နယ်သာလန်သား တိုက်စစ်သမား ဘာဘယ်က အသင်းဖော်ဖြစ်သူ ဝိုက်နယ်ဒမ်နဲ့ လီဗာပူး အသင်းသားတွေကို အန်ဖီးကနေ မပြောင်းဖို့ ရည်ရွယ်တဲ့ တိုက်တွန်းမှုတွေ လုပ်သွားပါတယ်။

သူဟာ လီဗာပူးကနေ ဂျာမနီလိဂ်ကို ပြောင်းဖို့ ရွေးချယ်ခဲ့သူဖြစ်ပြီး အဲ့တာက သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံး နောင်တလည်း ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘာဘယ်က အခုလို ပြောပါတယ်။

ဘာဘယ်က “ မန်နေဂျာရာဖာ ဘင်နီတက်စ်လက်ထက်နဲ့ ကင်နီ ဒဲလ်ဂလစ် လက်ထက်တွေမှာ လီဗာပူးကစားသမားဘဝ ၄ ရာသီ နည်းပါးလောက် ကုန်ဆုံးခဲ့ပါတယ်။ ဟော့ဖင်ဟိန်းအတွက် ကစားပေးဖို့ ဂျာမနီကို ပြောင်းဖို့ ထွက်ခွာခဲ့တာက ကျနော်ရဲ့ ကစားသမားဘဝ အကြီးမားဆုံး နောင်တရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လီဗာပူးကနေ ထွက်ခွာခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဟော်လန် လက်ရွေးစင်မှာ ကျနော်ရဲ့နေရာကို ထိန်းသိမ်းဖို့ ပွဲကစားချိန် ပိုရဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသောလိဂ်နဲ့ အခြားသော ကလပ်တွေကို ပြောင်းခဲ့ပြီးရင် လီဗာပူးမှာ ကစားရတာက ဘယ်လောက်တောင် လွှမ်းမိုးမှုကြီးတဲ့ ကစားဟန်လဲဆိုတာကို သဘောပေါက်သွားကြပါလိမ့်မယ်။

အေဂျက်မှာ တိုက်စစ်ကို အသားပေးပြီး ကစားခဲ့တယ်။ အကယ်ဒမီမှာ အဲ့လို ကစားဟန်ကို သင်ယူပြီးမှ လီဗာပူးကို ပြောင်းလာခဲ့တယ်။ နှစ်သင်းလုံးက အတူတူပါပဲ။ ကလပ်တွေရဲ့ အသွေးအသားမှာကိုပဲ တိုက်စစ်ကစားလိုစိတ်တွေ ကိန်းဝပ်နေကြတယ် ” လို့ ဆိုခဲ့တယ်။

၂၀၀၇ မှာ အေဂျက်ကနေ ပေါင် ၁၁.၅ သန်းဖြင့် လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဘာဘယ်ဟာ ၃ နှစ်ခွဲ နီးပါးလောက် အနီရောင်တွေအတွက် ကိုယ်စားပြုခဲ့သူပါ။ နောက်ပိုင်းမှာတော့ ပွဲထွက်ခွင့် နည်းပါးခြင်းကြောင့် အသင်းပြောင်းခဲ့သူ ဖြစ်တယ်။

ဘာဘယ်က “ လီဗာပူးမှာ ကစားခဲ့ရတဲ့ မိနစ်တိုင်းကို ကျနော် မြတ်နိုးပါတယ်။ ကံကောင်းတာက လီဗာပူးမှာတုန်းက ဒတ်ကော့ ရှိနေခဲ့တာကလည်း ကျနော်အတွက် အများကြီး အားပေးမှု ရစေပါတယ်။ လီဗာပူးကစားသမား ဆိုတာက အမြဲတမ်း စောင့်ကြည့်ခံနေရတာပါ။ ကလပ်ကလည်း ကြီးမားပါတယ်။

အန်ဖီးကွင်းမှာ ယူနိုက်တက်ကို ရင်ဆိုင်ကစားပြီး အနိုင်ဂိုး သွင်းယူခဲ့တာကတော့ လီဗာပူးကစားသမားဘဝ ကျနော်အတွက် အကောင်းဆုံး အချိန်ပါပဲ ” လို့ ရင်ဖွင့်သွားတာ ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္သား တိုက္စစ္သမား ဘာဘယ္က အသင္းေဖာ္ျဖစ္သူ ဝိုက္နယ္ဒမ္နဲ႔ လီဗာပူး အသင္းသားေတြကို အန္ဖီးကေန မေျပာင္းဖို႔ ရည္ရြယ္တဲ့ တိုက္တြန္းမႈေတြ လုပ္သြားပါတယ္။

