လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု သမိုင်းမှာ ၂၀၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်လာမယ့် အင်္ဂလန်အနောက်မြောက်ဒါဘီကို ဒီကနေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံနဲ့ စိန်ခေါ်သူတွေကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ကာ လီဗာပူးက အနိုင်ရမယ်ဆိုရင် ဇယားထိပ်ကို ပြန်တက်နိုင်မှာဖြစ်ပြီး အရေးနိမ့်မယ်ဆိုရင်တော့ လိဂ်ဦးဆောင်သူ ယူနိုက်တက်နဲ့ ၆ မှတ်ထိ ကွာဟသွားမှာဖြစ်တယ်။ ဒီလို ဖြစ်ရပ်မျိုးဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက ဖြစ်ခဲ့သေးပြီး ထိုစဉ်က လိဂ်စိန်ခေါ်သူ လီဗာပူးကို ချန်ပီယံ မန်စီးတီးက အနိုင်ရအောင် ကစားခဲ့ကာ ရမှတ်ကွာဟချက်ကို လျော့ချခဲ့ပါတယ်။

တစ်ချိန်က စိန်ခေါ်သူအဆင့်ကနေ ကြိုးစားခဲ့ရတဲ့ လီဗာပူးက အတိတ်က သင်ခန်းစာကို သတိပြုဖို့လိုပြီး ဒီပွဲက နိုင်ကိုနိုင်ရမယ့်ပွဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ ဒီဒါဘီပွဲကို နိုင်လိုက်မယ်ဆိုရင် ရလဒ်ကော၊ စိတ်ဓါတ်ပိုင်းကပါ အမြင့်ဆုံးကို ပြန်ရောက်လာမှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ လီဗာပူးအသင်း ထုတ်သုံးဖို့ လူစာရင်း (၂) ခုပဲ ရှိပါတယ်။

ပထမဆုံး လူစာရင်းကတော့ ခံစစ်မှာ မာတစ် ပြန်ပါမှုနဲ့အတူ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ဖို့ ဖြစ်ပါတယ်။ ဂိုးသမား အယ်လီဆန်၊ ဘယ်ညာ အစွန်တွေမှာ ရော်ဘတ်ဆန်နဲ့ ထရန့်တို့နဲ့အတူ ဗဟိုခံစစ်က ဖာဘင်ညို၊ မာတစ်အတွဲ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ဟန်ဒါဆန်၊ သီယာဂို၊ ဝိုက်နယ်ဒမ်တို့ဖြစ်ပြီး ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ဖြင့် ပွဲထုတ်ခြင်းဖြစ်တယ်။

၄-၃-၃ ကစားကွက်ဟာ လီဗာပူးရဲ့ အကောင်းဆုံးကစားဟန်ကို မြင်ရတဲ့ နည်းစနစ်ဖြစ်ပြီး ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ မာတစ်တို့လို ကစားသမားတွေ ရှိနေတာက အမြင့်ဘော အောင်နိုင်ရေးအတွက် အဓိက ကျလာမှာဖြစ်တယ်။ သီယာဂိုရဲ့ ဘောလုံးဖြန့်ဝေမှုကလည်း ဖန်တီးမှုပိုင်း ကျဆင်းနေတဲ့ အသင်းအတွက် အထောက်အကူဖြစ်ဖို့ ယုံကြည်ရတယ်။

ဒုတိယလူစာရင်းက မာတစ် ပြန်မပါနိုင်တဲ့ အခြေအနေအတွက်ဖြစ်ကာ ဟန်ဒါဆန်က ဗဟိုခံစစ်နေရာ ဝင်ကစားပြီး ကွင်းလယ်တစ်နေရာမှာ ရှာကွီရီ ပြန်ပါလာခြင်းဖြစ်ပါတယ်။ ရှာကွီရီက တိုက်စစ်အားသန်သူဖြစ်လို့ ကွင်းလယ်ပိုင်းကို ပြန်ဖြည့်ပေးဖို့ရာ ဖာမင်နိုက အတွင်းကို ပြန်ဆင်းကစားပေးမှုတွေ လုပ်ပေးပါလိမ့်မယ်။

