လီဗာပူးကစားသမား ဖာဘင်ညိုက သူဟာ ဒီရာသီ ဗဟိုခံစစ်မှူးနေရာမှာ ပိုမို နေသားကျလာကြောင်းနဲ့ ဒီနေရာက သူ့အတွက် တိုးတက်မှုတွေလည်း ရှိလာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဖာဘင်ညိုဟာ ကွင်းလယ်ခံစစ်သမားကောင်း ဖြစ်ပေမယ့်လည်း ဗဟိုခံစစ်နေရာကတော့ ကွဲပြားတဲ့ နေရာပါ။ သူဟာ နေရာသစ်မှာ ဘယ်လို ကစားရမယ်ဆိုတာကို မန်နေဂျာထံက လမ်းညွှန်မှု ရပါကြောင်းလည်း ဆိုသွားပါတယ်။

ဖာဘင်ညိုက “ ပထမဆုံး ဘောလုံးရာသီမှာ ခံစစ်မှူးနေရာက ကစားခဲ့သလို မနှစ်တုန်းကလည်း ဒီနေရာမှာပဲ ပွဲအနည်းငယ် ကစားခဲ့တယ်။ မန်နေဂျာက ခံစစ်မှူးနေရာအတွက် ကျနော်ကို ပြင်ဆင်ပေးထားပါတယ်။ ဒီတော့ ဒဏ်ရာပြဿနာတွေကြောင့် အဲ့နေရာမှာ ကစားပေးနေရတာက ကျနော်အတွက် အံ့သြစရာ မဟုတ်ပါဘူး။ အလုပ်ဖြစ်နေတာအတွက်ကို ကျနော် ပျော်ပါတယ်။

မန်နေဂျာကလည်း အချို့ကိစ္စတွေကို ကူညီပေးပါတယ်။ နေရာဘယ်လိုယူရမယ်၊ အဝေးဘောတွေ ဘယ်လို ပေးရမယ်၊ ရှေ့တက်ရမလား စတဲ့ ကိစ္စတွေမှာပေါ့။ ဒီလို အသေးစိတ် ကိစ္စတွေကပဲ ကျနော်ကို ပိုကောင်းလာစေပါတယ်။ မန်နေဂျာက ကျနော်ကို အများကြီး မပြောပါဘူး။ ဗဟိုခံစစ်နေရာမှာ ကစားဖို့အတွက် ယုံကြည်ချက်ပေးဖို့ပဲ ကစားပါတယ်။

ခံစစ်မှာ ကစားနေတဲ့အခါ အခြားသော ဗဟိုခံစစ်သမားတွေ၊ အစွန်လူတွေ၊ ကွင်းလယ်လူတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေက အရေးကြီးပါတယ်။ အသင်းဖော်တွေကလည်း ကျနော်ကို ကူညီပေးလို့ ဒီနေရာမှာ နေသားကျလာပါပြီ။ ယုံကြည်ချက်တွေလည်း ရှိလာနေပါပြီ။ ဖြစ်နိုင်သလောက် အသင်း အကောင်းဆုံး ဘောလုံးကစားနိုင်ဖို့ ကူညီပေးလိုပါတယ်။

ပြောခဲ့သလိုပဲ ဒီနေရာမှာ ကျနော်က ကစားသမားတွနဲ့ ပိုမို ဆက်သွယ်မှုတွေ လုပ်ရတယ်ဆိုတာကို သိလာတယ်။ တစ်ကွင်းလုံးကိုလည်း ပိုမြင်လာတယ်။ အသင်းဖော်တွေကိုလည်း ပိုမို ကူညီပေးလာနိုင်ပါတယ်။ ဒါပေမယ့်လို့ ကွင်းထဲက ကျနော်ရဲ့ ပုံစံက ပြောင်းလဲလာသလားတော့ ကျနော်လည်း မသိပါဘူး။ ခေါင်းဆောင်မှုနဲ့ ဆက်သွယ်မှုတွေတော့ ပိုလုပ်လာရပါတယ် ” လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဘဝ ပွဲပေါင်း ၁၀၀ ကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ဖာဘင်ညိုဟာ ဒီရာသီ အသင်းရဲ့ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ မပါနိုင်သလို မာတစ် မကြာခဏ ဒဏ်ရာရနေတဲ့ ခံစစ်ကြောင်းမှာ ဖာဘင်ညိုက အကောင်းဆုံး ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမား ဖာဘင္ညိဳက သူဟာ ဒီရာသီ ဗဟိုခံစစ္မွဴးေနရာမွာ ပိုမို ေနသားက်လာေၾကာင္းနဲ႔ ဒီေနရာက သူ႔အတြက္ တိုးတက္မႈေတြလည္း ရွိလာေစတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဖာဘင္ညိဳဟာ ကြင္းလယ္ခံစစ္သမားေကာင္း ျဖစ္ေပမယ့္လည္း ဗဟိုခံစစ္ေနရာကေတာ့ ကြဲျပားတဲ့ ေနရာပါ။ သူဟာ ေနရာသစ္မွာ ဘယ္လို ကစားရမယ္ဆိုတာကို မန္ေနဂ်ာထံက လမ္းညႊန္မႈ ရပါေၾကာင္းလည္း ဆိုသြားပါတယ္။

