‘ လီဗာပူးနဲ့ ပေးတွေ့လိုက်စမ်းပါဗျာ ‘ ဆိုတဲ့ စကားကို ပြောလာတာက အက်ဖ်အေဖလား တတိယအဆင့်မှာ ဒါဘီကို အနိုင်ရပြီး အက်ဖ်အေ စတုတ္ထအဆင့်ကို တက်လာတဲ့ Chorley အသင်း မန်နေဂျာပဲ ဖြစ်ပါတယ်။

ကမ္ဘာသက်တမ်း အရင့်ဆုံး ဆုဖလားတွေထဲက တစ်ခုဖြစ်တဲ့ အက်ဖ်အေဖလားဟာ တတိယအဆင့်မှာ စိတ်လှုပ်ရှားစရာ ရလဒ်တွေ ထွက်ပေါ်လာခဲ့တာပါ။ အဲ့ထဲက ရလဒ်တစ်ခုကတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို အင်္ဂလန်ရဲ့ ဆဋ္ဌမတန်းလိဂ်က အပျော်တမ်းကလပ်ဖြစ်တဲ့ Chorley အသင်းက ၂-၀ ဖြင့် အနိုင်ရမှုလည်း ပါဝင်ပါတယ်။

ဒါဘီအသင်းဟာလည်း အက်စတွန်ဗီလာလိုပဲ ကိုဗစ် ကူးစက်ခံရမှုတွေ မြင့်တက်နေလို့ အက်ဖ်အေပွဲကို လူငယ်အသင်းဖြင့် ပါဝင်ယှဉ်ပြိုင်ရာက Chorley ကို အရေးနိမ့်သွားခဲ့တာဖြစ်တယ်။ အင်္ဂလန်မီဒီယာတွေကတော့ ပွဲကစားခါနီးမှာ ကွင်းကို အဆင်ပြေစေဖို့ အသဲအသန် ပြုပြင်ခဲ့ရတဲ့ Chorley ရဲ့ အောင်ပွဲကို ချီးကျူးမှုတွေ လုပ်ခဲ့ကြတယ်။

နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့လိုသလဲ မေးခွန်းအတွက် Chorley အသင်း မန်နေဂျာ Jamie Vermiglio က “ ရွေးချယ်လို့ရမယ်ဆိုရင်တော့ အန်ဖီးကွင်းကို သွားပြီး လီဗာပူးနဲ့ ယှဉ်ပြိုင်လိုတာပေါ့ဗျာ။ ကျနော် အရမ်းကို ပီတိဖြစ်နေတယ်။ ကလပ်အတွက်ကော ကျနော်ရဲ့ ဒီအခိုက်အတန့်အတွက် သိပ်လည်း ဂုဏ်ယူနေတယ်ဗျာ။ ဒါက မယုံနိုင်လောက်တဲ့ အံ့အားသင့်စရာ ကိစ္စကြီးပါဗျာ ” လို့ ပျော်ရွှင်စွာ ပြောဆိုခဲ့တယ်။

အင်္ဂလန်အနောက်မြောက်ပိုင်းက လန်ရှိုင်းယားအခြေစိုက်ကလပ်ရဲ့ မန်နေဂျာ Jamie Vermiglio ဟာ ဘောလုံးမန်နေဂျာအပြင် ဝါရင်တန်မှာ မူလတန်းကျောင်းအုပ်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်တယ်။ သူ့အတွက်တော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ရောက်လာခြင်းက အိပ်မက်တစ်ခုလည်းဖြစ်တယ်။

Jamie Vermiglio ဟာ လီဗာပူးအသင်းကို ဘဝတစ်လျှောက်လုံး အမာခံ အားပေးလာခဲ့သူလည်း ဖြစ်ပါတယ်။ လာမယ့်အဆင့်အတွက် မဲခွဲမှုတွေ လုပ်ရဦးမှာဖြစ်ပေမယ့် သူကတော့ နောက်တစ်ဆင့်မှာ သူ့ရဲ့ ကလပ် လီဗာပူးကို အန်ဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်လိုပါတယ်လို့ ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

‘ လီဗာပူးနဲ႔ ေပးေတြ႔လိုက္စမ္းပါဗ်ာ ‘ ဆိုတဲ့ စကားကို ေျပာလာတာက အက္ဖ္ေအဖလား တတိယအဆင့္မွာ ဒါဘီကို အႏုိင္ရျပီး အက္ဖ္ေအ စတုတၳအဆင့္ကို တက္လာတဲ့ Chorley အသင္း မန္ေနဂ်ာပဲ ျဖစ္ပါတယ္။

