ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီး လီဗာပူးရဲ့ လေ့ကျင့်ရေးကို ပြန်ဝင်ဖို့က သုံးပတ်လောက်ထိ စောင့်ရဦးမှာဖြစ်ကာ ဖေဖော်ဝါရီလ အစပိုင်းမှ ပြန်ပါလာနိုင်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ပြောပါတယ်။

ဆာလာဟာ လီဗာပူးမှာပဲ ဆက်နေလိုဆဲဖြစ်ပြီး အသင်းမှာရှိနေတဲ့ မိနစ်တိုင်းအတွက် ကြိုးစားပေးသွားမှာဖြစ်ကြောင်း ကစားသမားရဲ့ အသိုင်းအဝိုင်းဘက်က အသံ ထွက်နေပါတယ်။

နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ အနေအထားနဲ့ ပက်သက်ပြီး သူနဲ့အတူ အသင်းဖော်တွေကလည်း ကျေနပ် အားရမှုမရှိ ဖြစ်နေပါတယ်လို့ ကွင်းလယ်လူ သီယာဂိုက ဝန်ခံပါတယ်။

ယူနိုက်တက်က အနိုင်ရသင့်တဲ့အသင်းဆိုတဲ့ လုရှောရဲ့ ပြောဆိုမှုကို ဟန်ဒါဆန်က သူဒီလိုပြောလားလို့ တုန့်ပြန်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ ကံမကောင်းခဲ့ပေမယ့် ပွဲကို လွှမ်းခြုံ ကစားနိုင်စွမ်း ရှိခဲ့ပြီး တကယ်တမ်း စိတ်ပျက်ခဲ့ရတာ လီဗာပူးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းကြီး ပီတာခရော့ချ်က ညက ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ လီဗာပူး တိုက်စစ်မှူး ဖာမီနိုရဲ့ ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေကို သတိထားဖို့ လိုတဲ့ အနေအထားထိပါ ရောက်လာပြီလို့ ထောက်ပြသွားပါတယ်။

လီဗာပူး တိုက်စစ်သမားဟောင်း ဂျွန်ဘမ်းက ယူနိုက်တက်ပွဲမှာ သီယာဂိုနဲ့ တိုက်စစ်သမား သုံးယောက် ပေါင်းဖက်မှုက လိုအပ်ချက်ရှိနေဆဲ ကာလမှာပဲ ရှိနေသေးတယ်လို့ ထုတ်ပြောပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ပထမပိုင်းအတွင်း ပွဲပြီးရမယ့် အချိန်ထက် ခပ်စောစော အဆုံးသတ်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်လို့ အိုဝင်နဲ့ ပေါလ်စခိုးတို့ အပြန်အလှန် ချေပပြောဆိုမှုတွေနဲ့အတူ အကြေအလည် ဖြစ်ခဲ့ကြပါတယ်။

လီဗာပူးအသင်းမှာ ရှိနေတဲ့ ပြဿနာက ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ လီဗာပူးရဲ့ တိုက်စစ်ဖြစ်တယ်လို့ မန်နေဂျာဟောင်း ဆောင်းနက်နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းတို့က စကိုင်းစပေါ့ ဆွေးနွေးခန်းမှာ သုံးသပ်ခဲ့ကြပါတယ်။

လီဗာပူးတိုက်စစ်က ၁၆ နှစ်အတွင်း အဆိုးဆုံး အနေအထားအဖြစ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် ယာဂင်ကလော့ပ်က ချန်ပီယံကာကွယ်ရေးတွေပဲ ထပ်ခါထပ်ခါ ပြောနေမယ့်အစား ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့ကို အရင်ဆုံး ဦးတည်ဖို့ အသင်းကို သတိပေးသွားပါတယ်။

ယူနိုက်တက်ပွဲ ပထမပိုင်းမှာ မာနေး ကောင်တာကစားမယ့် အချိန်အတွင်း ကွင်းလယ်ဒိုင်က ပွဲပြီး ခရာမှုတ်ခဲ့တာအတွက် မကျေနပ်ကြောင်းကို လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

ဂ်ိဳတာဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီး လီဗာပူးရဲ႕ ေလ့က်င့္ေရးကို ျပန္ဝင္ဖို႔က သံုးပတ္ေလာက္ထိ ေစာင့္ရဦးမွာျဖစ္ကာ ေဖေဖာ္ဝါရီလ အစပိုင္းမွ ျပန္ပါလာႏုိင္မယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ေျပာပါတယ္။

