လီဗာပူးဟာ ကြားရက်ပွဲအဖြစ် ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ထိပ်ဆုံးအသင်းတွေနဲ့ ရမှတ် မကွာဖို့ ဒီပွဲကို အနိုင်ယူဖို့ လိုပါမယ်။

နည်းစနစ်ပိုင်းအတွက် အားရစရာ သတင်းက ဗဟိုခံစစ်မှူး မာတစ် ဒဏ်ရာက ပြန်သက်သာလာပြီး ပြန်ကစားနိုင်ပါပြီ။ မာတစ် ပြန်လာနိုင်ခြင်းက ကလော့ပ်အတွက် ခံစစ်ပိုင်း ရွေးချယ်မှု ရဖို့တင် မဟုတ်ဘဲ ဟန်ဒါဆန်ကို မူလနေရာ ပြန်ပို့နိုင်တာကြောင့် နည်းစနစ်ပိုင်း နေရာအချို့မှာ အကောင်းမြင်စရာတွေ များလာနိုင်ပါတယ်။

မာတစ်ကို သေချာပေါက် ထည့်သုံးမယ်လို့ ယုံကြည်ရကာ ဘန်လေပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့ လူစာရင်း ၂ ခုကို ခန့်မှန်း ဖော်ပြပါမယ်။

မာတစ်ပြန်ပါလာမယ့် ၄-၃-၃

Alisson; Trent, Matip, Fabinho, Robertson; Thiago, Henderson, Wijnaldum; Salah, Mane, Firmino

၄-၃-၃ ကစားကွက်ကိုပဲ ဆက်မြင်တွေ့ရနိုင်မှာဖြစ်ပြီး ယူနိုက်တက်ပွဲ လူစာရင်းကနေ ရှာကွီရီကို ထုတ်သုံးပြီး မာတစ် ပြန်ပါလာပါမယ်။ ဗဟိုခံစစ်အတွက် မာတစ် ပြန်ပါလာနိုင်ခြင်းနဲ့အတူ ကွင်းလယ်သုံးယောက်တန်း တစ်နေရာမှာ ဟန်ဒါဆန် ပြန်ဝင်ကစားနိုင်မယ်လို့ မျှော်လင့်ရတယ်။ ခံစစ်မှာ မာတစ် ပြန်ပါခြင်းနဲ့ ကွင်းလယ်မှာ ဟန်ဒါဆန် ပြန်ပါခြင်းက အမြင့်ဘော အောင်မြင်မှုနှုန်း ကျဆင်းနေတဲ့ လီဗာပူးအတွက် အကျိုးဖြစ်မယ့် အပြောင်းအလဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ ပွဲတွေမှာ တိုက်စစ်ကို မြန်မြန် ပြန်မစနိုင်ရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အမြင့်ဘော အောင်မြင်မှု နည်းခြင်းကလည်း အရေးပါပါတယ်။ ကွင်းလယ်က သီယာဂို၊ ဝိုက်နယ်ဒမ်တို့က အမြင့်ဘော ရယူမှုမှာ ရုန်းကန်နေရပြီး ယခင်ပုံစံအတိုင်း ဟန်ဒါဆန်က ကွင်းလယ်မှာ အမြင့်ဘော စီးချင်းထိုးမှုတွေ လုပ်ပေးကာ သူ့ကိုယ် ကျော်လွန်သွားတဲ့ အမြင့်ဘောတွေကို ခံစစ်က မာတစ်တို့က အနိုင်ယူပေးတာက ပွဲကို လွှမ်းမိုးမှုမှာ ကွာခြားမှု ရှိလာစေပါမယ်။

ဒီနောက်ပိုင်းပွဲတွေမှာ လီဗာပူးက အဆုံးသတ်ပိုင်းမှာ အခွင့်အရေး မရခြင်း မဟုတ်ဘဲ နေရာပြောင်းကစားရမှုတွေကြောင့် အရင်ပုံစံတွေအတိုင်း ကစားဟန်ကို ခပ်မြန်မြန် မကစားနိုင်တာနဲ့ ပိတ်သွင်းမှုတွေမှာ ဆန္ဒစောနေတာက အဓိက ပြဿနာဖြစ်ခဲ့တာပါ။ ဒါ့အပြင် မာတစ်လို အရပ်အမောင်း မြင့်မားသူ မရှိခြင်းက တည်ကန်ဘောတွေမှာ ခြိမ်းခြောက်နိုင်မှုလည်း အားနည်းစေတယ်။

တိုက်စစ်ကို အပြောင်းအလဲဖြစ်စေမယ့် ၄-၂-၃-၁

Alisson; Trent, Matip, Fabinho, Robertson; Thiago, Henderson; Shaqiri, Mane, Minamino; Salah

