လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူမှပဲ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဆောက်သမ်တန်ပွဲမှာ လီဗာပူးသုံးခဲ့တဲ့ ဗဟိုခံစစ်အတွဲဟာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ဖြစ်ပြီး နှစ်ဦးလုံးက ကွင်းလယ်လူတွေဖြစ်ပါတယ်။ လူငယ်တွေဖြစ်တဲ့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ ရှိပေမယ့်လည်း မသုံးခဲ့တာက ကလော့ပ်ဟာ ဒီလူငယ်တွေကို ဗဟိုခံစစ်နေရာမှာ သုံးဖို့ ယုံကြည်ချက် မရှိဘူးလို့လည်း ယူဆစရာရှိလာခဲ့တယ်။

ကာရေဂါက ” ခံစစ်သမားတစ်ဦး အင်အားမဖြည့်ဘဲ လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ်လို့ ကျနော် မမြင်ပါဘူး။ တစ်ယောက်တောင်မှ သူတို့ မခေါ်ဘူးဆိုရင် သိပ်ကို ခက်ခဲတဲ့ မေးခွန်းတွေ ထွက်လာပါလိမ့်မယ်။

ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာ သုံးလိုက်တာက အရန်ခုံမှာ ထိုင်နေရတဲ့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ရဲ့ ယုံကြည်မှုအတွက်လည်း သက်ရောက်မှု ရှိပါတယ်။ ကွင်းလယ်လူ နှစ်ဦးက ဗဟိုခံစစ်နေရာမှာ ကစားနေကြတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က ဗဟိုခံစစ်သမား မဟုတ်ပါဘူး။ သူ အကောင်းဆုံး ကစားသွားပေမယ့် အဲ့တာက သူ့နေရာ မဟုတ်ပါဘူး ” လို့ ထောက်ပြခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ခံစစ်မှာ တည်ငြိမ်မှုတွေ ရှာဖွေဖို့ လိုအပ်နေသလို တိုက်စစ်ကလည်း ဂိုးသွင်းနိုင်စွမ်း ကျဆင်းနေပါတယ်။ ဆောက်သမ်တန်ကို အရေးနိမ့်နေချိန်မှာ ကစားချိန်က ၁၀ စက္ကန့်ပဲ ကျန်တော့စဉ် လီဗာပူးက ဖန်တီးမှု မလုပ်ခြင်းအတွက်လည်း ကာရေဂါက အံ့အားသင့်နေခဲ့တယ်။

ခံစစ်မှူးဟောင်းက ” သူတို့ရလာတဲ့ ထောင့်ကန်ဘောကို လီဗာပူးက ဘာတွေ လုပ်နေခဲ့လဲ? သူတို့က ဂိုးသွင်းဖို့ အချိန် ၁၀ စက္ကန့်ပဲ ရချိန်မှာ ဘောလုံးကို အတိုပေးတွေနဲ့ ကစားနေတယ်။ တကယ်ကို မယုံနိုင်စရာပါပဲ ” လို့ မေးခွန်းထုတ်ခဲ့သေးတာ ဖြစ်ပါတယ်။

ကွင်းလယ်မှာ သီယာဂိုနဲ့ ချိန်ဘာလိန်တို့ ပါဝင်လာပေမယ့်လည်း ပထမပိုင်းမှာ အတွဲမမိခဲ့ဘဲ ဒုတိယပိုင်းမှ ကစားပုံ တိုးတက်လာခဲ့ကြတယ်။ ဒါပေမယ့်လို့ အခြား အသင်းဖော်တွေလိုပဲ အသင်း ရလဒ်တစ်ခု ရစေဖို့ လုံလောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အသင္းေဟာင္းဟာ ဇန္နဝါရီမွာ လူသစ္ ေခၚယူမွပဲ ပရီးမီးယားလိဂ္ကို စိန္ေခၚႏုိင္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ေဆာက္သမ္တန္ပြဲမွာ လီဗာပူးသံုးခဲ့တဲ့ ဗဟိုခံစစ္အတြဲဟာ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳတို႔ျဖစ္ျပီး ႏွစ္ဦးလံုးက ကြင္းလယ္လူေတြျဖစ္ပါတယ္။ လူငယ္ေတြျဖစ္တဲ့ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ ရွိေပမယ့္လည္း မသံုးခဲ့တာက ကေလာ့ပ္ဟာ ဒီလူငယ္ေတြကို ဗဟိုခံစစ္ေနရာမွာ သံုးဖို႔ ယံုၾကည္ခ်က္ မရွိဘူးလို႔လည္း ယူဆစရာရွိလာခဲ့တယ္။

