မနက်ကပွဲမှာ စီနီယာတွေနဲ့ လူငယ်တွေကို မျှတအောင် ထုတ်သုံးခဲ့တဲ့ ယာဂင်ကလော့ပ်က လူစာရင်းအတွက် သူ့ရဲ့ အခက်တွေ့မှုအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

အသင်းရဲ့ ပွဲကြို ပြင်ဆင်မှုတွေဟာ ဗီလာ စီနီယာအသင်းကို ရင်ဆိုင်ဖို့ ဖြစ်ခဲ့ပေမယ့် အခြေအနေတွေက ရုတ်တရတ်ပဲ ပြောင်းလဲသွားခဲ့တာပါ။ ဗီလာစီနီယာအသင်းက ကိုဗစ်ကူးစက်မှုတွေကြောင့် မကစားနိုင်ခဲ့ဘဲ လူငယ်အသင်းက ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ကိုယ်မသိတဲ့ ကစားသမားတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာက ပထမဆုံးပါလို့ ကလော့ပ်က ဝန်ခံတယ်။

ကလော့ပ်က “ ကျနော်ဘဝမှာ ကိုယ်ရင်ဆိုင်ရမယ့် သူတွေက ဘယ်သူတွေလဲဆိုတာကို မသိတဲ့ ဒီလို စိန်ခေါ်မှုမျိုး တစ်ကြိမ်မှကို မကြုံဖူးပါဘူး။ ကိုယ်က ပွဲကြိုမှာ ပြင်ဆင်ခဲ့ပြီး ပြင်ဆင်မှုတွေ အားလုံး၊ ဗီဒီယိုတွေ အားလုံးကို လွင့်ပစ်လိုက်ပြီး အသစ်ကနေ ပြန်စခဲ့ရတယ်။

ဟန်ဒိုနဲ့ သီယာဂိုကို ပထမပိုင်းအပြီး လူစားလဲမှု လုပ်ခဲ့တာကတော့ ပွဲမစခင်တည်းက ဆုံးဖြတ်ထားခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကျနေ်ာတို့ စုဖွဲ့မှု ကောင်းခဲ့ပြီး ခပ်စောစော ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲ့နောက်ပိုင်း လုံလောက်အောင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ကျနော်တို့ ဖြေရှင်းဖို့ လိုခဲ့တာက ဘောလုံးဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။ သိမ်မွေ့တဲ့ စိန်ခေါ်မှုတွေမှာ ဘယ်လို ကစားရမယ် မသိတာက ကျနေ်ာတို့ရဲ့ ခွဲခြမ်းစိစစ်ထားတဲ့ ဗီဒီယိုတွေက လွင့်ပစ်ခ့ရလို့ပါပဲ။

ဗီလာရဲ့ ကောင်လေးတွေက ဘောလုံးကို အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ အကယ်လို့ ကိုယ်က ကစားပုံ မကောင်းရင်တော့ ပြဿနာတွေ ရှိလာမှာပါပဲ။ ဒုတိယပိုင်းမှာ ကျနေ်ာတို့ ကစားခဲ့တဲ့ ခြေစွမ်းအတိုင်း ပထမပိုင်းမှာ ကစားခဲ့နိုင်သင့်တာ ဖြစ်ပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် အက်ဖ်အေပွဲတွေအတွက် မဲခွဲမှုကိုတော့ တနင်္လာနေ့မှာ လုပ်မှာ ဖြစ်ပါတယ်။ လာမယ့် ယူနိုက်တက်နဲ့ပွဲ မတိုင်ခင်မှာ လီဗာပူးက နားချိန် ၈ ရက်လောက် ရသွားဖို့ ရှိနေပါတယ်။

ZAWGYI

မနက္ကပြဲမွာ စီနီယာေတြနဲ႔ လူငယ္ေတြကို မွ်တေအာင္ ထုတ္သံုးခဲ့တဲ့ ယာဂင္ကေလာ့ပ္က လူစာရင္းအတြက္ သူ႔ရဲ႕ အခက္ေတြ႔မႈအေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္။