ဒီရာသီမှာ မန်နေဂျာကလေ့ာပ်က ၄-၂-၃-၁ ကစားကွက်ကို မကြာခဏ မိတ်ဆက်ပေးထားပါတယ်။ လူကြိုက်များခဲ့တာကတော့ ဂျိုတာ အပါအဝင် လေးယောက်တန်း တိုက်စစ်ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အပြောင်းအလဲတွေ ပါလာနိုင်ပါတယ်။

တိုက်စစ်မှာ ခြေစွမ်းကျနေတဲ့ ဖာမင်နိုကို အနားပေးပြီး ပဲလေစ့်ပွဲနောက်ပိုင်း အက်ဖ်အေပွဲမှာပဲ ကစားခွင့်ရထားတဲ့ မီနာမီနိုကို ထည့်သွင်းကာ တိုက်စစ်ကို ပြောင်းကစားနိုင်ပါတယ်။ လောလောဆယ်ထိတော့ ဒါက ဖြစ်နိုင်ချေနည်းတဲ့ အနေအထားဖြစ်ပေမယ့်လည်း တိုက်စစ်ကို ပြောင်းလဲမယ်ဆိုရင် ကလော့ပ်မှာ သုံးစရာ မီနာမီနို တစ်ဦးတည်း ရှိပါတယ်။

ပုံမှာ မီနာမီနိုက ဘယ်ခြမ်းကို ထွက်ကစားနေပေမယ့် တိုက်စစ်နောက်က သုံးယောက်တန် အလယ်နေရာကို ဝင်ကစားပေးနိုင်သလို အထောင်တိုက်စစ်နေရာမှာ ဖိအားပေးမှုတွေကို အဓိက ဝင်လုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ မီနာမီနိုရဲ့ အကောင်းဆုံး အရည်အချင်းက တိုက်စစ်သမားနောက်မှာနေပြီး ဖိအားပေးမှုတွေ လုပ်ပေးခြင်းလို့ ကလော့ပ်က ပြောဖူးပါတယ်။

ZAWGYI

လီဗာပူးဟာ ၾကားရက္ပြဲအျဖစ္ ဘန္ေလကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ထိပ္ဆံုးအသင္းေတြနဲ႔ ရမွတ္ မကြာဖို႔ ဒီပြဲကို အႏုိင္ယူဖို႔ လိုပါမယ္။

နည္းစနစ္ပိုင္းအတြက္ အားရစရာ သတင္းက ဗဟိုခံစစ္မွဴး မာတစ္ ဒဏ္ရာက ျပန္သက္သာလာျပီး ျပန္ကစားႏုိင္ပါျပီ။ မာတစ္ ျပန္လာႏုိင္ျခင္းက ကေလာ့ပ္အတြက္ ခံစစ္ပိုင္း ေရြးခ်ယ္မႈ ရဖို႔တင္ မဟုတ္ဘဲ ဟန္ဒါဆန္ကို မူလေနရာ ျပန္ပို႔ႏုိင္တာေၾကာင့္ နည္းစနစ္ပိုင္း ေနရာအခ်ိဳ႔မွာ အေကာင္းျမင္စရာေတြ မ်ားလာႏုိင္ပါတယ္။

မာတစ္ကို ေသခ်ာေပါက္ ထည့္သံုးမယ္လို႔ ယံုၾကည္ရကာ ဘန္ေလပြဲမွာ ကေလာ့ပ္ ထုတ္သံုးႏုိင္တဲ့ လူစာရင္း ၂ ခုကို ခန္႔မွန္း ေဖာ္ျပပါမယ္။

မာတစ္ျပန္ပါလာမယ့္ ၄-၃-၃

Alisson; Trent, Matip, Fabinho, Robertson; Thiago, Henderson, Wijnaldum; Salah, Mane, Firmino

