ဘရာဇီးဂိုးသမား အယ်လီဆန်ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားကို လီဗာပူးထံ မရောက်ခင် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ အတော်လေး ကြိုးစားပေးခဲ့ပြီး အောင်မြင်လု အနေအထားထိ ရောက်ခဲ့တယ်လို့ ဝန်ခံပါတယ်။

၂၀၁၈ နွေ အပြောင်းအရွှေ့တုန်းက လီဗာပူး၊ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်ဟာ အယ်လီဆန်အတွက် သုံးပွင့်ဆိုင် ကြိုးစားခဲ့ကြတာပါ။ လီဗာပူးက အယ်လီဆန်ကို ခေါ်ယူနိုင်ခြင်းကြောင်း ရီးရဲလ်က ကော်တိုရစ်ကို ပြောင်းလဲ ခေါ်ယူခဲ့ပြီး ချယ်ဆီးကလည်း ကီပါကို ကမ္ဘာစံချိန်တင်ကြေးဖြင့် ထပ်မံ ခေါ်ယူခဲ့ရတာဖြစ်တယ်။

” အဲ့တာက ထူးတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့်လို့ ကျနော် အတော်လေး ကျေနပ်မိမှာဖြစ်တဲ့ လက်မှတ်ထိုးမှု ကိစ္စက အဆုံးမှာ မဖြစ်ခဲ့ပါဘူး။ အဲ့တာက အယ်လီဆန်ကို ရီးရဲလ်မကက်ဒရစ်ထံ ပို့ပေးဖို့ ကိစ္စဖြစ်ပါတယ် ” လို့ ဘရာဇီးဂိုးသမားရဲ့ အေးဂျင့်ဖြစ်သူ Fabrizio de Vecchi က စပိန်သတင်းဌာနာကို ပြောပါတယ်။

အေးဂျင့်ဖြစ်သူကပဲ ” အယ်လီဆန်က ရိုးမားအသင်းအတွက် ကစားပေးနေတုန်း ကိစ္စပေါ့။ အဲ့တုန်းက ကျနော်က သူ့ကို ရီးရဲလ်မက်ဒရစ်ထံ ပို့ပေးဖို့ ကိစ္စကို အောင်မြင်ဖို့ လိုလားခဲ့တယ်။ တကယ်တမ်းမှာ အပြောင်းအရွှေ့ကလည်း ဖြစ်ဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။

အဲ့တုန်းက ကျနော်ရဲ့ ဆရာဖြစ်တဲ့ Ernesto က အယ်လီဆန်ရဲ့ အပြောင်းအရွှေ့ ကိစ္စဖြစ်ဖို့ အီတလီနဲ့ မက်ဒရစ်ကို စကားတွေပြောဆို ညိနှိုင်းဖို့တွေအတွက် ကူးသန်းနေခဲ့တာပါ။ သူ ကွယ်လွန်ခဲ့ပြီဖြစ်ပေမယ့် ဒီကိစ္စနဲ့ ပက်သက်လာရင် သူ့ကို အတော်လေး သတိရမိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ နွေမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အရေးနိမ့်မှုရဲ့ ထိခိုက်မှုဒဏ်က ကုစားဖို့ အယ်လီဆန်ကို ဂိုးသမား တစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးဖြင့် ခေါ်ယူခဲ့တာပါ။ အယ်လီဆန်ဟာ ၂၀၁၉ မှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီး ၂၀၂၀ မှာတော့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘရာဇီးဂိုးသမား အယ္လီဆန္ရဲ႕ ေအးဂ်င့္က သူ႔ရဲ႕ ကစားသမားကို လီဗာပူးထံ မေရာက္ခင္ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းဖို႔ အေတာ္ေလး ၾကိဳးစားေပးခဲ့ျပီး ေအာင္ျမင္လု အေနအထားထိ ေရာက္ခဲ့တယ္လို႔ ဝန္ခံပါတယ္။

၂၀၁၈ ေႏြ အေျပာင္းအေရႊ႔တုန္းက လီဗာပူး၊ ခ်ယ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္ဟာ အယ္လီဆန္အတြက္ သံုးပြင့့္ဆိုင္ ၾကိဳးစားခဲ့ၾကတာပါ။ လီဗာပူးက အယ္လီဆန္ကို ေခၚယူႏုိင္ျခင္းေၾကာင္း ရီးရဲလ္က ေကာ္တိုရစ္ကို ေျပာင္းလဲ ေခၚယူခဲ့ျပီး ခ်ယ္ဆီးကလည္း ကီပါကို ကမၻာစံခ်ိန္တင္ေၾကးျဖင့္ ထပ္မံ ေခၚယူခဲ့ရတာျဖစ္တယ္။

” အဲ့တာက ထူးေတာ့ ထူးဆန္းေနပါလိမ့္မယ္။ ဒါေပမယ့္လို႔ က်ေနာ္ အေတာ္ေလး ေက်နပ္မိမွာျဖစ္တဲ့ လက္မွတ္ထိုးမႈ ကိစၥက အဆံုးမွာ မျဖစ္ခဲ့ပါဘူး။ အဲ့တာက အယ္လီဆန္ကို ရီးရဲလ္မကက္ဒရစ္ထံ ပို႔ေပးဖို႔ ကိစၥျဖစ္ပါတယ္ ” လို႔ ဘရာဇီးဂိုးသမားရဲ႕ ေအးဂ်င့္ျဖစ္သူ Fabrizio de Vecchi က စပိန္သတင္းဌာနာကို ေျပာပါတယ္။

ေအးဂ်င့္ျဖစ္သူကပဲ ” အယ္လီဆန္က ရိုးမားအသင္းအတြက္ ကစားေပးေနတုန္း ကိစၥေပါ့။ အဲ့တုန္းက က်ေနာ္က သူ႔ကို ရီးရဲလ္မက္ဒရစ္ထံ ပို႔ေပးဖို႔ ကိစၥကို ေအာင္ျမင္ဖို႔ လိုလားခဲ့တယ္။ တကယ္တမ္းမွာ အေျပာင္းအေရႊ႔ကလည္း ျဖစ္ဖို႔ အေတာ္ေလး နီးစပ္ခဲ့ပါတယ္။

အဲ့တုန္းက က်ေနာ္ရဲ႕ ဆရာျဖစ္တဲ့ Ernesto က အယ္လီဆန္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥျဖစ္ဖို႔ အီတလီနဲ႔ မက္ဒရစ္ကို စကားေတြေျပာဆို ညိႏိႈင္းဖို႔ေတြအတြက္ ကူးသန္းေနခဲ့တာပါ။ သူ ကြယ္လြန္ခဲ့ျပီျဖစ္ေပမယ့္ ဒီကိစၥနဲ႔ ပက္သက္လာရင္ သူ႔ကို အေတာ္ေလး သတိရမိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ေႏြမွာ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ အေရးနိမ့္မႈရဲ႕ ထိခိုက္မႈဒဏ္က ကုစားဖို႔ အယ္လီဆန္ကို ဂိုးသမား တစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကးျဖင့္ ေခၚယူခဲ့တာပါ။ အယ္လီဆန္ဟာ ၂၀၁၉ မွာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့ျပီး ၂၀၂၀ မွာေတာ့ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔ ကူညီေပးႏုိင္ခ့ဲတာ ျဖစ္ပါတယ္။