ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့ နွေက ပေါင် သန်း ၂၀၀ ကျော် သုံးကာ ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ခဲ့ပေမယ့် ဒီရာသီ ကလပ်အသင်း အတွက် တည်ငြိမ်မှုနဲ့ ရလဒ်ကောင်းများ မယူနိုင်သေးတာကြောင့် ဖိအားများစွာ ရှိနေပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အပြိုင် လုကာ လမ်းပတ် ခေါ်ယူဖြစ်ခဲ့တဲ့ တီမိုဗာနာ နဲ့ ကိုင်ဟာဗက်ဇ်တို့လို ကစားသမားတွေက ခြေစွမ်းကောင်းတွေ မပြနိုင်တာကလည်း လမ်းပတ် အတွက် ပိုဖိအားများစေခဲ့တာပါ။ ဒါပေမယ့် လမ်းပတ်ကို ကလော့ပ်နည်းတူ အသင်းမှာ အချိန်ပေး စောင့်ကြည့်ဖို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

ယာဂင် ကလော့ပ်ဟာ လီဗာပူးအသင်း ရောက်စ ၂၀၁၅ မှာ အခုလို ပုံစံကောင်းများ မရခဲ့ဘဲ အချိန်ယူခဲ့ရတယ်လို့ လမ်းပတ် က ဆိုခဲ့ပြီး ပက်နဲ့ ကလော့ပ်တို့ရဲ့ ဦးဆုံးနှစ်တွေက အသင်းတွေဟာ အခုအသင်းတွေနဲ့ တူသလားလို့ အင်္ဂလန်သားက ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက လမ်းပတ်နဲ့ ကလော့ပ်ရဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေက ယှဉ်စရာ မလိုကြောင်း သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းကို မလာခင် ဂျာမနီမှာ အောင်မြင်မှုတွေ ယူပြီး သူ့အရည်အချင်း သက်သေပြလာသူ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

” ဖရန့်လမ်းပတ် အခု အခြေအနေကို ကြည့်မယ် ဆိုရင် သူက အသစ် တစ်ယောက်လိုပဲ ရှိသေးတယ်။ သူ့ရဲ့ အခု အသက် အရွယ် ၄၂ နှစ်နဲ့ ကလော့ပ်ကို ယှဉ်ပြောနေလို့ မရဘူး။ ကလော့ပ်က ဒေါ့မွန်မှာ ဆုဖလားကြီးတွေ ယူပြီးမှ ဒီကို ရောက်လာခဲ့တာ သတိရကြဦး။

နည်းပြတွေ အကြောင်း ပြောကြရင် အန်ဆယ်လော့တီ၊ မော်ရင်ညိုနဲ့ ပက် ဂွာဒီယိုလာ တို့ကို လမ်းပတ်က ယှဉ်ပြောနေကြတာ။ ကျနော်တို့ က လမ်းပတ် အချိန်လိုတယ် ဆိုတာ သိပေမယ့် ဟိုနည်းပြကြီးတွေ ဆိုတာက ဆုဖလားကြီးတွေ ယူပြထားပြီလေ။ ကလော့ပ် အချိန်ပေးခံရသလို သူလည်း ရမယ်တော့ မထင်လေနဲ့။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ျပီးခဲ့တဲ့ ေႏြက ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးကာ ကစားသမားသစ္ ေခၚယူမႈေတြ လုပ္ခဲ့ေပမယ့္ ဒီရာသီ ကလပ္အသင္း အတြက္ တည္ျငိမ္မႈနဲ႕ ရလဒ္ေကာင္းမ်ား မယူနုိင္ေသးတာေၾကာင့္ ဖိအားမ်ားစြာ ရွိေနျပီ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ အျပိဳင္ လုကာ လမ္းပတ္ ေခၚယူျဖစ္ခဲ့တဲ့ တီမိုဗာနာ နဲ႕ ကိုင္ဟာဗက္ဇ္တို႔လို ကစားသမားေတြက ေျခစြမ္းေကာင္းေတြ မျပနိုင္တာကလည္း လမ္းပတ္ အတြက္ ပိုဖိအားမ်ားေစခဲ့တာပါ။ ဒါေပမယ့္ လမ္းပတ္ကို ကေလာ့ပ္နည္းတူ အသင္းမွာ အခ်ိန္ေပး ေစာင့္ၾကည့္ဖို႔ ေထာက္ျပမႈေတြ ရွိေနပါတယ္။

ယာဂင္ ကေလာ့ပ္ဟာ လီဗာပူးအသင္း ေရာက္စ ၂၀၁၅ မွာ အခုလို ပံုစံေကာင္းမ်ား မရခဲ့ဘဲ အခ်ိန္ယူခဲ့ရတယ္လုိ႔ လမ္းပတ္ က ဆိုခဲ့ျပီး ပက္နဲ႕ ကေလာ့ပ္တို႔ရဲ႕ ဦးဆံုးနွစ္ေတြက အသင္းေတြဟာ အခုအသင္းေတြနဲ႕ တူသလားလို႔ အဂၤလန္သားက ေျပာဆိုခဲ့ဖူးပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ ကစားသမားေဟာင္း ရြိဳင္ကိန္းက လမ္းပတ္နဲ႕ ကေလာ့ပ္ရဲ႕ ႏိႈင္းယွဥ္ေျပာဆိုမႈေတြက ယွဥ္စရာ မလုိေၾကာင္း သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးအသင္းကို မလာခင္ ဂ်ာမနီမွာ ေအာင္ျမင္မႈေတြ ယူျပီး သူ႔အရည္အခ်င္း သက္ေသျပလာသူ ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။

” ဖရန္႔လမ္းပတ္ အခု အေျခအေနကို ၾကည့္မယ္ ဆိုရင္ သူက အသစ္ တစ္ေယာက္လိုပဲ ရွိေသးတယ္။ သူ႔ရဲ႕ အခု အသက္ အရြယ္ ၄၂ နွစ္နဲ႕ ကေလာ့ပ္ကို ယွဥ္ေျပာေနလို႔ မရဘူး။ ကေလာ့ပ္က ေဒါ့မြန္မွာ ဆုဖလားၾကီးေတြ ယူျပီးမွ ဒီကို ေရာက္လာခဲ့တာ သတိရၾကဦး။

နည္းျပေတြ အေၾကာင္း ေျပာၾကရင္ အန္ဆယ္ေလာ့တီ၊ ေမာ္ရင္ညိဳနဲ႕ ပက္ ဂြာဒီယိုလာ တို႔ကို လမ္းပတ္က ယွဥ္ေျပာေနၾကတာ။ က်ေနာ္တို႔ က လမ္းပတ္ အခ်ိန္လိုတယ္ ဆိုတာ သိေပမယ့္ ဟိုနည္းျပၾကီးေတြ ဆိုတာက ဆုဖလားၾကီးေတြ ယူျပထားျပီေလ။ ကေလာ့ပ္ အခ်ိန္ေပးခံရသလို သူလည္း ရမယ္ေတာ့ မထင္ေလနဲ႕။ ” လို႔ ရြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။