ကမၻာသက္တမ္း အရင့္ဆံုး ဆုဖလားေတြထဲက တစ္ခုျဖစ္တဲ့ အက္ဖ္ေအဖလားဟာ တတိယအဆင့္မွာ စိတ္လႈပ္ရွားစရာ ရလဒ္ေတြ ထြက္ေပၚလာခဲ့တာပါ။ အဲ့ထဲက ရလဒ္တစ္ခုကေတာ့ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းကို အဂၤလန္ရဲ႕ ဆ႒မတန္းလိဂ္က အေပ်ာ္တမ္းကလပ္ျဖစ္တဲ့ Chorley အသင္းက ၂-၀ ျဖင့္ အႏုိင္ရမႈလည္း ပါဝင္ပါတယ္။

ဒါဘီအသင္းဟာလည္း အက္စတြန္ဗီလာလိုပဲ ကိုဗစ္ ကူးစက္ခံရမႈေတြ ျမင့္တက္ေနလို႔ အက္ဖ္ေအပြဲကို လူငယ္အသင္းျဖင့္ ပါဝင္ယွဥ္ျပိဳင္ရာက Chorley ကို အေရးနိမ့္သြားခဲ့တာျဖစ္တယ္။ အဂၤလန္မီဒီယာေတြကေတာ့ ပြဲကစားခါနီးမွာ ကြင္းကို အဆင္ေျပေစဖို႔ အသဲအသန္ ျပဳျပင္ခဲ့ရတဲ့ Chorley ရဲ႕ ေအာင္ပြဲကို ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ၾကတယ္။

ေနာက္တစ္ဆင့္မွာ ဘယ္အသင္းနဲ႔ ေတြ႔လိုသလဲ ေမးခြန္းအတြက္ Chorley အသင္း မန္ေနဂ်ာ Jamie Vermiglio က “ ေရြးခ်ယ္လို႔ရမယ္ဆိုရင္ေတာ့ အန္ဖီးကြင္းကို သြားျပီး လီဗာပူးနဲ႔ ယွဥ္ျပိဳင္လိုတာေပါ့ဗ်ာ။ က်ေနာ္ အရမ္းကို ပီတိျဖစ္ေနတယ္။ ကလပ္အတြက္ေကာ က်ေနာ္ရဲ႕ ဒီအခိုက္အတန္႔အတြက္ သိပ္လည္း ဂုဏ္ယူေနတယ္ဗ်ာ။ ဒါက မယံုႏုိင္ေလာက္တဲ့ အံ့အားသင့္စရာ ကိစၥၾကီးပါဗ်ာ ” လို႔ ေပ်ာ္ရႊင္စြာ ေျပာဆိုခဲ့တယ္။

အဂၤလန္အေနာက္ေျမာက္ပိုင္းက လန္ရိႈင္းယားအေျခစိုက္ကလပ္ရဲ႕ မန္ေနဂ်ာ Jamie Vermiglio ဟာ ေဘာလံုးမန္ေနဂ်ာအျပင္ ဝါရင္တန္မွာ မူလတန္းေက်ာင္းအုပ္အျဖစ္လည္း လုပ္ကိုင္ေနသူျဖစ္တယ္။ သူ႔အတြက္ေတာ့ အက္ဖ္ေအဖလား စတုတၳအဆင့္ကို ေရာက္လာျခင္းက အိပ္မက္တစ္ခုလည္းျဖစ္တယ္။

Jamie Vermiglio ဟာ လီဗာပူးအသင္းကို ဘဝတစ္ေလွ်ာက္လံုး အမာခံ အားေပးလာခဲ့သူလည္း ျဖစ္ပါတယ္။ လာမယ့္အဆင့္အတြက္ မဲခြဲမႈေတြ လုပ္ရဦးမွာျဖစ္ေပမယ့္ သူကေတာ့ ေနာက္တစ္ဆင့္မွာ သူ႔ရဲ႕ ကလပ္ လီဗာပူးကို အန္ဖီးကြင္းမွာ ထိပ္တိုက္ ယွဥ္ျပိဳင္လိုပါတယ္လို႔ ထုတ္ေျပာခဲ့တာပဲ ျဖစ္ပါတယ္။