၄-၃-၃ ကစားကြက္ကိုပဲ ဆက္ျမင္ေတြ႔ရႏုိင္မွာျဖစ္ျပီး ယူႏုိက္တက္ပြဲ လူစာရင္းကေန ရွာကီြရီကို ထုတ္သံုးျပီး မာတစ္ ျပန္ပါလာပါမယ္။ ဗဟိုခံစစ္အတြက္ မာတစ္ ျပန္ပါလာႏုိင္ျခင္းနဲ႔အတူ ကြင္းလယ္သံုးေယာက္တန္း တစ္ေနရာမွာ ဟန္ဒါဆန္ ျပန္ဝင္ကစားႏုိင္မယ္လို႔ ေမွ်ာ္လင့္ရတယ္။ ခံစစ္မွာ မာတစ္ ျပန္ပါျခင္းနဲ႔ ကြင္းလယ္မွာ ဟန္ဒါဆန္ ျပန္ပါျခင္းက အျမင့္ေဘာ ေအာင္ျမင္မႈႏႈန္း က်ဆင္းေနတဲ့ လီဗာပူးအတြက္ အက်ိဳးျဖစ္မယ့္ အေျပာင္းအလဲ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကုန္ခဲ့တဲ့ ပြဲေတြမွာ တိုက္စစ္ကို ျမန္ျမန္ ျပန္မစႏုိင္ရတဲ့ အဓိက အေၾကာင္းရင္းေတြထဲမွာ အျမင့္ေဘာ ေအာင္ျမင္မႈ နည္းျခင္းကလည္း အေရးပါပါတယ္။ ကြင္းလယ္က သီယာဂို၊ ဝိုက္နယ္ဒမ္တို႔က အျမင့္ေဘာ ရယူမႈမွာ ရုန္းကန္ေနရျပီး ယခင္ပံုစံအတိုင္း ဟန္ဒါဆန္က ကြင္းလယ္မွာ အျမင့္ေဘာ စီးခ်င္းထိုးမႈေတြ လုပ္ေပးကာ သူ႔ကိုယ္ ေက်ာ္လြန္သြားတဲ့ အျမင့္ေဘာေတြကို ခံစစ္က မာတစ္တို႔က အႏုိင္ယူေပးတာက ပြဲကို လႊမ္းမိုးမႈမွာ ကြာျခားမႈ ရွိလာေစပါမယ္။

ဒီေနာက္ပိုင္းပြဲေတြမွာ လီဗာပူးက အဆံုးသတ္ပိုင္းမွာ အခြင့္အေရး မရျခင္း မဟုတ္ဘဲ ေနရာေျပာင္းကစားရမႈေတြေၾကာင့္ အရင္ပံုစံေတြအတိုင္း ကစားဟန္ကို ခပ္ျမန္ျမန္ မကစားႏုိင္တာနဲ႔ ပိတ္သြင္းမႈေတြမွာ ဆႏၵေစာေနတာက အဓိက ျပႆနာျဖစ္ခဲ့တာပါ။ ဒါ့အျပင္ မာတစ္လို အရပ္အေမာင္း ျမင့္မားသူ မရွိျခင္းက တည္ကန္ေဘာေတြမွာ ျခိမ္းေျခာက္ႏုိင္မႈလည္း အားနည္းေစတယ္။

တိုက္စစ္ကို အေျပာင္းအလဲျဖစ္ေစမယ့္ ၄-၂-၃-၁

Alisson; Trent, Matip, Fabinho, Robertson; Thiago, Henderson; Shaqiri, Mane, Minamino; Salah

ဒီရာသီမွာ မန္ေနဂ်ာကေလ့ာပ္က ၄-၂-၃-၁ ကစားကြက္ကို မၾကာခဏ မိတ္ဆက္ေပးထားပါတယ္။ လူၾကိဳက္မ်ားခဲ့တာကေတာ့ ဂ်ိဳတာ အပါအဝင္ ေလးေယာက္တန္း တိုက္စစ္ပံုစံျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ အေျပာင္းအလဲေတြ ပါလာႏုိင္ပါတယ္။

တိုက္စစ္မွာ ေျခစြမ္းက်ေနတဲ့ ဖာမင္ႏိုကို အနားေပးျပီး ပဲေလစ့္ပြဲေနာက္ပိုင္း အက္ဖ္ေအပြဲမွာပဲ ကစားခြင့္ရထားတဲ့ မီနာမီႏိုကို ထည့္သြင္းကာ တိုက္စစ္ကို ေျပာင္းကစားႏုိင္ပါတယ္။ ေလာေလာဆယ္ထိေတာ့ ဒါက ျဖစ္ႏုိင္ေခ်နည္းတဲ့ အေနအထားျဖစ္ေပမယ့္လည္း တိုက္စစ္ကို ေျပာင္းလဲမယ္ဆိုရင္ ကေလာ့ပ္မွာ သံုးစရာ မီနာမီႏို တစ္ဦးတည္း ရွိပါတယ္။

ပံုမွာ မီနာမီႏိုက ဘယ္ျခမ္းကို ထြက္ကစားေနေပမယ့္ တိုက္စစ္ေနာက္က သံုးေယာက္တန္ အလယ္ေနရာကို ဝင္ကစားေပးႏုိင္သလို အေထာင္တိုက္စစ္ေနရာမွာ ဖိအားေပးမႈေတြကို အဓိက ဝင္လုပ္ေပးတာလည္း ျဖစ္ႏုိင္ပါတယ္။ မီနာမီႏိုရဲ႕ အေကာင္းဆံုး အရည္အခ်င္းက တိုက္စစ္သမားေနာက္မွာေနျပီး ဖိအားေပးမႈေတြ လုပ္ေပးျခင္းလို႔ ကေလာ့ပ္က ေျပာဖူးပါတယ္။