လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲသရေ ၁ ပွဲ ရံှူးရလဒ် ထွက်ပေါ်ထားခဲ့ပြီး ဒါဟာ ၂၀၁၇ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၄ ပွဲဆက် နိုင်ပွဲပျောက်မှုလည်း ဖြစ်လာပါတယ်။

အမှတ်ပေးပွဲတွေမှာ ရလဒ်တွေ မကောင်းဖြစ်နေတာက လီဗာပူးရဲ့ အဆင့် ရပ်တည်ချက်ကို ထိခိုက်လာခဲ့ပြီး အောက်က အသင်းတွေ ကျော်တက်ခြင်း ခံလာရကာ အခုဆိုရင် အဆင့် ၄ နေရာထိ ကျဆင်းလာခဲ့ပြီဖြစ်တယ်။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက် လာမယ့် ပွဲတွေမှာ ရလဒ်တွေ ပြန်တက်လာဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။

နောက်ဆုံး ၄ ပွဲမှာ ဝ-၀၊ ၁-၁၊ ၁-ဝ၊ ဝ-၀ ဆိုတဲ့ ရလဒ်တွေ ထွက်ခဲ့တဲ့ လီဗာပူးဟာ တိုက်စစ် ဂိုးပေါက်ပျောက်နေခြင်းအပြင် အသင်းရဲ့ နောက်ဆုံးမိနစ်အတွက် ရွေးချယ်တဲ့ ဗျူဟာအပေါ်မှာလည်း ပရိသတ်တွေက မေးခွန်းထုတ်လာခဲ့တယ်။ ဒါပေမယ့်လို့ ပြဿနာက အဲ့တာတင်ပဲ မဟုတ်ပါဘူး။

နိုင်ပွဲပျောက်နေမှုအတွက် ဝေဖန်မှုတွေ များနေတဲ့ကြားက လက်ရှိ အသင်းရဲ့ အနေအထားဟာ ပိုမို အသေးစိတ်ကျတဲ့ အားနည်းချက်တွေ များနေတာကတော့ သိသာနေခဲ့တယ်။ ခံစစ်ပိုင်း အားနည်းချက်တွေ၊ ကွင်းလယ်ပိုင်း အားနည်းချက်တွေ၊ တိုက်စစ်ပိုင်း အားနည်းချက်တွေအပြင် အခုလို နောက်ဆုံးမိနစ် နည်းဗျူဟာ ရွေးချယ်မှုနဲ့ အမြင့်ဘော ယှဉ်ပြိုင်မှု ကျဆင်းခြင်းတွေကလည်း မြင်သာလာခဲ့ပြီဖြစ်တယ်။

နောက်ဆုံး ၄ ပွဲအတွင်း ပွဲပြီးခါနီး နောက်ဆုံး မိနစ်တွေမှာ လီဗာပူးဟာ တည်ကန်ဘော အခွင့်အရေး ၃ ကြိမ်ထိ ရထားပေမယ့် တစ်ကြိမ်မှ ထူးထူးချွန်ချွန် အနေအထား မရှိခဲ့ပါဘူး။

ပြိုင်ဘက် ဧရိယာထဲမှာ အသင်းဖော်တွေ အခွင့်အရေးရဖို့ ဖန်တီးမှု လုပ်ဖို့အစား နောက်ဆုံး စက္ကန့်ပိုင်းတွေမှာ ဘေးကို အတိုပေးပြီး ကစားကွက် ပြန်စဖို့ ရွေးချယ်နေမှုက အသင်းပရိသတ်တွေကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။

မနှစ်တုန်းကဆိုရင် လီဗာပူးဟာ မိနစ် ၉၀ နဲ့ ပွဲပြီးခါနီးမှ သွင်းယူတဲ့ သွင်းဂိုးတွေ အများအပြား ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ အဲ့လို စိတ်ပိုင်းဖြတ်နိုင်မှုပိုင်းမှာ ကျဆင်းနေပါတယ်။ ယခင်ရာသီတွေက တည်ကန်ဘောတွေမှာ အကူအညီဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့ ဒဏ်ရာတွေကြောင့် မပါနိုင်ချိန်မှာ လီဗာပူးရဲ့ တည်ကန်ဘောတွေက အလုပ်မဖြစ်ခဲ့ပါဘူး။

