ဇန်နဝါရီဈေးကွက်အတွင်း လီဗာပူးအသင်းဘက်က ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်နေပေမယ့်လည်း ကစားသမား အဝင် ရှိလာနိုင်တယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ခံစစ်မှာ ပြဿနာကြီးတွေ ရှိထားတဲ့ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ကို ကာလရှည် လက်လွတ်ထားရသလို မာတစ်ကလည်း ဇန်နဝါရီလ တစ်လလုံးနီးပါး ကစားနိုင်ဖွယ် မရှိပါဘူး။ ဒီအခြေအနေမှာ ကလပ်ဘက်က လူငယ် ခံစစ်သမား အများအပြားကို စောင့်ကြည့်မှုတွေ ရှိထားခဲ့ပြီး တက်ကြွတဲ့ လှုပ်ရှားမှုတွေတော့ မြင်လာရခြင်း မရှိသေးဘူး။

စကိုင်းစပေါ့ကတော့ ဒီနွေတုန်းကလည်း လီဗာပူးအသင်းက ကစားသမားသစ် မခေါ်ယူတော့ဘူးလို့ သတင်းကြီးခဲ့ပေမယ့် သီယာဂိုနဲ့ ဂျိုတာတို့ကို အချိန်မကြာဘဲ ဆက်တိုက် ခေါ်ယူခြင်းကို ထောက်ပြခဲ့တယ်။ ဒါကြောင့် လီဗာပူးရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့က စောင့်ကြည့်မှုတွေ လုပ်နေပြီး အခွင့်သင့်ရင် ခေါ်ယူလိမ့်မယ်လို့ စကိုင်းက ယုံကြည်နေပါတယ်။

နွေမှာ ထွက်ခွာသွားမယ့် ဝိုက်နယ်ဒမ်နေရာ အင်အားဖြည့်ဖို့က လီဗာပူးရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပေမယ့် ခံစစ်က ကာဘက်ကိုတော့ ကြိုးစားဖွယ် မရှိတော့ဘူးလို့ စကိုင်းက ဖော်ပြပါတယ်။

ဒါ့အပြင် ၎င်း သတင်းဌာနကပဲ လီဗာပူးအသင်းဟာ အိုရီဂီနဲ့ ရှာကွီရီတို့လို ကစားသမားတွေကို လာမယ့်လမှာ ရောင်းထုတ်လို့ရဖွယ် မရှိဘူးလို့ ဆိုပါတယ်။ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်အတွက် ၎င်းတို့ နှစ်ဦးက ပွဲကစားခွင့်တွေ ရလိုနေပေမယ့် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုတို့ မရှိကြခြင်းကြောင့် ပွဲကစားခွင့်မရ ဖြစ်နေပါတယ်။

ချန်ပီယံဖလားကို ကာကွယ်ဖို့အတွက် ခံစစ်မှူးသစ် ခေါ်ယူဖို့ လီဗာပူးအသင်းကို ကစားသမားဟောင်းတွေကော၊ အသင်း သတင်းထောက်တွေကပါ တိုက်တွန်းမှုတွေလည်း မြင့်တက်နေပါတယ်။ ဒါပေမယ့်လို့ ကိုဗစ် ကူးစက်မှု မြင့်တက်လာခြင်းနဲ့ ဗြိတိန်တွင်း အပြောင်းအရွှေ့ဆိုင်ရာ ပေါ်လစီ အပြောင်းအလဲမှာ အသင်းဘက်က ဘာတွေလုပ်ဆောင်လာမလဲက ကြိုတင် မသိနိုင်တဲ့ ကိစ္စဖြစ်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီေစ်းကြက္အတြင္း လီဗာပူးအသင္းဘက္က ကစားသမားသစ္ ေခၚယူမွာ မဟုတ္ဘူးလို႔ သတင္းေတြ ထြက္ေနေပမယ့္လည္း ကစားသမား အဝင္ ရွိလာႏုိင္တယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ခံစစ္မွာ ျပႆနာၾကီးေတြ ရွိထားတဲ့ လီဗာပူးအသင္းဟာ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ကို ကာလရွည္ လက္လြတ္ထားရသလို မာတစ္ကလည္း ဇန္နဝါရီလ တစ္လလံုးနီးပါး ကစားႏုိင္ဖြယ္ မရွိပါဘူး။ ဒီအေျခအေနမွာ ကလပ္ဘက္က လူငယ္ ခံစစ္သမား အမ်ားအျပားကို ေစာင့္ၾကည့္မႈေတြ ရွိထားခဲ့ျပီး တက္ၾကြတဲ့ လႈပ္ရွားမႈေတြေတာ့ ျမင္လာရျခင္း မရွိေသးဘူး။