ရှာကွီရီရဲ့ အဓိက အားသာချက်က တိုက်စစ်ပိုင်း အမြင်ရှိခြင်းဖြစ်ကာ အားနည်းချက်ကတော့ ခံစစ်ကူညီမှုမှာ ထိရောက်မှု အားနည်းခြင်းဖြစ်တယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးတဲ့ ဆွစ်ဇလန်သားဟာ လက်ကျန် ရာသီဝက်မှာ လီဗာပူးအတွက် နည်းစနစ်ပိုင်း အပြောင်းအလဲတွေ လုပ်ပေးဖို့ အရန်ခုံကနေ ထလာမယ့်သူ ဖြစ်ပါတယ်။

ဒီလိုပွဲဟာ ကြံ့ခိုင်မှုကောင်းမွန်နေတဲ့ အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ဖို့တင် မဟုတ်ဘဲ အကောင်းဆုံး စိတ်ဓါတ်ပိုင်းနဲ့ ယုံကြည်မှုပိုင်းတွေ ရှိနေဖို့လည်း လိုပါတယ်။ ဒီနှစ်တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှုဟာ ဟန်ချက်ညီတဲ့ နှစ်သင်း တွေ့ဆုံတယ်လို့ ပြောလို့ရပြီး စိတ်လှုပ်ရှားစရာ ပြိုင်ပွဲမှာ အနိုင်က လီဗာပူးအသင်းဖြစ်နေဖို့ကတော့ ကျနေ်ာတို့လို ပရိသတ်တွေရဲ့ ဆန္ဒပါပဲ။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ဟာ ႏွစ္သင္းထိပ္တိုက္ေတြ႔ဆံုမႈ သမိုင္းမွာ ၂၀၅ ၾကိမ္ေျမာက္ ေတြ႔ဆံုျခင္းျဖစ္လာမယ့္ အဂၤလန္အေနာက္ေျမာက္ဒါဘီကို ဒီကေန႔မွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံနဲ႔ စိန္ေခၚသူေတြၾကား ထိပ္တိုက္ေတြ႔ဆံုမႈျဖစ္ကာ လီဗာပူးက အႏုိင္ရမယ္ဆိုရင္ ဇယားထိပ္ကို ျပန္တက္ႏုိင္မွာျဖစ္ျပီး အေရးနိမ့္မယ္ဆိုရင္ေတာ့ လိဂ္ဦးေဆာင္သူ ယူႏုိက္တက္နဲ႔ ၆ မွတ္ထိ ကြာဟသြားမွာျဖစ္တယ္။ ဒီလို ျဖစ္ရပ္မ်ိဳးဟာ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီတုန္းက ျဖစ္ခဲ့ေသးျပီး ထိုစဥ္က လိဂ္စိန္ေခၚသူ လီဗာပူးကို ခ်န္ပီယံ မန္စီးတီးက အႏုိင္ရေအာင္ ကစားခဲ့ကာ ရမွတ္ကြာဟခ်က္ကို ေလ်ာ့ခ်ခဲ့ပါတယ္။

တစ္ခ်ိန္က စိန္ေခၚသူအဆင့္ကေန ၾကိဳးစားခဲ့ရတဲ့ လီဗာပူးက အတိတ္က သင္ခန္းစာကို သတိျပဳဖို႔လိုျပီး ဒီပြဲက ႏုိင္ကိုႏုိင္ရမယ့္ပြဲဆိုတာကို နားလည္ထားဖို႔ လိုပါတယ္။ ဒီဒါဘီပြဲကို ႏုိင္လိုက္မယ္ဆိုရင္ ရလဒ္ေကာ၊ စိတ္ဓါတ္ပိုင္းကပါ အျမင့္ဆံုးကို ျပန္ေရာက္လာမွာျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ပြဲမွာ လီဗာပူးအသင္း ထုတ္သံုးဖို႔ လူစာရင္း (၂) ခုပဲ ရွိပါတယ္။

