွေကိုဘယ်လိုတိတ်အောင် လုပ်မှာလဲ? ကစားသမားတွေ ပြန်လာနေတဲ့အချက်ကြောင့် ကလော့ပ်အတွက် အားတက်စရာ ဖြစ်စေမှာပါ။ ဒီတစ်ပတ်မှာ သီယာဂို၊ မီနာ၊ ရှာကွီရီတို့အားလုံးက ပထမဆုံးအကြိမ် အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြပြီး ချိန်ဘာလိန်ကတော့ အရန်လူ စာရင်းထဲ ထပ်မံပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရိုင်း ဝီလီယံထက် နတ်ဖီးလစ်ကို ကလော့ပ် ပိုကြိုက်နေတဲ့ ဗဟိုခံစစ်အတွက်တော့ စိုးရိမ်စရာတွေ ရှိနေဆဲပါ။ ဂျိုဝယ် မာတစ်က ပေါင်ခြံဒဏ်ရာနဲ့ ၃ ပတ်လောက် အနားယူရနိုင်တယ်လို့ ကလော့ပ် အတည်ပြုခဲ့တဲ့နောက် ဒီရာသီ ဗဟိုခံစစ်ရဲ့ ဟာကွက်ကို စွယ်စုံရစွမ်းရည်နဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ ဖာဘင်ဟိုအတွက် ဖိအားတွေ ပိုများလာစေပါတယ်။

ပွဲအပြီးမှာ ပြုံးနေဆဲဖြစ်တဲ့ ကလော့ပ်ကတော့ “ဒီစွမ်းဆောင်ရည်နဲ့ ကျွန်တော် အလုပ်ဆက်လုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲက တစ်မှတ် ရသွားတယ်လို့ သတ်မှတ်ရမလား၊ ၂ မှတ်လျော့သွားတယ်လို့ သတ်မှတ်ရမလားဆိုတာ ရာသီကုန်မှသာ သိနိုင်မှာပါ။ ဒီညကတော့ ၂ မှတ် လျော့သွားတယ်လို့ ခံစားခဲ့ရပါတယ်။ တနင်္ဂနွေနေ့ ဝက်စ်ဘရွန်းနဲ့တုန်းက လိုပါပဲ။

ပျော်ရွှင်စရာ နှစ်သစ်လား? နယူးကာဆယ်အတွက်ပဲ ဖြစ်နိုင်ပါတယ်။ သူတို့တွေ ဒီတစ်မှတ်အတွက် နိုင်ပွဲရသလို အောင်ပွဲခံနေမှာပါ။ ဒါပေမယ့် လီဗာပူကတော့ နောင်တတွေနဲ့အိမ်ပြန်သွားရပါလိမ့်မယ်။ သူတို့တွေ ဖလား ဆက်ထိန်းသိမ်းချင်ရင် ၂၀၂၁ မှာ အဝေးကွင်းခြေစွမ်းတိုးတက်ဖို့ လိုအပ်နေတာကတော့ အသေအချာပါပဲ။

Zawgyi – အားနည္း ပင္ပန္းေနတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ စိတ္ပင္ပန္းစရာ ႏွစ္တစ္ႏွစ္ကို အဆုံးသတ္ခဲ့ပါၿပီ။ ၂၀၂၀ ဟာ သံသယျဖစ္စရာမရွိ လီဗာပူးႏွစ္ ျဖစ္ခဲ့တယ္ဆိုရင္ သူတို႔ဟာ ျဖဳန္းတီးတဲ့ ပုံစံနဲ႔ ဒီႏွစ္ကို အဆုံးသတ္သြားပါတယ္။

ဒီတစ္ပတ္ လီဗာပူးဟာ ဖလားၿပိဳင္ပြဲကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့သင့္ေပမယ့္ ၄ ရက္အတြင္းမွာပဲ ၄ မွတ္ ဆုံးရႈံးခဲ့ရပါတယ္။ ဝက္စ္ဘ႐ြန္းလိုပဲ နယူးကာဆယ္ဟာ လက္ရွိခ်န္ပီယံေတြကို စိတ္ပ်က္ေအာင္ လုပ္ႏိုင္ခဲ့ၿပီး စိန႔္ဂ်ိမ္းစ္ပက္ခ္မွာ ဒီရာသီ ပထမဆုံး ဂိုးမရွိသေရပြဲကို ရရွိခဲ့ပါတယ္။