ဖာဘင္ညိဳက “ ပထမဆံုး ေဘာလံုးရာသီမွာ ခံစစ္မွဴးေနရာက ကစားခဲ့သလို မႏွစ္တုန္းကလည္း ဒီေနရာမွာပဲ ပြဲအနည္းငယ္ ကစားခဲ့တယ္။ မန္ေနဂ်ာက ခံစစ္မွဴးေနရာအတြက္ က်ေနာ္ကို ျပင္ဆင္ေပးထားပါတယ္။ ဒီေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ အဲ့ေနရာမွာ ကစားေပးေနရတာက က်ေနာ္အတြက္ အံ့ၾသစရာ မဟုတ္ပါဘူး။ အလုပ္ျဖစ္ေနတာအတြက္ကို က်ေနာ္ ေပ်ာ္ပါတယ္။

မန္ေနဂ်ာကလည္း အခ်ိဳ႔ကိစၥေတြကို ကူညီေပးပါတယ္။ ေနရာဘယ္လိုယူရမယ္၊ အေဝးေဘာေတြ ဘယ္လို ေပးရမယ္၊ ေရွ႔တက္ရမလား စတဲ့ ကိစၥေတြမွာေပါ့။ ဒီလို အေသးစိတ္ ကိစၥေတြကပဲ က်ေနာ္ကို ပိုေကာင္းလာေစပါတယ္။ မန္ေနဂ်ာက က်ေနာ္ကို အမ်ားၾကီး မေျပာပါဘူး။ ဗဟိုခံစစ္ေနရာမွာ ကစားဖို႔အတြက္ ယံုၾကည္ခ်က္ေပးဖို႔ပဲ ကစားပါတယ္။

ခံစစ္မွာ ကစားေနတဲ့အခါ အျခားေသာ ဗဟိုခံစစ္သမားေတြ၊ အစြန္လူေတြ၊ ကြင္းလယ္လူေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြက အေရးၾကီးပါတယ္။ အသင္းေဖာ္ေတြကလည္း က်ေနာ္ကို ကူညီေပးလို႔ ဒီေနရာမွာ ေနသားက်လာပါျပီ။ ယံုၾကည္ခ်က္ေတြလည္း ရွိလာေနပါျပီ။ ျဖစ္ႏုိင္သေလာက္ အသင္း အေကာင္းဆံုး ေဘာလံုးကစားႏုိင္ဖို႔ ကူညီေပးလိုပါတယ္။

ေျပာခဲ့သလိုပဲ ဒီေနရာမွာ က်ေနာ္က ကစားသမားတြနဲ႔ ပိုမို ဆက္သြယ္မႈေတြ လုပ္ရတယ္ဆိုတာကို သိလာတယ္။ တစ္ကြင္းလံုးကိုလည္း ပိုျမင္လာတယ္။ အသင္းေဖာ္ေတြကိုလည္း ပိုမို ကူညီေပးလာႏုိင္ပါတယ္။ ဒါေပမယ့္လို႔ ကြင္းထဲက က်ေနာ္ရဲ႕ ပံုစံက ေျပာင္းလဲလာသလားေတာ့ က်ေနာ္လည္း မသိပါဘူး။ ေခါင္းေဆာင္မႈနဲ႔ ဆက္သြယ္မႈေတြေတာ့ ပိုလုပ္လာရပါတယ္ ” လို႔ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးကစားသမားဘဝ ပြဲေပါင္း ၁၀၀ ကို ေက်ာ္လြန္ခဲ့ျပီျဖစ္တဲ့ ဖာဘင္ညိဳဟာ ဒီရာသီ အသင္းရဲ႕ အေရးပါဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္။ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ မပါႏုိင္သလို မာတစ္ မၾကာခဏ ဒဏ္ရာရေနတဲ့ ခံစစ္ေၾကာင္းမွာ ဖာဘင္ညိဳက အေကာင္းဆံုး ဦးေဆာင္ေပးေနတာ ျဖစ္ပါတယ္။