လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ် အနေနဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ဗဟိုခံစစ် ဆင်း ကစားစေပြီး နေသန် ဖိလစ်ကို ချန်လှပ်ထားသင့်ပြီလို့ လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီက နယူးကာဆယ်နဲ့ ပွဲ အပြီးမှာ တိုက်တွန်း ပြောဆို သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ အမှတ်ပေးဇယား ထိပ်မှာ ရှိနေသေးပေမယ့် ညက စိန့်ဂျိမ်းပါ့ခ် သွားရောက် ကစားတဲ့ပွဲမှာ အိမ်ရှင် နယူးကာဆယ် ကို အနိုင် မယူနိုင်ဘဲ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ လီဗာပူး ဒဏ်ရာ ရ စာရင်းထဲမှာ စီနီယာ ဗဟိုခံစစ်သမားတွေ ဖြစ်တဲ့ မာတစ်၊ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ ရှိနေတာကြောင့် ကလော့ပ်ဟာ ဗဟိုခံစစ်မှာ ဖာဘင်ညိုကို ဖိလစ်နဲ့ အတူ တွဲ ပွဲထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ညက ပွဲမှာ ဂိုးမပေးခဲ့ရပေမယ့် ဖိလစ်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ယိမ်းယိုင်နေတာတွေ မြင်ခဲ့ရပါတယ်။ မာဖီကတော့ နေသန် ဖိလစ် ခြေစွမ်းကို သဘောမကျ ဖြစ်နေပြီး ၎င်း နေရာမှာ ဟန်ဒါဆန် ဝင် ကစားတာက ပို အဆင်ပြေမယ်လို့ ယုံကြည်နေပါတယ်။

” ဖိလစ်က တခါတလေ ရုန်းကန်နေခဲ့တာ တွေ့ရတယ်။ သူက ဒုတိယပိုင်းမှာ အဝါကတ် ပြသခံခဲ့ရတယ်။ နေရာယူလွဲနေတဲ့ အကြိမ်တွေလည်း ရှိခဲ့တယ်။ သူ့ကြည့်ရတာ ဒီညမှာ စိတ်လှုပ်ရှားနေပုံပါပဲ။ နောက် လာမယ့် ပွဲတွေမှာ အဲဒီနေရာ အပြောင်းအလဲ လုပ်မလား ကြည့်ရမှာပါ။ ကျနော်ကတော့ သူသာ ဆက် ကစားခွင့် ရနေရင် အံ့သြမိမှာပဲ။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ။

သူက ဘောလုံး ယှဉ်လုတာ ကောင်းတာတွေ တချို့ ရှိတာ တွေ့ပါတယ်။ ဒါပေမယ့် ကိုယ် ရင်ဆိုင် ကစားရမယ့် အသင်းကိုကြည့်ပြီး အပြောင်းအလဲ လုပ်သင့် လုပ်ရပါမယ်။ သူက ရိုင်းစ် ဝီလီယံနဲ့လည်း ကစားဖူးပြီ။ အဲဒီမှာသာ ဂျော်ဒန်ဟန်ဒါဆန်နဲ့ ဆို ဘယ်လို ဖြစ်မလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် အခက်အခဲတွေ ကြားက ပေးဂိုး မရှိအောင် ကစားသွားတာကို အသိအမှတ် ပြုရမှာပါ။ “လို့ မာဖီက ဆိုပါတယ်။