ကာေရဂါက ” ခံစစ္သမားတစ္ဦး အင္အားမျဖည့္ဘဲ လီဗာပူးက ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရမယ္လို႔ က်ေနာ္ မျမင္ပါဘူး။ တစ္ေယာက္ေတာင္မွ သူတို႔ မေခၚဘူးဆိုရင္ သိပ္ကို ခက္ခဲတဲ့ ေမးခြန္းေတြ ထြက္လာပါလိမ့္မယ္။

ဟန္ဒါဆန္ကို ဗဟိုခံစစ္မွာ သံုးလိုက္တာက အရန္ခုံမွာ ထိုင္ေနရတဲ့ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ရဲ႕ ယံုၾကည္မႈအတြက္လည္း သက္ေရာက္မႈ ရွိပါတယ္။ ကြင္းလယ္လူ ႏွစ္ဦးက ဗဟိုခံစစ္ေနရာမွာ ကစားေနၾကတာ ျဖစ္ပါတယ္။ ဟန္ဒါဆန္က ဗဟိုခံစစ္သမား မဟုတ္ပါဘူး။ သူ အေကာင္းဆံုး ကစားသြားေပမယ့္ အဲ့တာက သူ႔ေနရာ မဟုတ္ပါဘူး ” လို႔ ေထာက္ျပခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ခံစစ္မွာ တည္ျငိမ္မႈေတြ ရွာေဖြဖို႔ လိုအပ္ေနသလို တိုက္စစ္ကလည္း ဂိုးသြင္းႏုိင္စြမ္း က်ဆင္းေနပါတယ္။ ေဆာက္သမ္တန္ကို အေရးနိမ့္ေနခ်ိန္မွာ ကစားခ်ိန္က ၁၀ စကၠန္႔ပဲ က်န္ေတာ့စဥ္ လီဗာပူးက ဖန္တီးမႈ မလုပ္ျခင္းအတြက္လည္း ကာေရဂါက အံ့အားသင့္ေနခဲ့တယ္။

ခံစစ္မွဴးေဟာင္းက ” သူတို႔ရလာတဲ့ ေထာင့္ကန္ေဘာကို လီဗာပူးက ဘာေတြ လုပ္ေနခဲ့လဲ? သူတို႔က ဂိုးသြင္းဖို႔ အခ်ိန္ ၁၀ စကၠန္႔ပဲ ရခ်ိန္မွာ ေဘာလံုးကို အတိုေပးေတြနဲ႔ ကစားေနတယ္။ တကယ္ကို မယံုႏုိင္စရာပါပဲ ” လို႔ ေမးခြန္းထုတ္ခဲ့ေသးတာ ျဖစ္ပါတယ္။

ကြင္းလယ္မွာ သီယာဂိုနဲ႔ ခ်ိန္ဘာလိန္တို႔ ပါဝင္လာေပမယ့္လည္း ပထမပိုင္းမွာ အတြဲမမိခဲ့ဘဲ ဒုတိယပိုင္းမွ ကစားပံု တိုးတက္လာခဲ့ၾကတယ္။ ဒါေပမယ့္လို႔ အျခား အသင္းေဖာ္ေတြလိုပဲ အသင္း ရလဒ္တစ္ခု ရေစဖို႔ လံုေလာက္ေအာင္ေတာ့ မစြမ္းေဆာင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။