ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်း စီအီးအို Oliver Mintzlaff က သူ့အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အူပါမီကာနိုနဲ့ ဆာဘစ်ဆာတို့အတွက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် ရောင်းထုတ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

အူပါမီကာနိုကို လီဗာပူးအပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့က ကာလရှည် စိတ်ဝင်စားနေတာပါ။ ဆာဘစ်ဆာကိုယ်တော့ လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က စိတ်ဝင်စားနေပြီး အထူးသဖြင့် မော်ရင်ညိုက သြစတြီးယား ကွင်းလယ်လူကို သဘောကျနေတာဖြစ်တယ်။

လီဗာပူးက ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ မသေချာပေမယ့်လည်း နွေမှာတော့ ဗဟိုခံစစ်မှူး နေရာအတွက် အင်အားဖြည့်မှုတွေ လုပ်သွားနိုင်တယ်။ ကလပ်က ခံစစ်သမား အတော်များများနဲ့ နာမည်ထွက်ခဲ့ပေမယ့် လက်ရှိမှာ ဘော့မန်း၊ ဂါဘက်တို့ရဲ့ သတင်းတွေက မှေးမှိန်ခဲ့ပြီဖြစ်ကာ အူပါမီကာနို၊ ဘမ်ဝိုက်တို့အပေါ် စိတ်ဝင်စားမှုက ပိုမြင့်တက်လာပါတယ်။

Oliver Mintzlaff က အူပါမီကာနို၊ ဆာဘစ်ဆာတို့နဲ့ ပက်သက်လို့ ‘ မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ဆိုရင် သူတို့ကို ရောင်းထုတ်သွားမှာပါ ’ ဆိုပြီး ဝန်ခံခဲ့တယ်။ အူပါမီကာနိုရဲ့ စာချုပ်ပါကြေးက ယူရို ၄၂ သန်းဖြစ်ပြီး ဆာဘစ်ဆာရဲ့ ပြောင်းရွှေ့ကြေးကတော့ ယူရို ၃၅ သန်းလို့လည်း သိရတယ်။

ဒါပေမယ့်လို့ လိုက်ဇစ်ဘက်က ဇန်နဝါရီမှာ သူတို့ ကစားသမားတွေကို ရောင်းထုတ်ဖွယ် မရှိဘူးလို့ ယုံကြည်ရတယ်။ ၂၀၁၈ မှာ ကိတ်တာ၊ ၂၀၂၀ မှာ ဗာနာတို့ကို ရောင်းထုတ်ရာမှာလည်း ဇန်နဝါရီ ဈေးကွက်မှာ ထွက်ခွင့်တွေ မပေးခဲ့ဘဲ နွေမှပဲ အသင်းပြောင်းခွင့်တွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္း စီအီးအို Oliver Mintzlaff က သူ႔အသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ အူပါမီကာႏိုနဲ႔ ဆာဘစ္ဆာတို႔အတြက္ မွန္ကန္တဲ့ ေျပာင္းေရႊ႔ေၾကး ရမယ္ဆိုရင္ ေရာင္းထုတ္သြားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

အူပါမီကာႏိုကို လီဗာပူးအျပင္ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္၊ ယူႏုိက္တက္တို႔က ကာလရွည္ စိတ္ဝင္စားေနတာပါ။ ဆာဘစ္ဆာကိုယ္ေတာ့ လန္ဒန္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတို႔က စိတ္ဝင္စားေနျပီး အထူးသျဖင့္ ေမာ္ရင္ညိဳက ၾသစၾတီးယား ကြင္းလယ္လူကို သေဘာက်ေနတာျဖစ္တယ္။

လီဗာပူးက ဇန္နဝါရီမွာ ကစားသမားသစ္ ေခၚယူဖို႔ မေသခ်ာေပမယ့္လည္း ေႏြမွာေတာ့ ဗဟိုခံစစ္မွဴး ေနရာအတြက္ အင္အားျဖည့္မႈေတြ လုပ္သြားႏုိင္တယ္။ ကလပ္က ခံစစ္သမား အေတာ္မ်ားမ်ားနဲ႔ နာမည္ထြက္ခဲ့ေပမယ့္ လက္ရွိမွာ ေဘာ့မန္း၊ ဂါဘက္တို႔ရဲ႕ သတင္းေတြက ေမွးမွိန္ခဲ့ျပီျဖစ္ကာ အူပါမီကာႏို၊ ဘမ္ဝိုက္တို႔အေပၚ စိတ္ဝင္စားမႈက ပိုျမင့္တက္လာပါတယ္။

Oliver Mintzlaff က အူပါမီကာႏို၊ ဆာဘစ္ဆာတို႔နဲ႔ ပက္သက္လို႔ ‘ မွန္ကန္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ဆိုရင္ သူတို႔ကို ေရာင္းထုတ္သြားမွာပါ ’ ဆိုျပီး ဝန္ခံခဲ့တယ္။ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ပါေၾကးက ယူ၇ို ၄၂ သန္းျဖစ္ျပီး ဆာဘစ္ဆာရဲ႕ ေျပာင္းေရႊ႔ေၾကးကေတာ့ ယူရို ၃၅ သန္းလို႔လည္း သိရတယ္။

ဒါေပမယ့္လို႔ လိုက္ဇစ္ဘက္က ဇန္နဝါရီမွာ သူတို႔ ကစားသမားေတြကို ေရာင္းထုတ္ဖြယ္ မရွိဘူးလို႔ ယံုၾကည္ရတယ္။ ၂၀၁၈ မွာ ကိတ္တာ၊ ၂၀၂၀ မွာ ဗာနာတို႔ကို ေရာင္းထုတ္ရာမွာလည္း ဇန္နဝါရီ ေစ်းကြက္မွာ ထြက္ခြင့္ေတြ မေပးခဲ့ဘဲ ေႏြမွပဲ အသင္းေျပာင္းခြင့္ေတြ ေပးခဲ့တာ ျဖစ္ပါတယ္။