လီဗာပူးရဲ့ ဟော်လန်သား ကွင်းလယ်ကစားသမား ဝိုက်နယ်ဒန်ကတော့ သူ အသင်းနဲ့ အတူ ရယူဖူးတဲ့ ဆုဖလား စာရင်းထဲမှာ အက်ဖ်အေ ဖလား ကိုလည်း ထည့်သွင်းပေးလိုနေပါတယ်။

ဝိုက်နယ်ဒန်ဟာ လီဗာပူးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါကပ်နဲ့ ဖီဖာ ကလပ်များ ကမ္ဘာ့ဖလားတို့ ရယူပြီး ဖြစ်သော်လည်း ပြည်တွင်း အခြားဆုဖလားများ မယူဖူးသေးဘဲ ရှိနေတာပါ။ လီဗာပူးအသင်းဟာ သောကြာနေ့မှာပဲ အက်စတွန်ဗီလာ အသင်းကို ၄-၁ နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဝိုက်နယ်ဒန်ကတော့ ၂၀၀၆ နောက်ပိုင်း အက်ဖ်အေဖလားနဲ့ ဝေးနေတဲ့ လီဗာပူးအသင်း အတွက် ဒီရာသီမှာ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ အသင်းနဲ့ အတူ ဗိုလ်စွဲဖို့ စိတ်အား ထက်သန်နေပါတယ်။ အက်ဖ်အေဖလား ကို လီဗာပူး မရတာကလည်း ၁၅ နှစ် ကြာ ရှိနေခဲ့ပါတယ်။

” ကျနော်တို့ ပြိုင်ပွဲ အားလုံးအတွက် ကစားပြီး အနိုင်ယူချင်တယ် ဆိုတာ ဘောလုံးရာသီ အစမှာတည်းက ပြောပါတယ်။ ပြိုင်ပွဲတိုင်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ဖို့ ဆိုတာက ခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ရာသီ အတွင်း ကစားရတဲ့ ပွဲတွေက အများကြီး မဟုတ်လား။ အထူးသဖြင့် အခုလို ကာလပေါ့။ ဒီတော့ အလှည့်ကျနဲ့ ကစားကြဖို့ ရှိပါတယ်။

ဗီလာနဲ့ ပွဲမှာ ကျနော်တို့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ် ထင်ပါတယ်။ နောက်တစ်ဆင့်မှာလည်း ဒီလိုပဲ ကောင်းကောင်း ကစားနိုင်ဖို့ မျှော်လင့်တယ်။ ဒီပြိုင်ပွဲမှာ ကျနေ်ာတို့ ဗိုလ်စွဲချင်ပါတယ်။ ကျနော်တို့ ဆုဖလားတွေ တော်တော် ရလာပါပြီ ဒါပေမယ့် အက်ဖ်အေဖလားကိုတော့ မရသေးဘူး။ ဒါကို ကျနော်တို့ အရယူချင်ပါပြီ။ ” လို့ ဝိုက်နယ်ဒန်က ပြောဆိုခဲ့ပါတယ်။

ဝိုက်နယ်ဒန်ဟာ ဒီရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး သက်တမ်းတိုးဖို့လည်း သဘောတူညီမှု မရသေးတာကြောင့် ဟော်လန်သား အတွက် အက်ဖ်အေဖလား ယူဖို့ ဆန္ဒဟာ ဒီရာသီမှာသာ အကောင်းဆုံး အခွင့်အရေးအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

Zawgyi – လီဗာပူးရဲ႕ ေဟာ္လန္သား ကြင္းလယ္ကစားသမား ၀ိုက္နယ္ဒန္ကေတာ့ သူ အသင္းနဲ႕ အတူ ရယူဖူးတဲ့ ဆုဖလား စာရင္းထဲမွာ အက္ဖ္ေအ ဖလား ကိုလည္း ထည့္သြင္းေပးလိုေနပါတယ္။

၀ိုက္နယ္ဒန္ဟာ လီဗာပူးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအ စူပါကပ္နဲ႕ ဖီဖာ ကလပ္မ်ား ကမၻာ့ဖလားတို႔ ရယူျပီး ျဖစ္ေသာ္လည္း ျပည္တြင္း အျခားဆုဖလားမ်ား မယူဖူးေသးဘဲ ရွိေနတာပါ။ လီဗာပူးအသင္းဟာ ေသာၾကာေန႔မွာပဲ အက္စတြန္ဗီလာ အသင္းကို ၄-၁ နဲ႕ အနုိင္ယူျပီး အက္ဖ္ေအဖလားမွာ စတုတၳအဆင့္သို႔ ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။

၀ိုက္နယ္ဒန္ကေတာ့ ၂၀၀၆ ေနာက္ပိုင္း အက္ဖ္ေအဖလားနဲ႕ ေ၀းေနတဲ့ လီဗာပူးအသင္း အတြက္ ဒီရာသီမွာ ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ အသင္းနဲ႕ အတူ ဗိုလ္စြဲဖို႔ စိတ္အား ထက္သန္ေနပါတယ္။ အက္ဖ္ေအဖလား ကို လီဗာပူး မရတာကလည္း ၁၅ နွစ္ ၾကာ ရွိေနခဲ့ပါတယ္။

” က်ေနာ္တို႔ ျပိဳင္ပြဲ အားလံုးအတြက္ ကစားျပီး အနုိင္ယူခ်င္တယ္ ဆိုတာ ေဘာလံုးရာသီ အစမွာတည္းက ေျပာပါတယ္။ ျပိဳင္ပြဲတိုင္း အေတာင့္တင္းဆံုး လူစာရင္းနဲ႕ ယွဥ္ျပိဳင္ဖို႔ ဆိုတာက ခက္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တစ္ရာသီ အတြင္း ကစားရတဲ့ ပြဲေတြက အမ်ားၾကီး မဟုတ္လား။ အထူးသျဖင့္ အခုလို ကာလေပါ့။ ဒီေတာ့ အလွည့္က်နဲ႕ ကစားၾကဖို႔ ရွိပါတယ္။

ဗီလာနဲ႕ ပြဲမွာ က်ေနာ္တို႔ ေကာင္းေကာင္း လုပ္ျပနိုင္ခဲ့တယ္ ထင္ပါတယ္။ ေနာက္တစ္ဆင့္မွာလည္း ဒီလိုပဲ ေကာင္းေကာင္း ကစားနိုင္ဖို႔ ေမွ်ာ္လင့္တယ္။ ဒီျပိဳင္ပြဲမွာ က်ေန္ာတို႔ ဗိုလ္စြဲခ်င္ပါတယ္။ က်ေနာ္တို႔ ဆုဖလားေတြ ေတာ္ေတာ္ ရလာပါျပီ ဒါေပမယ့္ အက္ဖ္ေအဖလားကိုေတာ့ မရေသးဘူး။ ဒါကို က်ေနာ္တို႔ အရယူခ်င္ပါျပီ။ ” လို႔ ၀ိုက္နယ္ဒန္က ေျပာဆိုခဲ့ပါတယ္။

၀ိုက္နယ္ဒန္ဟာ ဒီရာသီကုန္ရင္ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး သက္တမ္းတိုးဖို႔လည္း သေဘာတူညီမႈ မရေသးတာေၾကာင့္ ေဟာ္လန္သား အတြက္ အက္ဖ္ေအဖလား ယူဖို႔ ဆႏၵဟာ ဒီရာသီမွာသာ အေကာင္းဆံုး အခြင့္အေရးအျဖစ္ ရွိေနတာလည္း ျဖစ္ပါတယ္။