မာဖီကတော့ လီဗာပူး ကွင်းလယ်မှာ ဟန်ဒါဆန် မပါဝင်နိုင်ရင်လည်း ဝိုက်နယ်ဒန်၊ သီယေဂို၊ ချိန်ဘာလိန်၊ မေနာတို့ ရှိနေတာကြောင့် အဆင်ပြေနိုင်တယ် လို့ ဆိုပါတယ်။ လီဗာပူးဟာ နောက်ပွဲစဉ် အဖြစ် အင်္ဂါနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ အေနနဲ႕ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ဗဟိုခံစစ္ ဆင္း ကစားေစျပီး ေနသန္ ဖိလစ္ကို ခ်န္လွပ္ထားသင့္ျပီလို႔ လီဗာပူး ကစားသမားေဟာင္း ဒန္နီမာဖီက နယူးကာဆယ္နဲ႕ ပြဲ အျပီးမွာ တိုက္တြန္း ေျပာဆို သြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ အသင္းဟာ အမွတ္ေပးဇယား ထိပ္မွာ ရွိေနေသးေပမယ့္ ညက စိန္႔ဂ်ိမ္းပါ့ခ္ သြားေရာက္ ကစားတဲ့ပြဲမွာ အိမ္ရွင္ နယူးကာဆယ္ ကို အနိုင္ မယူနုိင္ဘဲ ဂိုးမရွိ သေရက်သြားခဲ့ပါတယ္။ လီဗာပူး ဒဏ္ရာ ရ စာရင္းထဲမွာ စီနီယာ ဗဟိုခံစစ္သမားေတြ ျဖစ္တဲ့ မာတစ္၊ ဗန္ဒိုက္နဲ႕ ဂိုမက္ဇ္တို႔ ရွိေနတာေၾကာင့္ ကေလာ့ပ္ဟာ ဗဟိုခံစစ္မွာ ဖာဘင္ညိဳကို ဖိလစ္နဲ႕ အတူ တြဲ ပြဲထုတ္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ညက ပြဲမွာ ဂိုးမေပးခ့ဲရေပမယ့္ ဖိလစ္ရဲ႕ အေတြ႕အၾကံဳ နုနယ္မႈေၾကာင့္ ယိမ္းယိုင္ေနတာေတြ ျမင္ခဲ့ရပါတယ္။ မာဖီကေတာ့ ေနသန္ ဖိလစ္ ေျခစြမး္ကို သေဘာမက် ျဖစ္ေနျပီး ၄ငး္ ေနရာမွာ ဟန္ဒါဆန္ ၀င္ ကစားတာက ပို အဆင္ေျပမယ္လို႔ ယံုၾကည္ေနပါတယ္။

” ဖိလစ္က တခါတေလ ရုန္းကန္ေနခဲ့တာ ေတြ႔ရတယ္။ သူက ဒုတိယပိုင္းမွာ အ၀ါကတ္ ျပသခံခဲ့ရတယ္။ ေနရာယူလြဲေနတဲ့ အၾကိမ္ေတြလည္း ရွိခဲ့တယ္။ သူ႔ၾကည့္ရတာ ဒီညမွာ စိတ္လႈပ္ရွားေနပံုပါပဲ။ ေနာက္ လာမယ့္ ပြဲေတြမွာ အဲဒီေနရာ အေျပာင္းအလဲ လုပ္မလား ၾကည့္ရမွာပါ။ က်ေနာ္ကေတာ့ သူသာ ဆက္ ကစားခြင့္ ရေနရင္ အံ့ၾသမိမွာပဲ။ ဒါ ပြင့္ပြင့္လင္းလင္း ေျပာတာပါ။

သူက ေဘာလံုး ယွဥ္လုတာ ေကာင္းတာေတြ တခ်ိဳ႕ ရွိတာ ေတြ႔ပါတယ္။ ဒါေပမယ့္ ကုိယ္ ရင္ဆိုင္ ကစားရမယ့္ အသငး္ကိုၾကည့္ျပီး အေျပာင္းအလဲ လုပ္သင့္ လုပ္ရပါမယ္။ သူက ရိုင္းစ္ ၀ီလီယံနဲ႕လည္း ကစားဖူးျပီ။ အဲဒီမွာသာ ေဂ်ာ္ဒန္ဟန္ဒါဆန္နဲ႕ ဆို ဘယ္လို ျဖစ္မလဲ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ အခက္အခဲေတြ ၾကားက ေပးဂိုး မရွိေအာင္ ကစားသြားတာကို အသိအမွတ္ ျပဳရမွာပါ။ “လို႔ မာဖီက ဆိုပါတယ္။

မာဖီကေတာ့ လီဗာပူး ကြင္းလယ္မွာ ဟန္ဒါဆန္ မပါ၀င္နုိင္ရင္လည္း ၀ိုက္နယ္ဒန္၊ သီေယဂို၊ ခ်ိန္ဘာလိန္၊ ေမနာတို႔ ရွိေနတာေၾကာင့္ အဆင္ေျပနိုင္တယ္ လို႔ ဆိုပါတယ္။ လီဗာပူးဟာ ေနာက္ပြဲစဥ္ အျဖစ္ အဂၤါေန႔မွာ ေဆာက္သမ္တန္အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။