လိုက်ဇစ်အသင်းက ၎င်းတို့အသင်းရဲ့ ခံစစ်မှူးဖြစ်တဲ့ အူပါမီကာနိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း The Guardian သတင်းထောက် Fabrizio Romano က ဖော်ပြသွားပါတယ်။

လိုက်ဇစ်ဘက်ကတော့ ဒီနွေမှာ အူပါမီကာနို သက်သာတဲ့နှုန်းထားဖြစ်တဲ့ ပေါင် ၃၇.၄ သန်းနဲ့တင် လက်လွတ်ရမှာကို သိပေမယ့်လည်း ပိုများတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကလပ်တွေဘက်က ဈေးပေးမှုတွေ ရှိလာခဲ့ရင်တောင် ဇန်နဝါရီမှာ လက်လွတ်လိုက်ဖို့ကို လုံးဝ ဆန္ဒမရှိတာဖြစ်တယ်။

လိုက်ဇစ်ဟာ ဘွန်ဒက်လီဂါမှာ လိဂ်ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နောက် ၂ မှတ်အကွာမှာ ရှိနေတာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို ရောက်နေပြီး လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေတာဖြစ်တယ်။ ဒီလို အနေအထားကောင်းတွေကြောင့် ခံစစ်ပိုင်းကို ထိခိုက်သွားစေနိုင်တဲ့ ကိစ္စမျိုးကို မစဉ်းစားလိုတာ ဖြစ်ပါတယ်။

အူပါမီကာနိုကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးအပြင် ချယ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ ပါဝင်ထားပါတယ်။ ပြင်သစ်သားဟာ ၂၀၁၇ မှာ လိုက်ဇစ်ကို ရောက်လာပြီးနောက်ပိုင်း ဘွန်ဒက်လီဂါပွဲ ၈၀ ကစားထားပါတယ်။

လိုက်ဇစ်ဘက်ကတော့ နွေမှာ ကစားသမားကို လက်လွတ်ရမယ်ဆိုတာကို နားလည်ထားတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်သမားနေရာမှာ အစားထိုးဖို့ Strasbourg အသင်းက Mohamed Simakan ကို ပစ်မှတ်စာရင်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။

ZAWGYI

လိုက္ဇစ္အသင္းက ၄င္းတို႔အသင္းရဲ႕ ခံစစ္မွဴးျဖစ္တဲ့ အူပါမီကာႏိုကို ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လံုးဝ ေရာင္းထုတ္သြားမွာ မဟုတ္ေၾကာင္း The Guardian သတင္းေထာက္ Fabrizio Romano က ေဖာ္ျပသြားပါတယ္။

လိုက္ဇစ္ဘက္ကေတာ့ ဒီေႏြမွာ အူပါမီကာႏို သက္သာတဲ့ႏႈန္းထားျဖစ္တဲ့ ေပါင္ ၃၇.၄ သန္းနဲ႔တင္ လက္လြတ္ရမွာကို သိေပမယ့္လည္း ပိုမ်ားတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ကလပ္ေတြဘက္က ေစ်းေပးမႈေတြ ရွိလာခဲ့ရင္ေတာင္ ဇန္နဝါရီမွာ လက္လြတ္လိုက္ဖို႔ကို လံုးဝ ဆႏၵမရွိတာျဖစ္တယ္။

လိုက္ဇစ္ဟာ ဘြန္ဒက္လီဂါမွာ လိဂ္ဦးေဆာင္သူ ဘိုင္ယန္ျမဴးနစ္ေနာက္ ၂ မွတ္အကြာမွာ ရွိေနတာပါ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္မွာလည္း ၁၆ သင္းအဆင့္ကို ေရာက္ေနျပီး လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔ေနတာျဖစ္တယ္။ ဒီလို အေနအထားေကာင္းေတြေၾကာင့္ ခံစစ္ပိုင္းကို ထိခိုက္သြားေစႏုိင္တဲ့ ကိစၥမ်ိဳးကို မစဥ္းစားလိုတာ ျဖစ္ပါတယ္။

အူပါမီကာႏိုကို ေခၚယူလိုတဲ့ ကလပ္ေတြထဲမွာ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ လီဗာပူးအျပင္ ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ ဘိုင္ယန္တို႔ ပါဝင္ထားပါတယ္။ ျပင္သစ္သားဟာ ၂၀၁၇ မွာ လိုက္ဇစ္ကို ေရာက္လာျပီးေနာက္ပိုင္း ဘြန္ဒက္လီဂါပြဲ ၈၀ ကစားထားပါတယ္။

လိုက္ဇစ္ဘက္ကေတာ့ ေႏြမွာ ကစားသမားကို လက္လြတ္ရမယ္ဆိုတာကို နားလည္ထားတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္သမားေနရာမွာ အစားထိုးဖို႔ Strasbourg အသင္းက Mohamed Simakan ကို ပစ္မွတ္စာရင္းထဲ ထည့္ထားတယ္လို႔ သိရပါတယ္။