သူဟာ လီဗာပူးကေန ဂ်ာမနီလိဂ္ကို ေျပာင္းဖို႔ ေရြးခ်ယ္ခဲ့သူျဖစ္ျပီး အဲ့တာက သူ႔ကစားသမားဘဝရဲ႕ အၾကီးမားဆံုး ေနာင္တလည္း ျဖစ္ခဲ့ပါတယ္။ ဒီအေၾကာင္းကို ဘာဘယ္က အခုလို ေျပာပါတယ္။

ဘာဘယ္က “ မန္ေနဂ်ာရာဖာ ဘင္နီတက္စ္လက္ထက္နဲ႔ ကင္နီ ဒဲလ္ဂလစ္ လက္ထက္ေတြမွာ လီဗာပူးကစားသမားဘဝ ၄ ရာသီ နည္းပါးေလာက္ ကုန္ဆံုးခဲ့ပါတယ္။ ေဟာ့ဖင္ဟိန္းအတြက္ ကစားေပးဖို႔ ဂ်ာမနီကို ေျပာင္းဖို႔ ထြက္ခြာခဲ့တာက က်ေနာ္ရဲ႕ ကစားသမားဘဝ အၾကီးမားဆံုး ေနာင္တရတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

လီဗာပူးကေန ထြက္ခြာခဲ့တဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္းက ေဟာ္လန္ လက္ေရြးစင္မွာ က်ေနာ္ရဲ႕ေနရာကို ထိန္းသိမ္းဖို႔ ပြဲကစားခ်ိန္ ပိုရဖို႔အတြက္ ျဖစ္ပါတယ္။ ဒါေပမယ့္ အျခားေသာလိဂ္နဲ႔ အျခားေသာ ကလပ္ေတြကို ေျပာင္းခဲ့ျပီးရင္ လီဗာပူးမွာ ကစားရတာက ဘယ္ေလာက္ေတာင္ လႊမ္းမိုးမႈၾကီးတဲ့ ကစားဟန္လဲဆိုတာကို သေဘာေပါက္သြားၾကပါလိမ့္မယ္။

ေအဂ်က္မွာ တိုက္စစ္ကို အသားေပးျပီး ကစားခဲ့တယ္။ အကယ္ဒမီမွာ အဲ့လို ကစားဟန္ကို သင္ယူျပီးမွ လီဗာပူးကို ေျပာင္းလာခဲ့တယ္။ ႏွစ္သင္းလံုးက အတူတူပါပဲ။ ကလပ္ေတြရဲ႕ အေသြးအသားမွာကိုပဲ တုိက္စစ္ကစားလိုစိတ္ေတြ ကိန္းဝပ္ေနၾကတယ္ ” လို႔ ဆိုခဲ့တယ္။

၂၀၀၇ မွာ ေအဂ်က္ကေန ေပါင္ ၁၁.၅ သန္းျဖင့္ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဘာဘယ္ဟာ ၃ ႏွစ္ခြဲ နီးပါးေလာက္ အနီေရာင္ေတြအတြက္ ကိုယ္စားျပဳခ့ဲသူပါ။ ေနာက္ပိုင္းမွာေတာ့ ပြဲထြက္ခြင့္ နည္းပါးျခင္းေၾကာင့္ အသင္းေျပာင္းခဲ့သူ ျဖစ္တယ္။

ဘာဘယ္က “ လီဗာပူးမွာ ကစားခဲ့ရတဲ့ မိနစ္တိုင္းကို က်ေနာ္ ျမတ္ႏိုးပါတယ္။ ကံေကာင္းတာက လီဗာပူးမွာတုန္းက ဒတ္ေကာ့ ရွိေနခဲ့တာကလည္း က်ေနာ္အတြက္ အမ်ားၾကီး အားေပးမႈ ရေစပါတယ္။ လီဗာပူးကစားသမား ဆိုတာက အျမဲတမ္း ေစာင့္ၾကည့္ခံေနရတာပါ။ ကလပ္ကလည္း ၾကီးမားပါတယ္။

အန္ဖီးကြင္းမွာ ယူႏုိက္တက္ကို ရင္ဆိုင္ကစားျပီး အႏုိင္ဂိုး သြင္းယူခဲ့တာကေတာ့ လီဗာပူးကစားသမားဘဝ က်ေနာ္အတြက္ အေကာင္းဆံုး အခ်ိန္ပါပဲ ” လို႔ ရင္ဖြင့္သြားတာ ျဖစ္ပါတယ္။