ဘိုင်ယန်ခံစစ်မှူး အလာဘာဟာ ဒီနွေမှာ ဂျာမနီလိဂ်ကနေ ထွက်ခွာမှာဖြစ်ပြီး လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

နွေတုန်းက လီဗာပူးကလည်း အလာဘာအတွက် ကြိုးစားဖို့ ချဥ်းကပ်မှုတွေ လုပ်ခဲ့ပေမယ့် ခံစစ်သမားက အခွန်ဆောင်အပြီး လုပ်ခအဖြစ် တစ်နှစ်ကို ပေါင် ၁၂ သန်းအထိ အလိုရှိခဲ့တာပါ။ ဒါဟာ လီဗာပူးအသင်းမှာဆိုရင် လုပ်ခ အမြင့်ဆုံး ပေးချေရမယ့် ကစားသမား ဖြစ်လာခဲ့မှာပါ။

The Independent သတင်းဌာနမှ လီဗာပူး သတင်းထောက် Melissa Reddy ကတော့ လုပ်ခဟာ အလာဘာကိစ္စ လီဗာပူးနောက်ဆုတ်ဖို့ ဖြစ်လာခဲ့တဲ့ အကြောင်းအရင်းလို့ ဝန်ခံတယ်။ လက်တလောမှာ ရီးရဲလ်က အသာရနေခဲ့သလို လုပ်ခကိစ္စ ညိနှိုင်းမှု အောင်မြင်ခဲ့မယ်ဆိုရင် အပြီးသတ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြတယ်။

Melissa Reddy ဖော်ပြတဲ့ သီယာဂိုကို ခေါ်ယူခဲ့စဉ်က အလာဘာကိုပါ လီဗာပူးက ညိနှိုင်းခဲ့ပြီး အပြောင်းအရွှေ့ မဖြစ်လာခဲ့တဲ့ အကြောင်းရင်း (၃) ချက်က အောက်ပါ အတိုင်းဖြစ်ပါတယ်။

  • လီဗာပူးအသင်းက အလာဘာရဲ့ ဘောလုံးစွမ်းရည်ကို နှစ်သက်မှုရှိတယ် ဒါပေမယ့်လို့ သြစတြီးယား ကွင်းလယ်လူဟာ အရင်အမောင်း ၆ ပေပဲရှိပြီး လီဗာပူး ခံစစ်သမားတွေထဲ အနိမ့်ဆုံးဖြစ်တဲ့ ဂိုးမက်စ်ကတော့ ၆ ပေ ၂ လက်မ မြင့်ပါတယ်။ အမြင့်ဘောတွေမှာ အာလာဘာရဲ့ ရုန်းကန်ရနိုင်မှုက လီဗာပူးအသင်း အဓိက စဉ်းစားခဲ့တဲ့ အချက်ဖြစ်ပါတယ်။
  • လီဗာပူးအသင်းက အလာဘာကို စိတ်ဝင်စားရာမှာ ဗဟိုခံစစ်ထက် ဘယ်အစွန်နေရာကို အဓိက ကစားစေဖို့ကိုလည်း ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် ကိုစတက်ကို ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့ကျခဲ့တယ်။
  • အလာဘာရဲ့ အသက်က ဒီနွေဆိုရင် ၂၉ ရှိပြီဖြစ်ပြီး အသက် ၃၀ အရွယ် ကစားသမားကို ဗဟိုခံစစ်အတွက် ခေါ်ယူဖို့က အများကြီး စဉ်းစားရပါတယ်။ လီဗာပူးရဲ့ အစီအစဉ်က ဗန်ဒိုက်ကို သက်တမ်းတိုးပြီး ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ခံစစ်မှူး တစ်ဦးကို ဖြည့်တင်းဖို့ ဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ခံစစ္မွဴး အလာဘာဟာ ဒီေႏြမွာ ဂ်ာမနီလိဂ္ကေန ထြက္ခြာမွာျဖစ္ျပီး လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ကို ေရာက္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

