ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းက ဘွန်ဒက်လီဂါထံ အငှားချထားတဲ့ တိုက်စစ်သမား အဝန်နီယီကို ခေါ်ယူဖို့ စကော်တလန်ပြိုင်ဘက် ဆဲလ်တစ်နဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။

ဒီရာသီမှာလည်း အင်္ဂလန်မှာ အလုပ်ပါမစ် မရသေးတာကြောင့် အငှားထွက်ကစားနေတဲ့ အဝန်နီယီဟာ ဂျာမနီ ဘွန်ဒက်လီဂါမှာ ၁၂ ပွဲ ကစားပြီး သွင်းဂိုး ၅ ဂိုး ရယူထားသူဖြစ်တယ်။ နိုင်ဂျီးရီးယား ယူ-၂၃ ကစားသမားဟာ လာမယ့် နှစ်မှာ အလုပ်ပါမစ် မရနိုင်သေးရင်တော့ နွေမှာ လီဗာပူးအသင်းကနေ ရောင်းထုတ်ခြင်း ခံရမယ်လို့ သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။

အဝန်နီယီဟာ မနှစ်တုန်းကလည်း ဘွန်ဒက်လီဂါကလပ် မိန့်အသင်းထံ အငှားထွက်ကစားခဲ့သူဖြစ်တယ်။ အဲ့တုန်းကလည်း ခြေစွမ်းပြခဲ့ပေမယ့် ခေါင်းမှာ မတော်တဆ ဒဏ်ရာရရှိခဲ့တာက သူ့ရဲ့ တိုးတက်မှုကို ထိခိုက်စေခဲ့ပါတယ်။ ရာသီကုန်မှာ လီဗာပူးကို ပြန်လာခဲ့ပြီး ဒီရာသီမှာလည်း သူတောက်ပခဲ့တဲ့ ဘွန်ဒက်လီဂါကို အငှားပြန်ထွက်ခဲ့တာဖြစ်တယ်။

ရိန်းဂျားနဲ့ ဆဲလ်တစ်တို့ အပြိုင် ကြိုးစားမယ်ဆိုရင်တော့ လီဗာပူးနဲ့ ဆက်ဆံရေးကောင်းတွေအရ စတီဗင်ဂျရတ်ရဲ့ အသင်းကပဲ အသာရမယ်လို့ ယုံကြည်ရတယ်။ အင်္ဂလန်မှာ အလုပ်ပါမစ် ခက်ခဲနေပေမယ့် အလားအလာရှိတဲ့ တိုက်စစ်သမားဟာ စကော်တလန်မှာတော့ အဆင်ပြေဖွယ်ရှိတယ်။

လီဗာပူးသတင်းထောက်တွေကတော့ လာမယ့်ရာသီမှာ အသင်းက အိုရီဂီကို ရောင်းထုတ်မှာဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့ အဝန်နီယီကို ရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းစေကာ စောင့်ကြည့်မှု လုပ်မယ်လို့တော့ ဖော်ပြမှုတွေ ရှိထားပါတယ်။

ZAWGYI

ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္ဟာ လီဗာပူးအသင္းက ဘြန္ဒက္လီဂါထံ အငွားခ်ထားတဲ့ တိုက္စစ္သမား အဝန္နီယီကို ေခၚယူဖို႔ စေကာ္တလန္ျပိဳင္ဘက္ ဆဲလ္တစ္နဲ႔အျပိဳင္ စိတ္ဝင္စားေနပါတယ္။

ဒီရာသီမွာလည္း အဂၤလန္မွာ အလုပ္ပါမစ္ မရေသးတာေၾကာင့္ အငွားထြက္ကစားေနတဲ့ အဝန္နီယီဟာ ဂ်ာမနီ ဘြန္ဒက္လီဂါမွာ ၁၂ ပြဲ ကစားျပီး သြင္းဂိုး ၅ ဂိုး ရယူထားသူျဖစ္တယ္။ ႏုိင္ဂ်ီးရီးယား ယူ-၂၃ ကစားသမားဟာ လာမယ့္ ႏွစ္မွာ အလုပ္ပါမစ္ မရႏုိင္ေသးရင္ေတာ့ ေႏြမွာ လီဗာပူးအသင္းကေန ေရာင္းထုတ္ျခင္း ခံရမယ္လို႔ သတင္းၾကီးေနသူလည္း ျဖစ္ပါတယ္။

အဝန္နီယီဟာ မႏွစ္တုန္းကလည္း ဘြန္ဒက္လီဂါကလပ္ မိန္႔အသင္းထံ အငွားထြက္ကစားခဲ့သူျဖစ္တယ္။ အဲ့တုန္းကလည္း ေျခစြမ္းျပခဲ့ေပမယ့္ ေခါင္းမွာ မေတာ္တဆ ဒဏ္ရာရရွိခဲ့တာက သူ႔ရဲ႕ တိုးတက္မႈကို ထိခိုက္ေစခဲ့ပါတယ္။ ရာသီကုန္မွာ လီဗာပူးကို ျပန္လာခဲ့ျပီး ဒီရာသီမွာလည္း သူေတာက္ပခဲ့တဲ့ ဘြန္ဒက္လီဂါကို အငွားျပန္ထြက္ခဲ့တာျဖစ္တယ္။

ရိန္းဂ်ားနဲ႔ ဆဲလ္တစ္တို႔ အျပိဳင္ ၾကိဳးစားမယ္ဆိုရင္ေတာ့ လီဗာပူးနဲ႔ ဆက္ဆံေရးေကာင္းေတြအရ စတီဗင္ဂ်ရတ္ရဲ႕ အသင္းကပဲ အသာရမယ္လို႔ ယံုၾကည္ရတယ္။ အဂၤလန္မွာ အလုပ္ပါမစ္ ခက္ခဲေနေပမယ့္ အလားအလာရွိတဲ့ တိုက္စစ္သမားဟာ စေကာ္တလန္မွာေတာ့ အဆင္ေျပဖြယ္ရွိတယ္။

လီဗာပူးသတင္းေထာက္ေတြကေတာ့ လာမယ့္ရာသီမွာ အသင္းက အိုရီဂီကို ေရာင္းထုတ္မွာျဖစ္ျပီး သူ႔ေနရာမွာ အစားထိုးဖို႔ အဝန္နီယီကို ရာသီၾကိဳမွာ အသင္းနဲ႔ ပူးေပါင္းေစကာ ေစာင့္ၾကည့္မႈ လုပ္မယ္လို႔ေတာ့ ေဖာ္ျပမႈေတြ ရွိထားပါတယ္။