ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက် ကလန်တန်ဘက်က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူး v ယူနိုက်တက်ပွဲ မတိုင်ခင်မှာ ပွဲဆူစေမယ့် စကားတွေကို ထုတ်ပြောလာပါတယ်။

သူက ယာဂင်ကလော့ပ်ဟာ အတိတ်တုန်းက ဆာအဲလက်စ် သုံးခဲ့တဲ့ နည်းလမ်းတွေကို ထုတ်သုံးနေတယ်လို့ ဆိုတယ်။ ယူနိုက်တက်က ပြိုင်ဘက်တွေထက် ပင်နယ်တီ ပိုရနေတဲ့ ကိစ္စကို ဖွင့်ချမှုကလည်း ကလော့ပ်က ဒိုင်တွေအပေါ် သြဇာလွှမ်းဖို့ ကြိုးစားနေတာလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ထူးထူးခြားခြားအဖြစ် ကလန်တန်ဘက်က အတိတ်တုန်းက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ ဆာအဲလက်စ်ရဲ့ အသင်းကို မျက်နှာသာပေးမှုတွေ လုပ်ခဲ့ရကြောင်း ဝန်ခံသွားခဲ့တယ်။ ဒါပေမယ့် ဆာအဲလက်စ် မရှိတော့တဲ့ နောက်ပိုင်း အဲ့ကိစ္စမျိုးတွေ မရှိတော့ပါဘူးလို့ ဆိုလာခဲ့ပါတယ်။

ကလန်တန်ဘက်က “ ယာဂင်က ရံှူးရတာကို လုံးဝ မကြိုက်ပါဘူး။ သူက ရံှူးပြီဆိုရင် ရွစိထိုးနေတတ်ပါတယ်။ ဒါပေမယ့်လို့ ဒိုင်လူကြီးတွေက ယူနိုက်တက်ကို မျက်နှာသာပေးနေတယ်လို့ ကလော့ပ်ရဲ့ စွပ်စွဲမှုက မှားယွင်းနေပါတယ်။ ဖာဂီတုန်းက ဒိုင်တွေက ယူနိုက်တက်ကို မျက်နှာသာပေးခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ သူမရှိတဲ့နောက်ပိုင်း အဲ့ကိစ္စတွေ မရှိတော့ပါဘူး။

ကလော့ပ်က စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခဲ့တာပါ။ တနင်္ဂနွေနေ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲ မတိုင်ခင် ဒိုင်လူကြီး ပေါလ် တီရာနေးရဲ့ အတွေးထဲမှာ ယူနိုက်တက်က ပစားပေးခံနေရတဲ့ အသင်းဆိုတဲ့ အတွေးတွေ ဝင်နေအောင် ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးကို သူတာဝန်ယူတဲ့ ၅ နှစ်ခွဲထက် နှစ်နှစ်အတွင်း ယူနိုက်တက်ရတဲ့ ပင်နယ်တီက ပိုများပါတယ်လို့ ကလော့ပ် ပြောတာက မှန်ပါတယ်။ ကလော့ပ်က ထူးချွန်သူပါ။ သူဒီလို မှတ်ချက်ပေးလို့ သူ့အပေါ် ဘာပြဿနာမှ မရှိနိုငဘူးဆိုတာလည်း သူသိပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဒီအပတ်မှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ တွေ့ဆုံတဲ့ပွဲက အမှတ်ပေးဇယား အထက်အောက် အသင်းနှစ်သင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်သလို၊ အမှတ်ကွာဟမှုလည်း ကြီးမားနိုင်တာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာလှပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေဟာင္း မက္ ကလန္တန္ဘက္က တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူး v ယူႏုိက္တက္ပြဲ မတိုင္ခင္မွာ ပြဲဆူေစမယ့္ စကားေတြကို ထုတ္ေျပာလာပါတယ္။

