ဘောလုံးလောကရဲ့ လုပ်ခလစာအများဆုံး ရရှိတဲ့ကစားသမားများစာရင်းကို ဦးဆောင်နေသူက ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဖြစ်ပြီး၊ ဒုတိယနေရာမှာတော့ စီရော်နယ်လ်ဒို နှင့် တတိယနေရာမှာ နေမာအဖြစ် အစဉ်လိုက်ရပ်တည်နေပါတယ်။

မက်ဆီ၏ တစ်နှစ်ဝင်ငွေမှာ ယူရိုသန်း ၁၃၀ ရရှိနေသည့်အတွက် ကမ္ဘာပေါ်မှာ လစာအများဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်လာပါတယ်။ မန်ယူမှာ တပတ်လျှင် လုပ်ခလစာ ပေါင် (၅) သိန်းရရှိနေတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်စ်ကလည်း အဆင့် (၇)တွင် ရှိခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးတည်းပါတဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ်ကစားသမားဖြစ်သည်။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေနဲ့ ပြင်သစ်လီဂူးမှာ ကစာသမားတွေပါဝင်ခဲ့တဲ့ လုပ်ခအများဆုံး ကစားသမားစာရင်းမှာ ဥရောပ ဦးဆောင်လိဂ် ငါးခုထဲက တစ်ခုဖြစ်တဲ့ ဘွန်ဒက်လီဂါမှ ကစားသမားတစ်ယောက်မှ မပါပါဘူး။ ဝင်ငွေအကောင်းဆုံး ဘောလုံးသမား (၁၀) ယောက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မက်ဆီ (ဘာစီလိုနာ) / တစ်နှစ်ဝင်ငွေ- ယူရို သန်း၁၃၀

စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်) / တစ်နှစ်ဝင်ငွေ – ယူရို ၁၁၃ သန်း

နေမာ (PSG) / တစ်နှစ်ဝင်ငွေ – ယူရို ၉၁.၅ သန်း

ဂရစ်ဇ်မန်း (အက်သလက်တီကိုမက်ဒရစ်) / တစ်နှစ်ဝင်ငွေ – ယူရို ၄၄ သန်း

ဂါရတ်ဘေးလ် (ရီးရဲမက်ဒရစ်) / တစ်နှစ်ဝင်ငွေ – ယူရို ၄၀.၂သန်း

အင်နီယေစတာ (ဗက်ဆဲလ် ကိုဘီ) / တစ်နှစ်ဝင်ငွေ – ယူရို ၃၃ သန်း

အလက်ဆစ်ဆန်းချက်စ် (မန်ချက်စတာယူနိုက်တက်) / တစ်နှစ်ဝင်ငွေ – ယူရို ၃၀.၇ သန်း

ကော်တင်ဟို (ဘာစီလိုနာ) / တစ်နှစ်ဝင်ငွေ – ယူရို ၃၀ သန်း

လာဗက်ဆီ (ဟီဘိုင်းချိုင်းနားဖော်ကျွန်း) / တစ်နှစ်ဝင်ငွေ – ယူရို ၂၈.၃ သန်း

ဆွာရက်ဇ် (ဘာစီလိုနာ) / တစ်နှစ်ဝင်ငွေ – ယူရို ၂၈ သန်း