လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က စကော်တလန်လိဂ်မှာ ရိန်းဂျားနဲ့ ဆဲလ်တစ်တို့ ပြိုင်ဆိုင်နေမှုအတွင်း ရိန်းဂျားအသင်းရဲ့ အောင်မြင်နေမှုက သူ့ကို ခံရခက်စေပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လူငယ်ကစားသမားဘဝကို ဆဲလ်တစ်ကနေ စတင်လာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဆဲလ်တစ်အသင်း ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ကလပ် ဟူးစီးတီးကို ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် လီဗာပူးကို ပြောင်းလာခဲ့သူဖြစ်တယ်။

ကာရေဂါရဲ့ Greatest Games Podcast အတွက် ရော်ဘတ်ဆန်က ဖြေပေးရာမှာ ” ခက်ခဲတဲ့ အခြေအနေပဲ မဟုတ်လား။ လီဗာပူးအသင်း လေ့ကျင့်ရေးကွင်းကို ရောက်လာချိန်မှာ စတီဗင်ရဲ့ ပုံရိပ်တွေက နေရာ အနှံ့ပါပဲ။ သူ့ကို လူတိုင်းက ချစ်ခင်ကြသလို သူအောင်မြင်ဖို့ကိုလည်း လူတိုင်းက လိုလားကြပါတယ်။

ကျနော်လည်း စတီဗင် အောင်မြင်တာကို မြင်လိုပါတယ်။ ဒါပေမယ့် ကျနော်က ဆဲလ်တစ်ပရိသတ် တစ်ဦးအဖြစ် အရွယ်လာခဲ့တာဖြစ်ပြီး ရိန်းဂျားက ကျနော်နဲ့ ဘာမှကို မဆိုင်တဲ့ အသင်းဖြစ်ပါတယ်။ ” လို့ ဖွင့်ဟခဲ့တယ်။

ကာရေဂါက ဒီလို သတင်းမျိုးဆိုရင် သတင်းသမားတွေအကြိုက် ရေးလေ့ရှိတဲ့ ‘ရော်ဘတ်ဆန်ဟာ စတီဗင်ဂျရတ်ကို မကြိုက်ဘူး’ ဆိုပြီး သတင်းအဖြစ်ခံမလို့လား လို့ ထပ်ကွန့်ခဲ့တယ်။

ရော်ဘတ်ဆန်က ” မဟုတ်ပါဘူး။ တစ်ရက်မှာ စတီဗင်က ဒီကို ရောက်လာမှာပါ။ ရိန်းဂျားမှာ သူက အတော်လေး ကောင်းကောင်းမွန်မွန် လုပ်နေတာဖြစ်တယ်။ ဒီရာသီမှာ သူ့အသင်းက အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပြီး ဆဲလ်တစ်ကတော့ ရုန်းကန်နေရတယ်။

လာမယ့် ၆ လအတွင်းမှာ ဆဲလစ်က ကွာဟချက်တွေကို လိုက်မီပြီး အမှတ်ပေးဖလား ၁၀ ရာသီဆက် အနိုင်ရစေချင်ပါတယ်။ အဲ့တာဆိုရင်တော့ သမိုင်းဝင်သွားမှာပါ။ ဒါပေမယ့် ဖြစ်လာမယ် မထင်ပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ ယာဂင်ကလော့ပ်နေရာ ဆက်ခံနိုင်မယ့်သူလို့ နာမည်ကြီးနေသူ တစ်ဦးဖြစ်ပြီး သူနဲ့ ကလော့ပ်တို့ဟာ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေပုံချင်း တူညီကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က စေကာ္တလန္လိဂ္မွာ ရိန္းဂ်ားနဲ႔ ဆဲလ္တစ္တို႔ ျပိဳင္ဆိုင္ေနမႈအတြင္း ရိန္းဂ်ားအသင္းရဲ႕ ေအာင္ျမင္ေနမႈက သူ႔ကို ခံရခက္ေစပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လူငယ္ကစားသမားဘဝကို ဆဲလ္တစ္ကေန စတင္လာခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ ဆဲလ္တစ္အသင္း ပရိသတ္ တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ကလပ္ ဟူးစီးတီးကို ေရာက္လာခဲ့ျပီး ထိုမွတစ္ဆင့္ လီဗာပူးကို ေျပာင္းလာခဲ့သူျဖစ္တယ္။

ကာေရဂါရဲ႕ Greatest Games Podcast အတြက္ ေရာ္ဘတ္ဆန္က ေျဖေပးရာမွာ ” ခက္ခဲတဲ့ အေျခအေနပဲ မဟုတ္လား။ လီဗာပူးအသင္း ေလ့က်င့္ေရးကြင္းကို ေရာက္လာခ်ိန္မွာ စတီဗင္ရဲ႕ ပံုရိပ္ေတြက ေနရာ အႏွံ႔ပါပဲ။ သူ႔ကို လူတိုင္းက ခ်စ္ခင္ၾကသလို သူေအာင္ျမင္ဖို႔ကိုလည္း လူတိုင္းက လိုလားၾကပါတယ္။

က်ေနာ္လည္း စတီဗင္ ေအာင္ျမင္တာကို ျမင္လိုပါတယ္။ ဒါေပမယ့္ က်ေနာ္က ဆဲလ္တစ္ပရိသတ္ တစ္ဦးအျဖစ္ အရြယ္လာခဲ့တာျဖစ္ျပီး ရိန္းဂ်ားက က်ေနာ္နဲ႔ ဘာမွကို မဆိုင္တဲ့ အသင္းျဖစ္ပါတယ္။ ” လို႔ ဖြင့္ဟခဲ့တယ္။

ကာေရဂါက ဒီလို သတင္းမ်ိဳးဆိုရင္ သတင္းသမားေတြအၾကိဳက္ ေရးေလ့ရွိတဲ့ ‘ေရာ္ဘတ္ဆန္ဟာ စတီဗင္ဂ်ရတ္ကို မၾကိဳက္ဘူး’ ဆိုျပီး သတင္းအျဖစ္ခံမလို႔လား လို႔ ထပ္ကြန္႔ခဲ့တယ္။

ေရာ္ဘတ္ဆန္က ” မဟုတ္ပါဘူး။ တစ္ရက္မွာ စတီဗင္က ဒီကို ေရာက္လာမွာပါ။ ရိန္းဂ်ားမွာ သူက အေတာ္ေလး ေကာင္းေကာင္းမြန္မြန္ လုပ္ေနတာျဖစ္တယ္။ ဒီရာသီမွာ သူ႔အသင္းက အဆင့္တစ္ခုကို ေရာက္ရွိသြားခဲ့ျပီး ဆဲလ္တစ္ကေတာ့ ရုန္းကန္ေနရတယ္။

လာမယ့္ ၆ လအတြင္းမွာ ဆဲလစ္က ကြာဟခ်က္ေတြကို လိုက္မီျပီး အမွတ္ေပးဖလား ၁၀ ရာသီဆက္ အႏုိင္ရေစခ်င္ပါတယ္။ အဲ့တာဆိုရင္ေတာ့ သမိုင္းဝင္သြားမွာပါ။ ဒါေပမယ့္ ျဖစ္လာမယ္ မထင္ပါဘူး ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ ယာဂင္ကေလာ့ပ္ေနရာ ဆက္ခံႏုိင္မယ့္သူလို႔ နာမည္ၾကီးေနသူ တစ္ဦးျဖစ္ျပီး သူနဲ႔ ကေလာ့ပ္တို႔ဟာ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနပံုခ်င္း တူညီၾကတာ ျဖစ္ပါတယ္။