သူက ယာဂင္ကေလာ့ပ္ဟာ အတိတ္တုန္းက ဆာအဲလက္စ္ သံုးခဲ့တဲ့ နည္းလမ္းေတြကို ထုတ္သံုးေနတယ္လို႔ ဆိုတယ္။ ယူႏုိက္တက္က ျပိဳင္ဘက္ေတြထက္ ပင္နယ္တီ ပိုရေနတဲ့ ကိစၥကို ဖြင့္ခ်မႈကလည္း ကေလာ့ပ္က ဒိုင္ေတြအေပၚ ၾသဇာလႊမ္းဖို႔ ၾကိဳးစားေနတာလို႔လည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ထူးထူးျခားျခားအျဖစ္ ကလန္တန္ဘက္က အတိတ္တုန္းက ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေတြဟာ ဆာအဲလက္စ္ရဲ႔ အသင္းကို မ်က္ႏွာသာေပးမႈေတြ လုပ္ခဲ့ရေၾကာင္း ဝန္ခံသြားခဲ့တယ္။ ဒါေပမယ့္ ဆာအဲလက္စ္ မရွိေတာ့တဲ့ ေနာက္ပိုင္း အဲ့ကိစၥမ်ိဳးေတြ မရွိေတာ့ပါဘူးလို႔ ဆိုလာခဲ့ပါတယ္။

ကလန္တန္ဘက္က “ ယာဂင္က ရံွဴးရတာကို လံုးဝ မၾကိဳက္ပါဘူး။ သူက ရံွဴးျပီဆိုရင္ ရြစိထိုးေနတတ္ပါတယ္။ ဒါေပမယ့္လို႔ ဒိုင္လူၾကီးေတြက ယူႏုိက္တက္ကို မ်က္ႏွာသာေပးေနတယ္လို႔ ကေလာ့ပ္ရဲ႕ စြပ္စြဲမႈက မွားယြင္းေနပါတယ္။ ဖာဂီတုန္းက ဒိုင္ေတြက ယူႏုိက္တက္ကို မ်က္ႏွာသာေပးခဲ့ရတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လို႔ သူမရွိတဲ့ေနာက္ပိုင္း အဲ့ကိစၥေတြ မရွိေတာ့ပါဘူး။

ကေလာ့ပ္က စိတ္ဓါတ္စစ္ဆင္ေရး လုပ္ခဲ့တာပါ။ တနဂၤေႏြေန႔ လီဗာပူးနဲ႔ ယူႏိုက္တက္ပြဲ မတိုင္ခင္ ဒိုင္လူၾကီး ေပါလ္ တီရာေနးရဲ႕ အေတြးထဲမွာ ယူႏုိက္တက္က ပစားေပးခံေနရတဲ့ အသင္းဆိုတဲ့ အေတြးေတြ ဝင္ေနေအာင္ ၾကိဳးစားခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးကို သူတာဝန္ယူတဲ့ ၅ ႏွစ္ခြဲထက္ ႏွစ္ႏွစ္အတြင္း ယူႏုိက္တက္ရတဲ့ ပင္နယ္တီက ပိုမ်ားပါတယ္လို႔ ကေလာ့ပ္ ေျပာတာက မွန္ပါတယ္။ ကေလာ့ပ္က ထူးခၽြန္သူပါ။ သူဒီလို မွတ္ခ်က္ေပးလို႔ သူ႔အေပၚ ဘာျပႆနာမွ မရွိႏုိငဘူးဆိုတာလည္း သူသိပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။

ဒီအပတ္မွာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ေတြ႔ဆံုတဲ့ပြဲက အမွတ္ေပးဇယား အထက္ေအာက္ အသင္းႏွစ္သင္းကို အေျပာင္းအလဲ ျဖစ္သြားေစႏုိင္သလို၊ အမွတ္ကြာဟမႈလည္း ၾကီးမားႏုိင္တာေၾကာင့္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္ဆိုတာ ေသခ်ာလွပါတယ္။