စကိုင္းစေပါ့ကေတာ့ ဒီေႏြတုန္းကလည္း လီဗာပူးအသင္းက ကစားသမားသစ္ မေခၚယူေတာ့ဘူးလို႔ သတင္းၾကီးခဲ့ေပမယ့္ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို အခ်ိန္မၾကာဘဲ ဆက္တိုက္ ေခၚယူျခင္းကို ေထာက္ျပခဲ့တယ္။ ဒါေၾကာင့္ လီဗာပူးရဲ႕ ကစားသမား ေခၚယူေရးအဖြဲ႔က ေစာင့္ၾကည့္မႈေတြ လုပ္ေနျပီး အခြင့္သင့္ရင္ ေခၚယူလိမ့္မယ္လို႔ စကိုင္းက ယံုၾကည္ေနပါတယ္။

ေႏြမွာ ထြက္ခြာသြားမယ့္ ဝိုက္နယ္ဒမ္ေနရာ အင္အားျဖည့္ဖို႔က လီဗာပူးရဲ႕ ရည္ရြယ္ခ်က္ေတြထဲက တစ္ခုျဖစ္ေပမယ့္ ခံစစ္က ကာဘက္ကိုေတာ့ ၾကိဳးစားဖြယ္ မရွိေတာ့ဘူးလို႔ စကိုင္းက ေဖာ္ျပပါတယ္။

ဒါ့အျပင္ ၄င္း သတင္းဌာနကပဲ လီဗာပူးအသင္းဟာ အိုရီဂီနဲ႔ ရွာကီြရီတို႔လို ကစားသမားေတြကို လာမယ့္လမွာ ေရာင္းထုတ္လို႔ရဖြယ္ မရွိဘူးလို႔ ဆိုပါတယ္။ ယူရိုျပိဳင္ပြဲမွာ ပါဝင္ခြင့္အတြက္ ၄င္းတို႔ ႏွစ္ဦးက ပြဲကစားခြင့္ေတြ ရလိုေနေပမယ့္ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္နဲ႔ ၾကံ႕ခိုင္မႈတို႔ မရွိၾကျခင္းေၾကာင့္ ပြဲကစားခြင့္မရ ျဖစ္ေနပါတယ္။

ခ်န္ပီယံဖလားကို ကာကြယ္ဖို႔အတြက္ ခံစစ္မွဴးသစ္ ေခၚယူဖို႔ လီဗာပူးအသင္းကို ကစားသမားေဟာင္းေတြေကာ၊ အသင္း သတင္းေထာက္ေတြကပါ တိုက္တြန္းမႈေတြလည္း ျမင့္တက္ေနပါတယ္။ ဒါေပမယ့္လို႔ ကိုဗစ္ ကူးစက္မႈ ျမင့္တက္လာျခင္းနဲ႔ ျဗိတိန္တြင္း အေျပာင္းအေရႊ႔ဆိုင္ရာ ေပၚလစီ အေျပာင္းအလဲမွာ အသင္းဘက္က ဘာေတြလုပ္ေဆာင္လာမလဲက ၾကိဳတင္ မသိႏုိင္တဲ့ ကိစၥျဖစ္ေနဆဲ ျဖစ္ပါတယ္။