လီဗာပူးဟာ ယူႏိုက္တက္နဲ႔ ၃ မွတ္အကြာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ေနဆဲ ျဖစ္ေပမယ့္ ယူႏိုက္တက္က တစ္ပြဲ က်န္ေနေသးၿပီး ႏွစ္သစ္မွာ ဖလားစိန္ေခၚဖို႔ သူတို႔ရဲ႕ အခြင့္အေရးကို စိတ္ကူးယဥ္ေနေတာ့မွာပါ။ သူတို႔ဟာ လီဗာပူးရဲ႕ ေနာက္ပိုင္းျမင္ေတြ႕ရတဲ့ ပုံစံေတြကေန အင္အားေတြ ရရွိသြားမွာျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၉ မွာ ပဲေလ့စ္ကို ၇-၀ နဲ႔ အႏိုင္ရၿပီးေနာက္ပိုင္း ကေလာ့ပ္ရဲ႕ အသင္းဟာ မယုံၾကည္ခ်င္စရာ ေျခစြမ္းေတြ ျပသခဲ့တာပါ။ အဲဒီပြဲ ေနာက္ ဝက္စ္ဘ႐ြန္း၊ နယူးကာဆယ္တို႔နဲ႔ ပြဲေတြကို သူတို႔ ႏိုင္ခဲ့သင့္ေပမယ့္ တစ္ပြဲမွ အႏိုင္မရခဲ့ပဲ အမွတ္ေတြ ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ သူတို႔ဟာ တစ္ရာသီလုံး အေဝးကြင္းမွာ ၂ ပြဲသာ အႏိုင္ရခဲ့တာပါ။

ပရိသတ္ေတြက သူတို႔ အေကာင္းဆုံးေျခစြမ္းေအာက္ က်ဆင္းေနခ်ိန္မွာေတာင္ ႏိုင္ပြဲရေနတာကိုအသားက်ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အရာ အားလုံး ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။ အေဝးကြင္းမွာ လီဗာပူးသားေတြရဲ႕ ပုံစံေတြက စိုးရိမ္စရာ ျဖစ္လာေနပါတယ္။

မေန႔ကပြဲမွာ သူတို႔ႏိုင္ခဲ့သင့္ေပမယ့္ ကားလ္ဒါလိုးက နယူးကာဆယ္ကို တစ္မွတ္ရေစမယ့္ ကာကြယ္မႈေတြ မ်ားစြာ လုပ္ခဲ့သလို လီဗာပူးရဲ႕ အဆုံးသတ္ ညံ့ဖ်င္းမႈနဲ႔ ဂိုးသမား လက္စြမ္းျပမႈေတြေၾကာင့္ ၃ မွတ္နဲ႔ ေဝးကြာခဲ့ရတာပါ။ တစ္ဖက္ကလဲ အယ္လစ္ဆန္ ဘက္ကာ မကာကြယ္ႏိုင္ခဲ့ရင္ ကာဆယ္က ေနာက္ပိုင္းမွာ မယုံၾကည္ႏိုင္ဖြယ္ ႏိုင္ပြဲ ရရွိႏိုင္ေျခ ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီပြဲမွာ ဒါေလာ က ေတာက္ပခဲ့ၿပီး အသက္မပါတဲ့ ပထမပိုင္းအတြင္း ဆာလာ၊ ဖာမီႏိုတို႔ကို တားဆီးႏိုင္ခဲ့တာပါ။ ဒုတိယပိုင္းမွာ ဆာလာရဲ႕ အခြင့္အေရးေကာင္းတစ္ႀကိမ္လဲ ျငင္းပယ္ခံခဲ့ရၿပီး ဂိုးစည္းနားမွာ မာေနးရဲ႕ ကန္ခ်က္ကိုလဲ ဖာဘီယန္ စကာက ကာကြယ္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ဒါးလိုက ေနာက္ထပ္ ထိပ္တန္းလက္စြမ္းျပသခဲ့ၿပီး ဖာမီႏိုရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးကို တားဆီးႏိုင္ခဲ့သလို လီဗာပူးအတြက္ ဖိအားေတြ ပိုမ်ားလာေစခဲ့ပါတယ္။