ေႏြတုန္းက လီဗာပူးကလည္း အလာဘာအတြက္ ၾကိဳးစားဖို႔ ခ်ဥး္ကပ္မႈေတြ လုပ္ခဲ့ေပမယ့္ ခံစစ္သမားက အခြန္ေဆာင္အျပီး လုပ္ခအျဖစ္ တစ္ႏွစ္ကို ေပါင္ ၁၂ သန္းအထိ အလိုရွိခဲ့တာပါ။ ဒါဟာ လီဗာပူးအသင္းမွာဆိုရင္ လုပ္ခ အျမင့္ဆံုး ေပးေခ်ရမယ့္ ကစားသမား ျဖစ္လာခဲ့မွာပါ။

The Independent သတင္းဌာနမွ လီဗာပူး သတင္းေထာက္ Melissa Reddy ကေတာ့ လုပ္ခဟာ အလာဘာကိစၥ လီဗာပူးေနာက္ဆုတ္ဖို႔ ျဖစ္လာခဲ့တဲ့ အေၾကာင္းအရင္းလို႔ ဝန္ခံတယ္။ လက္တေလာမွာ ရီးရဲလ္က အသာရေနခဲ့သလို လုပ္ခကိစၥ ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ အျပီးသတ္မႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ ေဖာ္ျပတယ္။

Melissa Reddy ေဖာ္ျပတဲ့ သီယာဂိုကို ေခၚယူခဲ့စဥ္က အလာဘာကိုပါ လီဗာပူးက ညိႏိႈင္းခဲ့ျပီး အေျပာင္းအေရႊ႔ မျဖစ္လာခဲ့တဲ့ အေၾကာင္းရင္း (၃) ခ်က္က ေအာက္ပါ အတိုင္းျဖစ္ပါတယ္။

  • လီဗာပူးအသင္းက အလာဘာရဲ႕ ေဘာလံုးစြမ္းရည္ကို ႏွစ္သက္မႈရွိတယ္ ဒါေပမယ့္လို႔ ၾသစၾတီးယား ကြင္းလယ္လူဟာ အရင္အေမာင္း ၆ ေပပဲရွိျပီး လီဗာပူး ခံစစ္သမားေတြထဲ အနိမ့္ဆံုးျဖစ္တဲ့ ဂိုးမက္စ္ကေတာ့ ၆ ေပ ၂ လက္မ ျမင့္ပါတယ္။ အျမင့္ေဘာေတြမွာ အာလာဘာရဲ႕ ရုန္းကန္ရႏုိင္မႈက လီဗာပူးအသင္း အဓိက စဥ္းစားခဲ့တဲ့ အခ်က္ျဖစ္ပါတယ္။
  • လီဗာပူးအသင္းက အလာဘာကို စိတ္ဝင္စားရာမွာ ဗဟိုခံစစ္ထက္ ဘယ္အစြန္ေနရာကို အဓိက ကစားေစဖို႔ကိုလည္း ရည္ရြယ္ခဲ့တယ္။ ဒါေပမယ့္ ကိုစတက္ကို ေခၚယူႏုိင္ခဲ့ျခင္းေၾကာင့္ အလာဘာကို ေခၚယူဖို႔ စိတ္ဝင္စားမႈ ေလ်ာ့က်ခဲ့တယ္။
  • အလာဘာရဲ႕ အသက္က ဒီေႏြဆိုရင္ ၂၉ ရွိျပီျဖစ္ျပီး အသက္ ၃၀ အရြယ္ ကစားသမားကို ဗဟိုခံစစ္အတြက္ ေခၚယူဖို႔က အမ်ားၾကီး စဥ္းစားရပါတယ္။ လီဗာပူးရဲ႕ အစီအစဥ္က ဗန္ဒိုက္ကို သက္တမ္းတိုးျပီး ငယ္ရြယ္ျပီး အလားအလာရွိတဲ့ ခံစစ္မွဴး တစ္ဦးကို ျဖည့္တင္းဖို႔ ျဖစ္ပါတယ္။