မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ဂျိုတာတို့ အခြေအနေတွေကို ထုတ်ပြောလာပါတယ်။

သတင်းကောင်းကတော့ မာတစ်ဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေး ဝင်နေပြီဖြစ်ကာ ဘန်လေနဲ့ပွဲမှာ ထည့်သုံးမလားကို စဉ်းစားလို့ ရနေပါပြီ။ ဂျိုတာကတော့ ၂ ပတ်လောက်ထိ နားရဦးမှာဖြစ်ကာ ဖေဖော်ဝါရီလ ပထမအပတ်လောက်မှာ လေ့ကျင့်ရေး ပြန်ဝင်ဖွယ်ရှိတယ်။

ကလော့ပ်က ” မာတစ်က လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနေပြီဖြစ်ပါတယ်။ အခုချိန်မှာ သူ့ကို ထည့်သွင်းမလားကိုပဲ ကျနေ်ာတို့ ဆုံးဖြတ်ပေးရတော့မှာပါ။ မနေ့တုန်းက သူဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေးကို ပြည့်စုံစွာ ဆင်းနိုင်ခဲ့ပါတယ်။

ဒီယေဂိုကတော့ သီတင်းပတ် နည်းနည်းလောက် ဆက်ပြီး နားနေရပါဦးမယ်။ အတိအကျတော့ မသိပါဘူး။ တစ်ပတ်ကနေ နှစ်ပတ်လောက်ထိတော့ လေ့ကျင့်ရေးမှာ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ သူက အချိန်လိုပါတယ်။ နီးကပ်နေမယ့် အနာဂတ်မှာ သူပြန်ကစားနိုင်တဲ့အခါ ကျနေ်ာတို့ အားလုံး ပျော်ရွှင်ရပါမယ် ” လို့ သတင်းပေးခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာက ပြန်သက်သာလာကာ ပွဲထွက်စာရင်းမှာ နေရာပြန်ရခဲ့တဲ့ ရှာကွီရီနဲ့ ပက်သက်လို့လည်း ” ရှာကွီရီရဲ့ အားသာချက်က ဘောလုံးပေးမှု၊ ဖန်တီးမှုနဲ့ အမြင်ရှိတဲ့ အပိုင်းမှာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးပေးချက်နဲ့ ဆက်သွယ်မှုတွေက သိပ်ကို ကောင်းပါတယ်။ ဒါကြောင့်လည်း ပွဲထွက်လူစာရင်းမှာ သူပါဝင်ခွင့် ရနေတာပါ။

ပွဲကစားချိန် သိပ်မရှိထားပဲ ကွင်းထဲမှာ ပါဝင်ခွင့်ရလာသူက သီယာဂိုဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အများကြီး ထပ်မြင်လာရဦးမှာပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးရဲ႕ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ မာတစ္နဲ႔ ဂ်ိဳတာတို႔ အေျခအေနေတြကို ထုတ္ေျပာလာပါတယ္။

သတင္းေကာင္းကေတာ့ မာတစ္ဟာ ပံုမွန္အတုိင္း ေလ့က်င့္ေရး ဝင္ေနျပီျဖစ္ကာ ဘန္ေလနဲ႔ပြဲမွာ ထည့္သံုးမလားကို စဥ္းစားလို႔ ရေနပါျပီ။ ဂ်ိဳတာကေတာ့ ၂ ပတ္ေလာက္ထိ နားရဦးမွာျဖစ္ကာ ေဖေဖာ္ဝါရီလ ပထမအပတ္ေလာက္မွာ ေလ့က်င့္ေရး ျပန္ဝင္ဖြယ္ရွိတယ္။

ကေလာ့ပ္က ” မာတစ္က ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းေနျပီျဖစ္ပါတယ္။ အခုခ်ိန္မွာ သူ႔ကို ထည့္သြင္းမလားကိုပဲ က်ေန္ာတို႔ ဆံုးျဖတ္ေပးရေတာ့မွာပါ။ မေန႔တုန္းက သူဟာ ပံုမွန္အတိုင္း ေလ့က်င့္ေရးကို ျပည့္စံုစြာ ဆင္းႏုိင္ခဲ့ပါတယ္။

ဒီေယဂိုကေတာ့ သီတင္းပတ္ နည္းနည္းေလာက္ ဆက္ျပီး နားေနရပါဦးမယ္။ အတိအက်ေတာ့ မသိပါဘူး။ တစ္ပတ္ကေန ႏွစ္ပတ္ေလာက္ထိေတာ့ ေလ့က်င့္ေရးမွာ ပါႏုိင္ဦးမွာ မဟုတ္ပါဘူး။ သူက အခ်ိန္လိုပါတယ္။ နီးကပ္ေနမယ့္ အနာဂတ္မွာ သူျပန္ကစားႏုိင္တဲ့အခါ က်ေန္ာတို႔ အားလံုး ေပ်ာ္ရႊင္ရပါမယ္ ” လို႔ သတင္းေပးခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာက ျပန္သက္သာလာကာ ပြဲထြက္စာရင္းမွာ ေနရာျပန္ရခဲ့တဲ့ ရွာကီြီရီနဲ႔ ပက္သက္လို႔လည္း ” ရွာကီြရီရဲ႕ အားသာခ်က္က ေဘာလံုးေပးမႈ၊ ဖန္တီးမႈနဲ႔ အျမင္ရွိတဲ့ အပိုင္းမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္ဆံုးေပးခ်က္နဲ႔ ဆက္သြယ္မႈေတြက သိပ္ကို ေကာင္းပါတယ္။ ဒါေၾကာင့္လည္း ပြဲထြက္လူစာရင္းမွာ သူပါဝင္ခြင့္ ရေနတာပါ။

ပြဲကစားခ်ိန္ သိပ္မရွိထားပဲ ကြင္းထဲမွာ ပါဝင္ခြင့္ရလာသူက သီယာဂိုျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးလံုး ေကာင္းေကာင္းကစားႏုိင္ခဲ့ပါတယ္။ အမ်ားၾကီး ထပ္ျမင္လာရဦးမွာပါ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။