ဒီရာသီမှာ မန်ချက်စတာကလပ် နှစ်သင်းလုံး လိဂ်ဖလား စိန်ခေါ်မှုထဲ ဝင်ရောက်လာပေမယ့် လီဗာပူးဟာ အဓိက စိန်ခေါ်သူအဖြစ် ရှိနေဆဲပါလို့ ယူနိုက်တက် ကစားသမားဟောင်း ရွိုင်းကိန်းက ထုတ်ပြောလိုက်ပါတယ်။

လိဂ်ရဲ့ ထိပ်ဆုံးကို လီဗာပူးနည်းတူ ဆိုးရှားရဲ့ ယူနိုက်တက်လည်း ဝင်ရောက်လာနေတယ်။ ဒါပေမယ့် ရွိုင်ကိန်းက အသင်းဟောင်းရဲ့ အကောင်းဆုံး လုပ်နိုင်နေမှုကို ချီးကျူးသော်လည်း နံပါတ် တစ်နဲ့ နှစ်နေရာအတွက် အားပြိုင်မယ့် နှစ်သင်းက လီဗာပူးနဲ့ မန်စီးတီးပါလို့ ယုံကြည်နေသလို လီဗာပူးကပဲ ချန်ပီယံဖလားကို ဆက်ထိန်းနိုင်မယ်လို့ မြင်နေပါတယ်။

ရွိုင်ကိန်းက “ လီဗာပူးလို့ပဲ ထင်ပါတယ်။ ယူနိုက်တက်က အကောင်းဆုံးလုပ်နေတယ်။ ကုန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်အတွင်းမှာ လိဂ်က စိတ်ဝင်စားဖို့ အကောင်းဆုံး အခြေအနေကိုလည်း ရောက်လာပါတယ်။ ထိပ်ဆုံး နှစ်သင်းကတော့ လွန်ခဲ့တဲ့ လတွေမှာ ကျနော် ပြောခဲ့သလိုပဲ လီဗာပူးနဲ့ မန်စီးတီးတို့ပဲ ဖြစ်ပါလိမ့်မယ် ” ဆိုပြီး ပြောပါတယ်။

လီဗာပူး ကစားသမားဟောင်း ဆောင်းနက်ကတော့ ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်ပွဲတွေမှာ ဆက်တိုက် သရေကျနေတာကို သဘောမတွေ့ပါဘူး။ ဆောင်းနက်က လီဗာပူးက တည်ငြိမ်တဲ့ အဆင့်အတန်းကို ပြန်ရောက်လာဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။

ဆောင်းနက်က “ လီဗာပူးက ကုန်ခဲ့တဲ့ နှစ်တွေတုန်းကလို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ မပြသထားနိုင်ပါဘူး။ ပြိုင်ဘက်တွေကို အသာစီးယူဖို့နဲ့ တည်ငြိမ်တဲ့ အဆင့်မှာ ထိန်းထားနိုင်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေခဲ့တယ်။

ရာသီဝက်ကာလမှာ လီဗာပူးအသင်းဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို အတူတကွ ပြန်ကြိုးစားပြနိုင်မယ်လို့ ကျနော် ယုံကြည်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့တဲ့ပွဲက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ခန့်မှန်းရတာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ မန္ခ်က္စတာကလပ္ ႏွစ္သင္းလံုး လိဂ္ဖလား စိန္ေခၚမႈထဲ ဝင္ေရာက္လာေပမယ့္ လီဗာပူးဟာ အဓိက စိန္ေခၚသူအျဖစ္ ရွိေနဆဲပါလို႔ ယူႏုိက္တက္ ကစားသမားေဟာင္း ရိြဳင္းကိန္းက ထုတ္ေျပာလိုက္ပါတယ္။

လိဂ္ရဲ႕ ထိပ္ဆံုးကို လီဗာပူးနည္းတူ ဆိုးရွားရဲ႕ ယူႏုိက္တက္လည္း ဝင္ေရာက္လာေနတယ္။ ဒါေပမယ့္ ရိြဳင္ကိန္းက အသင္းေဟာင္းရဲ႕ အေကာင္းဆံုး လုပ္ႏုိင္ေနမႈကို ခ်ီးက်ဴးေသာ္လည္း နံပါတ္ တစ္နဲ႔ ႏွစ္ေနရာအတြက္ အားျပိဳင္မယ့္ ႏွစ္သင္းက လီဗာပူးနဲ႔ မန္စီးတီးပါလို႔ ယံုၾကည္ေနသလို လီဗာပူးကပဲ ခ်န္ပီယံဖလားကို ဆက္ထိန္းႏုိင္မယ္လို႔ ျမင္ေနပါတယ္။

ရိြဳင္ကိန္းက “ လီဗာပူးလို႔ပဲ ထင္ပါတယ္။ ယူႏုိက္တက္က အေကာင္းဆံုးလုပ္ေနတယ္။ ကုန္ခဲ့တဲ့ ၁၀ ႏွစ္ ၁၅ ႏွစ္အတြင္းမွာ လိဂ္က စိတ္ဝင္စားဖို႔ အေကာင္းဆံုး အေျခအေနကိုလည္း ေရာက္လာပါတယ္။ ထိပ္ဆံုး ႏွစ္သင္းကေတာ့ လြန္ခဲ့တဲ့ လေတြမွာ က်ေနာ္ ေျပာခဲ့သလိုပဲ လီဗာပူးနဲ႔ မန္စီးတီးတို႔ပဲ ျဖစ္ပါလိမ့္မယ္ ” ဆိုျပီး ေျပာပါတယ္။

လီဗာပူး ကစားသမားေဟာင္း ေဆာင္းနက္ကေတာ့ ဝက္စ္ဘရြန္းနဲ႔ နယူးကာဆယ္ပြဲေတြမွာ ဆက္တိုက္ သေရက်ေနတာကို သေဘာမေတြ႔ပါဘူး။ ေဆာင္းနက္က လီဗာပူးက တည္ျငိမ္တဲ့ အဆင့္အတန္းကို ျပန္ေရာက္လာဖို႔ လိုအပ္ေနတယ္လို႔ ျမင္ပါတယ္။

ေဆာင္းနက္က “ လီဗာပူးက ကုန္ခဲ့တဲ့ ႏွစ္ေတြတုန္းကလို တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ မျပသထားႏုိင္ပါဘူး။ ျပိဳင္ဘက္ေတြကို အသာစီးယူဖို႔နဲ႔ တည္ျငိမ္တဲ့ အဆင့္မွာ ထိန္းထားႏုိင္မႈေတြမွာ လိုအပ္ခ်က္ေတြ ရွိေနခဲ့တယ္။

ရာသီဝက္ကာလမွာ လီဗာပူးအသင္းဟာ သူတို႔ရဲ႕ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို အတူတကြ ျပန္ၾကိဳးစားျပႏုိင္မယ္လို႔ က်ေနာ္ ယံုၾကည္ထားပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့ပါတယ္။

ဇန္နဝါရီလ ၁၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ရဲ႕ ထိပ္တိုက္ေတြ႔တဲ့ပြဲက ပရီးမီးယားလိဂ္ရဲ႕ ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ ခန္႔မွန္းရတာျဖစ္ပါတယ္။