ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးက အိမ်ကွင်း မဆိုးလှတဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ဆောက်သမ်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်း အကောင်းဆုံးမှာ နံပါတ် ၅ နေရာ ချိတ်ထားပါတယ်။ လီဗာပူးကတော့ ဒီရာသီ အဝေးကွင်းမှာ နိုင်ပွဲ ၂ ပွဲပဲ ရထားပြီး ၅ ပွဲ သရေ ၁ ပွဲရံှူးထားတာပါ။ ဒဏ်ရာပြဿနာတွေကနေ ကြိုးစားပြီး ထိပ်ဆုံးမှာ ရှိနေအောင် စွမ်းဆောင်နိုင်ပေမယ့် အဝေးကွင်း သရေပွဲတွေက လီဗာပူးကို ရလဒ် ထိခိုက်စေပါတယ်။

လီဗာပူးကော ဆောက်သမ်တန်ပါ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေ ပျောက်နေကြပြီး သရေရလဒ်တွေပဲ ထွက်နေကြတယ်။ ပြိုင်ဘက် ယူနိုက်တက်ကလည်း ဖိအားပေးလာနေပြီဖြစ်လို့ ဒီပွဲမှာတော့ အသင်းက နိုင်ပွဲကို သေချာပေါက် ပြန်ယူနိုင်ဖို့ လိုပါတယ်။

ဘီဘီစီမှ အားကစားသုံးသပ်သူ လော်ရိုးက ” ဆောက်သမ်တန်က အဝေးကွင်းဆိုရင် ပိုကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ကွင်း ခြေစွမ်းကလည်း ကောင်းမွန်မှု ရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၅ အကောင်းဆုံးလည်း ဖြစ်ပါတယ်။

လီဗာပူးက ဒီရာသီမှာ အဝေးကွင်းရလဒ်တွေ သိပ်မကောင်းပါဘူး။ ဒါပေမယ့် တောင်ပိုင်းအသင်းမှာ သွားရောက် ယှဉ်ပြိုင်ရစဉ် သူတို့တွေ နိုင်ပွဲ ပြန်ရသွားမယ်လို့ ခံစားမိနေပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တယ်။

ဆောက်သမ်တန်နဲ့ လီဗာပူးပွဲမှာတော့ လီဗာပူးအသင်းက ၂-၁ ဖြင့် အနိုင်ရသွားမယ်လို့ လော်ရိုးက ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာေတာ့ လီဗာပူးက အိမ္ကြင္း မဆိုးလွတဲ့ ေဆာက္သမ္တန္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ေဆာက္သမ္တန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အိမ္ကြင္း အေကာင္းဆံုးမွာ နံပါတ္ ၅ ေနရာ ခ်ိတ္ထားပါတယ္။ လီဗာပူးကေတာ့ ဒီရာသီ အေဝးကြင္းမွာ ႏုိင္ပြဲ ၂ ပြဲပဲ ရထားျပီး ၅ ပြဲ သေရ ၁ ပြဲရံွဴးထားတာပါ။ ဒဏ္ရာျပႆနာေတြကေန ၾကိဳးစားျပီး ထိပ္ဆံုးမွာ ရွိေနေအာင္ စြမ္းေဆာင္ႏုိင္ေပမယ့္ အေဝးကြင္း သေရပြဲေတြက လီဗာပူးကို ရလဒ္ ထိခိုက္ေစပါတယ္။

လီဗာပူးေကာ ေဆာက္သမ္တန္ပါ ေနာက္ပိုင္းပြဲေတြမွာ ႏုိင္ပြဲေတြ ေပ်ာက္ေနၾကျပီး သေရရလဒ္ေတြပဲ ထြက္ေနၾကတယ္။ ျပိဳင္ဘက္ ယူႏုိက္တက္ကလည္း ဖိအားေပးလာေနျပီျဖစ္လို႔ ဒီပြဲမွာေတာ့ အသင္းက ႏုိင္ပြဲကို ေသခ်ာေပါက္ ျပန္ယူႏုိင္ဖို႔ လိုပါတယ္။

ဘီဘီစီမွ အားကစားသံုးသပ္သူ ေလာ္ရိုးက ” ေဆာက္သမ္တန္က အေဝးကြင္းဆိုရင္ ပိုေကာင္းတယ္လို႔ ခံစားရတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ အိမ္ကြင္း ေျခစြမ္းကလည္း ေကာင္းမြန္မႈ ရွိပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ နံပါတ္ ၅ အေကာင္းဆံုးလည္း ျဖစ္ပါတယ္။

လီဗာပူးက ဒီရာသီမွာ အေဝးကြင္းရလဒ္ေတြ သိပ္မေကာင္းပါဘူး။ ဒါေပမယ့္ ေတာင္ပိုင္းအသင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရစဥ္ သူတို႔ေတြ ႏုိင္ပြဲ ျပန္ရသြားမယ္လို႔ ခံစားမိေနပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တယ္။

ေဆာက္သမ္တန္နဲ႔ လီဗာပူးပြဲမွာေတာ့ လီဗာပူးအသင္းက ၂-၁ ျဖင့္ အႏုိုင္ရသြားမယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။