အသင္းရဲ႕ ပြဲၾကိဳ ျပင္ဆင္မႈေတြဟာ ဗီလာ စီနီယာအသင္းကို ရင္ဆိုင္ဖို႔ ျဖစ္ခဲ့ေပမယ့္ အေျခအေနေတြက ရုတ္တရတ္ပဲ ေျပာင္းလဲသြားခဲ့တာပါ။ ဗီလာစီနီယာအသင္းက ကိုဗစ္ကူးစက္မႈေတြေၾကာင့္ မကစားႏုိင္ခဲ့ဘဲ လူငယ္အသင္းက ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ကိုယ္မသိတဲ့ ကစားသမားေတြကို ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ရတာက ပထမဆုံးပါလို႔ ကေလာ့ပ္က ဝန္ခံတယ္။

ကေလာ့ပ္က “ က်ေနာ္ဘဝမွာ ကိုယ္ရင္ဆိုင္ရမယ့္ သူေတြက ဘယ္သူေတြလဲဆိုတာကို မသိတဲ့ ဒီလို စိန္ေခၚမႈမ်ိဳး တစ္ၾကိမ္မွကို မၾကံဳဖူးပါဘူး။ ကိုယ္က ပြဲၾကိဳမွာ ျပင္ဆင္ခဲ့ျပီး ျပင္ဆင္မႈေတြ အားလံုး၊ ဗီဒီယိုေတြ အားလံုးကို လြင့္ပစ္လိုက္ျပီး အသစ္ကေန ျပန္စခဲ့ရတယ္။

ဟန္ဒိုနဲ႔ သီယာဂိုကို ပထမပိုင္းအျပီး လူစားလဲမႈ လုပ္ခဲ့တာကေတာ့ ပြဲမစခင္တည္းက ဆံုးျဖတ္ထားခဲ့တဲ့ ကိစၥပဲ ျဖစ္ပါတယ္။

က်ေန္ာတို႔ စုဖြဲ႔မႈ ေကာင္းခဲ့ျပီး ခပ္ေစာေစာ ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ အဲ့ေနာက္ပိုင္း လံုေလာက္ေအာင္ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ က်ေနာ္တို႔ ေျဖရွင္းဖို႔ လိုခဲ့တာက ေဘာလံုးဆိုင္ရာ ျပႆနာေတြပဲ ျဖစ္ပါတယ္။ သိမ္ေမြ႔တဲ့ စိန္ေခၚမႈေတြမွာ ဘယ္လို ကစားရမယ္ မသိတာက က်ေန္ာတို႔ရဲ႕ ခြဲျခမ္းစိစစ္ထားတဲ့ ဗီဒီယိုေတြက လြင့္ပစ္ခ့ရလို႔ပါပဲ။

ဗီလာရဲ႕ ေကာင္ေလးေတြက ေဘာလံုးကို အေကာင္းဆံုး ကစားႏုိင္ခဲ့တယ္။ အကယ္လို႔ ကိုယ္က ကစားပံု မေကာင္းရင္ေတာ့ ျပႆနာေတြ ရွိလာမွာပါပဲ။ ဒုတိယပိုင္းမွာ က်ေန္ာတို႔ ကစားခဲ့တဲ့ ေျခစြမ္းအတိုင္း ပထမပိုင္းမွာ ကစားခဲ့ႏုိင္သင့္တာ ျဖစ္ပါတယ္ ” လို႔ ထုတ္ေျပာခဲ့ပါတယ္။

စတုတၳအဆင့္နဲ႔ ပဥၥမအဆင့္ အက္ဖ္ေအပြဲေတြအတြက္ မဲခြဲမႈကိုေတာ့ တနလၤာေန႔မွာ လုပ္မွာ ျဖစ္ပါတယ္။ လာမယ့္ ယူႏုိက္တက္နဲ႔ပြဲ မတုိင္ခင္မွာ လီဗာပူးက နားခ်ိန္ ၈ ရက္ေလာက္ ရသြားဖို႔ ရွိေနပါတယ္။