ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ သူ့ရဲ့သားဖြစ်သူ လူကာကို အသင်းမှာ နေရာပေးမှုကို အသင်းတာဝန်ရှိသူတွေ ပွဲထွက်ခွင့်တွေပေးထားပြီး လာမယ့်ရာသီ အသင်းရဲ့ ဒုတိယဂိုးအဖြစ် ထားဖို့ ရည်ရွယ်နေသလားဆိုတဲ့ မေးခွန်းတွေကို အကြောင်းပြန်လာပါတယ်။

ဇီဒန်းက “ခင်ဗျားတို့ကို နောက်ရာသီကျရင် ဘယ်သူက ပထမဂိုးသမားဖြစ်ပြီး၊ ဘယ်သူက ဒုတိယဦးစားပေးဖြစ်မလဲဆိုတာကို သေချာပေါက်ပြောပြသွားမယ်။ ကစားပွဲမှာ ဘယ်သူကတော့ပါရမယ်၊ ဘယ်သူကတော့ မပါရဘူးဆိုတာ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ကျွန်တော့်နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ရမယ် ” လို့ ပြောကြားခဲ့သည်။

ရီးရဲလ်မှ ဂိုးသမားလေး လူကာက ဇီဒန်းရဲ့ သားဖြစ်ပြီး သူ့အတွက်နဲ့ ပက်သက်လို့ ယုံကြည်မှုရှိကြောင်းကို

“ လူကာ က ကောင်းကောင်းကျင်လည်ထားပြီးပြီ။ သူဒီကိုရောက်တုန်းက ငယ်ငယ်လေးရှိသေးတယ်။ အခုအချိန်မှာသူဟာ ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြထားပြီးပြီ။

သူနဲ့ပတ်သတ်ပြီး ကျွန်တော့်ဘက်က မေးထားတာတွေဘာတွေ ဘာမှမရှိဘူး။ ပြီးတော့ နောက်ရာသီမှာ ဒုတိယဦးစားပေးဂိုးသမား ဖြစ်လာအောင်ဆိုပြီး တောင်းဆိုထားတာမျိုးမရှိဘူး” လို့ ပြောကြားခဲ့သည်။