ဆာလာဟာ လီဗာပူးမွာပဲ ဆက္ေနလိုဆဲျဖစ္ျပီး အသင္းမွာရွိေနတဲ့ မိနစ္တိုင္းအတြက္ ၾကိဳးစားေပးသြားမွာျဖစ္ေၾကာင္း ကစားသမားရဲ႕ အသိုင္းအဝိုင္းဘက္က အသံ ထြက္ေနပါတယ္။

ႏုိင္ပြဲေတြ ေပ်ာက္ဆံုးေနတဲ့ အေနအထားနဲ႔ ပက္သက္ျပီး သူနဲ႔အတူ အသင္းေဖာ္ေတြကလည္း ေက်နပ္ အားရမႈမရွိ ျဖစ္ေနပါတယ္လို႔ ကြင္းလယ္လူ သီယာဂိုက ဝန္ခံပါတယ္။

ယူႏိုက္တက္က အႏုိင္ရသင့္တဲ့အသင္းဆိုတဲ့ လုေရွာရဲ႕ ေျပာဆိုမႈကို ဟန္ဒါဆန္က သူဒီလိုေျပာလားလို႔ တုန္႔ျပန္ခဲ့ျပီး တိုက္စစ္ပိုင္းမွာ ကံမေကာင္းခဲ့ေပမယ့္ ပြဲကို လႊမ္းျခံဳ ကစားႏုိင္စြမ္း ရွိခဲ့ျပီး တကယ္တမ္း စိတ္ပ်က္ခဲ့ရတာ လီဗာပူးပါလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္းၾကီး ပီတာခေရာ့ခ်္က ညက ယူနိုက္တက္နဲ႕ ဂိုးမရွိ သေရပြဲ အျပီးမွာ လီဗာပူး တိုက္စစ္မွဴး ဖာမီနိုရဲ႕ ဂိုးေရွ႕မွာ ျဖဳန္းတီးမႈေတြကို သတိထားဖို႔ လိုတဲ့ အေနအထားထိပါ ေရာက္လာျပီလို႔ ေထာက္ျပသြားပါတယ္။

လီဗာပူး တိုက္စစ္သမားေဟာင္း ဂၽြန္ဘမ္းက ယူႏုိက္တက္ပြဲမွာ သီယာဂိုနဲ႔ တိုက္စစ္သမား သံုးေယာက္ ေပါင္းဖက္မႈက လိုအပ္ခ်က္ရွိေနဆဲ ကာလမွာပဲ ရွိေနေသးတယ္လို႔ ထုတ္ေျပာပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ ပထမပိုင္းအတြင္း ပြဲျပီးရမယ့္ အခ်ိန္ထက္ ခပ္ေစာေစာ အဆံုးသတ္ခဲ့တဲ့ ကိစၥနဲ႔ ပက္သက္လို႔ အိုဝင္နဲ႔ ေပါလ္စခိုးတို႔ အျပန္အလွန္ ေခ်ပေျပာဆိုမႈေတြနဲ႔အတူ အေၾကအလည္ ျဖစ္ခဲ့ၾကပါတယ္။

လီဗာပူးအသင္းမွာ ရွိေနတဲ့ ျပႆနာက ပရီးမီးယားလိဂ္ ၃ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနတဲ့ လီဗာပူးရဲ႕ တိုက္စစ္ျဖစ္တယ္လို႔ မန္ေနဂ်ာေဟာင္း ေဆာင္းနက္နဲ႔ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ကိန္းတို႔က စကိုင္းစေပါ့ ေဆြးေႏြးခန္းမွာ သံုးသပ္ခဲ့ၾကပါတယ္။

လီဗာပူးတိုက္စစ္က ၁၆ ႏွစ္အတြင္း အဆိုးဆံုး အေနအထားအျဖစ္ ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ေနာက္ ယာဂင္ကေလာ့ပ္က ခ်န္ပီယံကာကြယ္ေရးေတြပဲ ထပ္ခါထပ္ခါ ေျပာေနမယ့္အစား ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာဖို႔ကို အရင္ဆံုး ဦးတည္ဖို႔ အသင္းကို သတိေပးသြားပါတယ္။

ယူႏုိက္တက္ပြဲ ပထမပိုင္းမွာ မာေနး ေကာင္တာကစားမယ့္ အခ်ိန္အတြင္း ကြင္းလယ္ဒိုင္က ပြဲျပီး ခရာမႈတ္ခဲ့တာအတြက္ မေက်နပ္ေၾကာင္းကို လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ထုတ္ေျပာခဲ့ပါတယ္။