ဟန်ဒါဆန်ကို ခံစစ်မှာ ဆင်းကစားစေတာက ကွင်းလယ် မောင်းနှင်နိုင်စွမ်းအတွက် အားပျော့စေသလို ဗန်ဒိုက် (သို့) မာတစ် တစ်ဦးဦး မပါနိုင်ချိန်မျာ အမြင့်ဘော ရယူနိုင်စွမ်း ကျဆင်းနေခဲ့တယ်။ ဒီအခြေအနေတွေကို ကလော့ပ်ကလည်း နားလည်ဟန်ရှိပြီး ယူနိုက်တက်ပွဲအပြီး သူ့ရဲ့ အင်တာဗျူးတွေမှာ အမှားတွေကို မြင်ပါတယ်ဆိုတာကို ထုတ်ပြောခဲ့ပါသေးတယ်။

လီဗာပူးက ပြဿနာတွေကို ဖြေရှင်းလာနေချိန်မှာ ရလဒ်ပိုင်း ထိခိုက်မှုတွေ ရှိနိုင်နေသေးတယ် ဆိုပေမယ့်လည်း ဘန်လေနဲ့ပွဲမှာ နိုင်ပွဲရယူပြီး စိတ်ဓါတ်ပိုင်း ပြန်တက်လာအောင် လုပ်နိုင်ဖို့က အရေးကြီးနေပြီလို့ ထောက်ပြမှုတွေ ကျယ်ပြန့်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၄ ပြဲမွာ ၃ ပြဲသေရ ၁ ပြဲ ရံွဴးရလဒ္ ထြက္ေပၚထားခဲ့ျပီး ဒါဟာ ၂၀၁၇ ေဖေဖာ္ဝါရီေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ၄ ပြဲဆက္ ႏုိင္ပြဲေပ်ာက္မႈလည္း ျဖစ္လာပါတယ္။

အမွတ္ေပးပြဲေတြမွာ ရလဒ္ေတြ မေကာင္းျဖစ္ေနတာက လီဗာပူးရဲ႕ အဆင့္ ရပ္တည္ခ်က္ကို ထိခိုက္လာခဲ့ျပီး ေအာက္က အသင္းေတြ ေက်ာ္တက္ျခင္း ခံလာရကာ အခုဆိုရင္ အဆင့္ ၄ ေနရာထိ က်ဆင္းလာခဲ့ျပီျဖစ္တယ္။ ဒီအေျခအေနကို ေက်ာ္လႊားဖို႔အတြက္ လာမယ့္ ပြဲေတြမွာ ရလဒ္ေတြ ျပန္တက္လာဖို႔ လိုအပ္ေနမွာ ျဖစ္ပါတယ္။

ေနာက္ဆံုး ၄ ပြဲမွာ ၀-၀၊ ၁-၁၊ ၁-၀၊ ၀-၀ ဆိုတဲ့ ရလဒ္ေတြ ထြက္ခဲ့တဲ့ လီဗာပူးဟာ တိုက္စစ္ ဂိုးေပါက္ေပ်ာက္ေနျခင္းအျပင္ အသင္းရဲ႕ ေနာက္ဆံုးမိနစ္အတြက္ ေရြးခ်ယ္တဲ့ ဗ်ဴဟာအေပၚမွာလည္း ပရိသတ္ေတြက ေမးခြန္းထုတ္လာခဲ့တယ္။ ဒါေပမယ့္လို႔ ျပႆနာက အဲ့တာတင္ပဲ မဟုတ္ပါဘူး။

