စပိန်သား ကွင်းလယ်လူ သီယာဂိုဟာ ဒူးဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ကာ အမှတ်ပေးဇယားမှာ အရှိန်ပြန်မြင့်ဖို့ လိုအပ်နေတဲ့ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းအတွက် ခွန်းအားတစ်ရပ်အဖြစ် ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြသွားပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ မိနစ် ၂၀ စာ ပါဝင်ကစားခဲ့တဲ့ သီယာဂိုဟာ ပေးချက် ၂၀ လုပ်ခဲ့ပြီး ခေါင်းတိုက်ဘောတွေ အပါအဝင် ကာကွယ်မှုတွေကိုပါ လုပ်သွားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း အနိုင်ရဖို့ အသင်းမှာ လိုအပ်ချက်တွေ ရှိမှုနဲ့အတူ ဒုတိယမြောက် သရေပွဲအဖြစ်နဲ့ ပြီးဆုံးခဲ့ရတယ်။

အမှတ်ပေးဇယားကို ရမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးတွေကို အသင်းလက်လွတ်နေရတဲ့အပေါ် ပရိသတ်တွေ စိတ်ပျက်နေသော်ညား သီယာဂိုရဲ့ ထူးချွန်မှုကို ပြန်မြင်လာရတာအတွက် ကျေနပ်နေမှုကလည်း မရပ်တန့်နိုင်ပါဘူး။ သီယာဂိုက ပွဲထွက်ခွင့်တွေ ပြန်ယူဖို့ အင်အားပြန်ဖြည့်တင်းနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကို အရှိန်ဖြင့် တိုးဝင်လာဖို့ ရှိလာနေတယ်။

နွေတည်းက လီဗာပူးကို ရောက်လာခဲ့ပေမယ့် ပွဲကစားခွင့် ၁၅၅ မိနစ်ပဲ ရှိသေးတာအတွက် သီယာဂိုကို ပရိသတ်တွေဘက်က အပြစ်မမြင်ကြပါဘူး။ ပထမအကြိမ်က အသင်းကို ပြောင်းလာစမှာ ဖြစ်ခဲ့တဲ့ ကိုဗစ် ကူးစက်ခံရမှုကြောင့်ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ပြိုင်ဘက် ကစားသမားရဲ့ ဥပဒေပ ကစားမှုကြောင့် ထိခိုက်ခံခဲ့ရခြင်းဖြစ်တယ်။

မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီး ဘိုင်ယန်နဲ့ အမှတ်ပေးဖလား အောင်မြင်မှု များစွာ ယူနိုင်ခဲ့တဲ့ သီယာဂိုလို ကစားသမား ပြန်ကစားနိုင်တာက လီဗာပူးအတွက် အင်အားကြီးပဲဖြစ်တယ်။ အသင်းပရိသတ်တွေအနေနဲ့ တစ်ခုတည်းပဲ နားလည်မှု ပေးရမှာက သူ အကောင်းဆုံး ကြံ့ခိုင်မှု မရသေးချိန်မှာ ပွဲထွက်လူစာရင်းက မပါနိုင်ခဲ့ရင်တောင် အကောင်းမြင်ပေးဖို့ ဖြစ်ပါတယ်။

ကပ်ဘေးကာလအတွင်း များပြားတဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ရတာက လီဗာပူးကို ထိခိုက်စေခဲ့တယ်။ ဒီရာသီမှာ အသင်းက ကံနည်းနည်းကောင်းဖို့ လိုအပ်ခဲ့ပြီး အထူးသဖြင့် ပွဲစဉ်ဇယား အကြပ်အတည်း ကာလတွေမှာ ဒဏ်ရာနဲ့ ပက်သက်လို့ ကံကောင်းဖို့ လိုခဲ့ပါတယ်။

၂၀၂၀ အတွင်း ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရခဲ့သလို သီယာဂိုပါ ဒဏ်ရာရသွားတာက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးကို အလေးပေးမှုတွေက လျော့ကျသွားစေခဲ့တယ်။ ဒါပေမယ့်လို့ သီယာဂို စတင်ပြန်ပါလာနေပြီး ဒီလအကုန်ပိုင်းမှာ ဂျိုတာ ပြန်ပါလာခဲ့ချိန်မှာ လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းက အမြင့်ဆုံးကို ပြန်ရောက်လာမှာ သေချာလှပါတယ်။

ZAWGYI

စပိန္သား ကြင္းလယ္လူ သီယာဂိုဟာ ဒူးဒဏ္ရာကေန ျပန္သက္သာလာျပီျဖစ္ကာ အမွတ္ေပးဇယားမွာ အရွိန္ျပန္ျမင့္ဖို႔ လိုအပ္ေနတဲ့ ယာဂင္ကေလာ့ပ္ရဲ႕ လူစာရင္းအတြက္ ခြန္းအားတစ္ရပ္အျဖစ္ ပါဝင္လာဖို႔ အဆင္သင့္ျဖစ္ေနပါျပီလို႔ လီဗာပူးသတင္းေထာက္ Neil Jones က ေဖာ္ျပသြားပါတယ္။