ပထမဆံုး လူစာရင္းကေတာ့ ခံစစ္မွာ မာတစ္ ျပန္ပါမႈနဲ႔အတူ အေတာင့္တင္းဆံုး လူစာရင္းကို ပြဲထုတ္ဖို႔ ျဖစ္ပါတယ္။ ဂိုးသမား အယ္လီဆန္၊ ဘယ္ညာ အစြန္ေတြမွာ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔တို႔နဲ႔အတူ ဗဟိုခံစစ္က ဖာဘင္ညိဳ၊ မာတစ္အတြဲ ျဖစ္ပါတယ္။ ကြင္းလယ္မွာ ဟန္ဒါဆန္၊ သီယာဂို၊ ဝိုက္နယ္ဒမ္တို႔ျဖစ္ျပီး ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ျဖင့္ ပြဲထုတ္ျခင္းျဖစ္တယ္။

၄-၃-၃ ကစားကြက္ဟာ လီဗာပူးရဲ႕ အေကာင္းဆံုးကစားဟန္ကို ျမင္ရတဲ့ နည္းစနစ္ျဖစ္ျပီး ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ မာတစ္တို႔လို ကစားသမားေတြ ရွိေနတာက အျမင့္ေဘာ ေအာင္ႏုိင္ေရးအတြက္ အဓိက က်လာမွာျဖစ္တယ္။ သီယာဂိုရဲ႕ ေဘာလံုးျဖန္႔ေဝမႈကလည္း ဖန္တီးမႈပိုင္း က်ဆင္းေနတဲ့ အသင္းအတြက္ အေထာက္အကူျဖစ္ဖို႔ ယံုၾကည္ရတယ္။

ဒုတိယလူစာရင္းက မာတစ္ ျပန္မပါႏုိင္တဲ့ အေျခအေနအတြက္ျဖစ္ကာ ဟန္ဒါဆန္က ဗဟိုခံစစ္ေနရာ ဝင္ကစားျပီး ကြင္းလယ္တစ္ေနရာမွာ ရွာကီြရီ ျပန္ပါလာျခင္းျဖစ္ပါတယ္။ ရွာကီြရီက တိုက္စစ္အားသန္သူျဖစ္လို႔ ကြင္းလယ္ပိုင္းကို ျပန္ျဖည့္ေပးဖို႔ရာ ဖာမင္ႏိုက အတြင္းကို ျပန္ဆင္းကစားေပးမႈေတြ လုပ္ေပးပါလိမ့္မယ္။

ရွာကီြရီရဲ႕ အဓိက အားသာခ်က္က တိုက္စစ္ပိုင္း အျမင္ရွိျခင္းျဖစ္ကာ အားနည္းခ်က္ကေတာ့ ခံစစ္ကူညီမႈမွာ ထိေရာက္မႈ အားနည္းျခင္းျဖစ္တယ္။ ဒဏ္ရာကေန ျပန္သက္သာလာတာ မၾကာေသးတဲ့ ဆြစ္ဇလန္သားဟာ လက္က်န္ ရာသီဝက္မွာ လီဗာပူးအတြက္ နည္းစနစ္ပိုင္း အေျပာင္းအလဲေတြ လုပ္ေပးဖို႔ အရန္ခံုကေန ထလာမယ့္သူ ျဖစ္ပါတယ္။

ဒီလိုပြဲဟာ ၾကံ႕ခိုင္မႈေကာင္းမြန္ေနတဲ့ အေကာင္းဆံုး လူစာရင္းကို ပိုင္ဆုိင္ဖို႔တင္ မဟုတ္ဘဲ အေကာင္းဆံုး စိတ္ဓါတ္ပိုင္းနဲ႔ ယံုၾကည္မႈပိုင္းေတြ ရွိေနဖို႔လည္း လိုပါတယ္။ ဒီႏွစ္ေတြထဲမွာ ပထမဆံုးအၾကိမ္အျဖစ္ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ထိပ္တုိက္ေတြ႔မႈဟာ ဟန္ခ်က္ညီတဲ့ ႏွစ္သင္း ေတြ႔ဆံုတယ္လို႔ ေျပာလို႔ရျပီး စိတ္လႈပ္ရွားစရာ ျပိဳင္ပြဲမွာ အႏုိင္က လီဗာပူးအသင္းျဖစ္ေနဖို႔ကေတာ့ က်ေန္ာတို႔လို ပရိသတ္ေတြရဲ႕ ဆႏၵပါပဲ။