ႏုိင္ပြဲေပ်ာက္ေနမႈအတြက္ ေဝဖန္မႈေတြ မ်ားေနတဲ့ၾကားက လက္ရွိ အသင္းရဲ႕ အေနအထားဟာ ပိုမို အေသးစိတ္က်တဲ့ အားနည္းခ်က္ေတြ မ်ားေနတာကေတာ့ သိသာေနခဲ့တယ္။ ခံစစ္ပိုင္း အားနည္းခ်က္ေတြ၊ ကြင္းလယ္ပိုင္း အားနည္းခ်က္ေတြ၊ တိုက္စစ္ပိုင္း အားနည္းခ်က္ေတြအျပင္ အခုလို ေနာက္ဆံုးမိနစ္ နည္းဗ်ဴဟာ ေရြးခ်ယ္မႈနဲ႔ အျမင့္ေဘာ ယွဥ္ျပိဳင္မႈ က်ဆင္းျခင္းေတြကလည္း ျမင္သာလာခဲ့ျပီျဖစ္တယ္။

ေနာက္ဆံုး ၄ ပြဲအတြင္း ပြဲျပီးခါနီး ေနာက္ဆံုး မိနစ္ေတြမွာ လီဗာပူးဟာ တည္ကန္ေဘာ အခြင့္အေရး ၃ ၾကိမ္ထိ ရထားေပမယ့္ တစ္ၾကိမ္မွ ထူးထူးခၽြန္ခၽြန္ အေနအထား မရွိခဲ့ပါဘူး။

ျပိဳင္ဘက္ ဧရိယာထဲမွာ အသင္းေဖာ္ေတြ အခြင့္အေရးရဖို႔ ဖန္တီးမႈ လုပ္ဖို႔အစား ေနာက္ဆံုး စကၠန္႔ပိုင္းေတြမွာ ေဘးကို အတိုေပးျပီး ကစားကြက္ ျပန္စဖို႔ ေရြးခ်ယ္ေနမႈက အသင္းပရိသတ္ေတြၾကား ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့တယ္။

မႏွစ္တုန္းကဆိုရင္ လီဗာပူးဟာ မိနစ္ ၉၀ နဲ႔ ပြဲျပီးခါနီးမွ သြင္းယူတဲ့ သြင္းဂိုးေတြ အမ်ားအျပား ရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အဲ့လို စိတ္ပိုင္းျဖတ္ႏုိင္မႈပိုင္းမွာ က်ဆင္းေနပါတယ္။ ယခင္ရာသီေတြက တည္ကန္ေဘာေတြမွာ အကူအညီျဖစ္တဲ့ ဗန္ဒိုက္နဲ႔ မာတစ္တို႔ ဒဏ္ရာေတြေၾကာင့္ မပါႏုိင္ခ်ိန္မွာ လီဗာပူးရဲ႕ တည္ကန္ေဘာေတြက အလုပ္မျဖစ္ခဲ့ပါဘူး။

ဟန္ဒါဆန္ကို ခံစစ္မွာ ဆင္းကစားေစတာက ကြင္းလယ္ ေမာင္းႏွင္ႏုိင္စြမ္းအတြက္ အားေပ်ာ့ေစသလို ဗန္ဒိုက္ (သို႔) မာတစ္ တစ္ဦးဦး မပါႏုိင္ခ်ိန္မ်ာ အျမင့္ေဘာ ရယူႏုိင္စြမ္း က်ဆင္းေနခဲ့တယ္။ ဒီအေျခအေနေတြကို ကေလာ့ပ္ကလည္း နားလည္ဟန္ရွိျပီး ယူႏုိက္တက္ပြဲအျပီး သူ႔ရဲ႕ အင္တာဗ်ဴးေတြမွာ အမွားေတြကို ျမင္ပါတယ္ဆိုတာကို ထုတ္ေျပာခဲ့ပါေသးတယ္။

လီဗာပူးက ျပႆနာေတြကို ေျဖရွင္းလာေနခ်ိန္မွာ ရလဒ္ပိုင္း ထိခိုက္မႈေတြ ရွိႏုိင္ေနေသးတယ္ ဆိုေပမယ့္လည္း ဘန္ေလနဲ႔ပြဲမွာ ႏုိင္ပြဲရယူျပီး စိတ္ဓါတ္ပိုင္း ျပန္တက္လာေအာင္ လုပ္ႏုိင္ဖို႔က အေရးၾကီးေနျပီလို႔ ေထာက္ျပမႈေတြ က်ယ္ျပန္႔ေနတာ ျဖစ္ပါတယ္။