ကေလာ့ပ္အတြက္ စိတ္ပ်က္စရာ ျဖစ္ခဲ့ေပမယ့္လဲ ဒါဟာ ၂ လ အတြင္း သီယာဂို အယ္ကန္တာရာရဲ႕ ပထမဆုံး ပြဲမွာ အေကာင္းျမင္စရာ ျဖစ္ခဲ့ပါတယ္။ စပိန္သားဟာ ပင္ပန္းမႈမရွိတဲ့ ဂ်ိမ္းစ္မီနာကို အစားထိုး ကစားခဲ့ၿပီးေနာက္ အသင္းရဲ႕ အရည္အေသြးကို အားျဖည့္ေပးခဲ့ေပမယ့္ သူ႔ရဲ႕ အကူအညီကလဲ လီဗာပူးကို အႏိုင္ဂိုး ရရွိေစဖို႔ မေထာက္ပံ့ေပးႏိုင္ခဲ့တာပါ။

စိုးရိမ္စရာလား? ေနာက္တစ္ပတ္ ေဆာက္သမ္တန္နဲ႔ အေဝးးကြင္းမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အဲ့ဒီ့ေနာက္ အက္ဖ္ေအဖလားမွာ အက္စ္တြန္ ဗီလာနဲ႔ ေတြ႕ၿပီးရင္ အန္ဖီးမွာ ယူႏိုက္တက္ကို လက္ခံကစားရေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးက ဆူဆူညံညံအသံေတြကိုဘယ္လိုတိတ္ေအာင္ လုပ္မွာလဲ? ကစားသမားေတြ ျပန္လာေနတဲ့အခ်က္ေၾကာင့္ ကေလာ့ပ္အတြက္ အားတက္စရာ ျဖစ္ေစမွာပါ။ ဒီတစ္ပတ္မွာ သီယာဂို၊ မီနာ၊ ရွာကြီရီတို႔အားလုံးက ပထမဆုံးအႀကိမ္ အသင္းအတြက္ ပါဝင္ကစားေပးခဲ့ၾကၿပီး ခ်ိန္ဘာလိန္ကေတာ့ အရန္လူ စာရင္းထဲ ထပ္မံပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ႐ိုင္း ဝီလီယံထက္ နတ္ဖီးလစ္ကို ကေလာ့ပ္ ပိုႀကိဳက္ေနတဲ့ ဗဟိုခံစစ္အတြက္ေတာ့ စိုးရိမ္စရာေတြ ရွိေနဆဲပါ။ ဂ်ိဳဝယ္ မာတစ္က ေပါင္ၿခံဒဏ္ရာနဲ႔ ၃ ပတ္ေလာက္ အနားယူရႏိုင္တယ္လို႔ ကေလာ့ပ္ အတည္ျပဳခဲ့တဲ့ေနာက္ ဒီရာသီ ဗဟိုခံစစ္ရဲ႕ ဟာကြက္ကို စြယ္စုံရစြမ္းရည္နဲ႔ ျဖည့္ဆည္းေပးခဲ့တဲ့ ဖာဘင္ဟိုအတြက္ ဖိအားေတြ ပိုမ်ားလာေစပါတယ္။

ပြဲအၿပီးမွာ ၿပဳံးေနဆဲျဖစ္တဲ့ ကေလာ့ပ္ကေတာ့ “ဒီစြမ္းေဆာင္ရည္နဲ႔ ကြၽန္ေတာ္ အလုပ္ဆက္လုပ္ႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီပြဲက တစ္မွတ္ ရသြားတယ္လို႔ သတ္မွတ္ရမလား၊ ၂ မွတ္ေလ်ာ့သြားတယ္လို႔ သတ္မွတ္ရမလားဆိုတာ ရာသီကုန္မွသာ သိႏိုင္မွာပါ။ ဒီညကေတာ့ ၂ မွတ္ ေလ်ာ့သြားတယ္လို႔ ခံစားခဲ့ရပါတယ္။ တနဂၤေႏြေန႔ ဝက္စ္ဘ႐ြန္းနဲ႔တုန္းက လိုပါပဲ။

ေပ်ာ္႐ႊင္စရာ ႏွစ္သစ္လား? နယူးကာဆယ္အတြက္ပဲ ျဖစ္ႏိုင္ပါတယ္။ သူတို႔ေတြ ဒီတစ္မွတ္အတြက္ ႏိုင္ပြဲရသလို ေအာင္ပြဲခံေနမွာပါ။ ဒါေပမယ့္ လီဗာပူကေတာ့ ေနာင္တေတြနဲ႔အိမ္ျပန္သြားရပါလိမ့္မယ္။ သူတို႔ေတြ ဖလား ဆက္ထိန္းသိမ္းခ်င္ရင္ ၂၀၂၁ မွာ အေဝးကြင္းေျခစြမ္းတိုးတက္ဖို႔ လိုအပ္ေနတာကေတာ့ အေသအခ်ာပါပဲ။