နယူးကာဆယ္နဲ႔ပြဲမွာ မိနစ္ ၂၀ စာ ပါဝင္ကစားခဲ့တဲ့ သီယာဂိုဟာ ေပးခ်က္ ၂၀ လုပ္ခဲ့ျပီး ေခါင္းတိုက္ေဘာေတြ အပါအဝင္ ကာကြယ္မႈေတြကိုပါ လုပ္သြားႏုိင္ခဲ့တယ္။ ဒါေပမယ့္လည္း အႏုိင္ရဖို႔ အသင္းမွာ လိုအပ္ခ်က္ေတြ ရွိမႈနဲ႔အတူ ဒုတိယေျမာက္ သေရပြဲအျဖစ္နဲ႔ ျပီးဆံုးခဲ့ရတယ္။

အမွတ္ေပးဇယားကို ရမွတ္ျဖတ္ႏုိင္မယ့္ အခြင့္အေရးေတြကို အသင္းလက္လြတ္ေနရတဲ့အေပၚ ပရိသတ္ေတြ စိတ္ပ်က္ေနေသာ္ညား သီယာဂိုရဲ႕ ထူးခၽြန္မႈကို ျပန္ျမင္လာရတာအတြက္ ေက်နပ္ေနမႈကလည္း မရပ္တန္႔ႏုိင္ပါဘူး။ သီယာဂိုက ပြဲထြက္ခြင့္ေတြ ျပန္ယူဖို႔ အင္အားျပန္ျဖည့္တင္းေနျပီျဖစ္ျပီး ပရီးမီးယားလိဂ္ကို အရွိန္ျဖင့္ တိုးဝင္လာဖို႔ ရွိလာေနတယ္။

ေႏြတည္းက လီဗာပူးကို ေရာက္လာခဲ့ေပမယ့္ ပြဲကစားခြင့္ ၁၅၅ မိနစ္ပဲ ရွိေသးတာအတြက္ သီယာဂိုကို ပရိသတ္ေတြဘက္က အျပစ္မျမင္ၾကပါဘူး။ ပထမအၾကိမ္က အသင္းကို ေျပာင္းလာစမွာ ျဖစ္ခဲ့တဲ့ ကိုဗစ္ ကူးစက္ခံရမႈေၾကာင့္ျဖစ္ျပီး ဒုတိယအၾကိမ္ကေတာ့ ျပိဳင္ဘက္ ကစားသမားရဲ႕ ဥပေဒပ ကစားမႈေၾကာင့္ ထိခိုက္ခံခဲ့ရျခင္းျဖစ္တယ္။

မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့ျပီး ဘိုင္ယန္နဲ႔ အမွတ္ေပးဖလား ေအာင္ျမင္မႈ မ်ားစြာ ယူႏုိင္ခဲ့တဲ့ သီယာဂိုလို ကစားသမား ျပန္ကစားႏုိင္တာက လီဗာပူးအတြက္ အင္အားၾကီးပဲျဖစ္တယ္။ အသင္းပရိသတ္ေတြအေနနဲ႔ တစ္ခုတည္းပဲ နားလည္မႈ ေပးရမွာက သူ အေကာင္းဆံုး ၾကံ႕ခိုင္မႈ မရေသးခ်ိန္မွာ ပြဲထြက္လူစာရင္းက မပါနုိင္ခဲ့ရင္ေတာင္ အေကာင္းျမင္ေပးဖို႔ ျဖစ္ပါတယ္။

ကပ္ေဘးကာလအတြင္း မ်ားျပားတဲ့ ပြဲစဥ္ေတြကို ယွဥ္ျပိဳင္ရတာက လီဗာပူးကို ထိခိုက္ေစခဲ့တယ္။ ဒီရာသီမွာ အသင္းက ကံနည္းနည္းေကာင္းဖို႔ လိုအပ္ခဲ့ျပီး အထူးသျဖင့္ ပြဲစဥ္ဇယား အၾကပ္အတည္း ကာလေတြမွာ ဒဏ္ရာနဲ႔ ပက္သက္လို႔ ကံေကာင္းဖို႔ လိုခဲ့ပါတယ္။

၂၀၂၀ အတြင္း ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ဒဏ္ရာရခဲ့သလို သီယာဂိုပါ ဒဏ္ရာရသြားတာက အမွတ္ေပးဖလား ျပိဳင္ဆုိင္မႈမွာ လီဗာပူးကို အေလးေပးမႈေတြက ေလ်ာ့က်သြားေစခဲ့တယ္။ ဒါေပမယ့္လို႔ သီယာဂို စတင္ျပန္ပါလာေနျပီး ဒီလအကုန္ပိုင္းမွာ ဂ်ိဳတာ ျပန္ပါလာခဲ့ခ်ိန္မွာ လီဗာပူးရဲ႕ စိတ္ဓါတ္ပိုင္းက အျမင့္ဆံုးကို ျပန္ေရာက္လာမွာ ေသခ်ာလွပါတယ္။