လီဗာပူးတိုက်စစ်သမား ဆာလာရဲ့ အန်ဖီးနဲ့ စာချုပ်က ၂ နှစ်ခွဲပဲ ကျန်ရှိတာကြောင့် ကစားသမားဘက်က အနာဂတ်အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ထွက်ပေါ်ထားပါတယ်။

ပထမဦးစွာ စပိန်သတင်းဌာန AS နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ပြောင်းခွင့်ရမယ်ဆိုရင် ယတိပြတ် မငြင်းဆန်တဲ့ သဘောတွေ ပြောထားတယ်။ နောက်ထပ် အင်တာဗျူးမှာတော့ သူနဲ့ လီဗာပူးကြား စာချုပ်သစ် သက်တမ်းတိုးဖို့က လီဗာပူးလက်ထဲမှာပဲ ရှိနေပါတယ်လို့ ဆိုထားပါတယ်။

လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့ကို တူညီတဲ့ ကာလ အပိုင်းအခြားတွေမှာ စာချုပ်ကုန်မှာဖြစ်ပြီး အခုချိန်ထိတော့ တစ်ဦးကိုမှ သက်တမ်းတိုးဖို့ ညိနှိုင်းမှုတွေ မလုပ်သေးပါဘူး။ ဒါပေမယ့်လို့ လီဗာပူး အသိုင်းအဝိုင်းကြားမှာတော့ ဗန်ဒိုက်နဲ့ ဖာဘင်ညိုကို သက်တမ်းတိုးဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်လိမ့်မယ်လို့ မှတ်ချက်ရှိနေကြတယ်။

တယ်လီဂရပ်က အကြီးတန်းသတင်းထောက် Sam Wallace က ရီးရဲလ်မက်ဒရစ်ဟာ ကွင်းတိုးချဲ့ဖို့ ချေယူထားတဲ့ ငွေကြေးတွေ အပါအဝင် ကြွေးမြှီ ယူရို ၁ ဘီလျံလောက် ရှိသလို ဘာစီလိုနာရဲ့ မနှစ်ကနဲ့ ဒီနှစ်အတွင်း ကိုဗစ်ကြောင့် ဆုံးရံှူးမယ့်ငွေကြေးက ယူရို သန်း ရာနဲ့ချီ ရှိတယ်လို့ ဖော်ပြခဲ့တယ်။

နှစ်သင်းလုံးဟာ ကစားသမား လုပ်ခပိုင်း ကြီးမြင့်မှုတွေနဲ့အတူ အတော်လေး ရုန်းကန်နေရတဲ့ အခြေအနေဖြစ်လို့ ဆာလာလို ကစားသမားကို လက်မှတ်ထိုး ခေါ်ယူရေး လုပ်ရှားလာဖို့က ဖြစ်ဖို့ ခက်ခဲလွန်းတဲ့ ကိစ္စ ဖြစ်နေကာ စပိန်အစိုးရဘက်ကလည်း ဘဏ္ဍရေး ထိခိုက်မှုကြီးမယ့် ကိစ္စတွေမှာ ထောက်ခံမှုတွေ ပေးမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဆာလာဟာ လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စတွေ မစတင်သေးသော်လည်း စာချုပ် နှစ်နှစ်ခွဲပဲ ကျန်တော့တဲ့ ၂၈ နှစ်သား တိုက်စစ်သမားကို စပိန်ကလပ်တွေက ယခင် ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင် ခေါ်ယူခဲ့သလို လုပ်နိုင်မယ့် အခြေအနေမျိုးမှာ ရှိမနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလာရဲ႕ အန္ဖီးနဲ႔ စာခ်ဳပ္က ၂ ႏွစ္ခြဲပဲ က်န္ရွိတာေၾကာင့္ ကစားသမားဘက္က အနာဂတ္အတြက္ ရည္ရြယ္တဲ့ လႈပ္ရွားမႈေတြ ဆက္တိုက္ ထြက္ေပၚထားပါတယ္။

ပထမဦးစြာ စပိန္သတင္းဌာန AS နဲ႔ အင္တာဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ကို ေျပာင္းခြင့္ရမယ္ဆိုရင္ ယတိျပတ္ မျငင္းဆန္တဲ့ သေဘာေတြ ေျပာထားတယ္။ ေနာက္ထပ္ အင္တာဗ်ဴးမွာေတာ့ သူနဲ႔ လီဗာပူးၾကား စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔က လီဗာပူးလက္ထဲမွာပဲ ရွိေနပါတယ္လို႔ ဆိုထားပါတယ္။

လီဗာပူးအသင္းဟာ အဓိက ကစားသမားေတြျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဗန္ဒိုက္၊ ဖာဘင္ညိဳတို႔ကို တူညီတဲ့ ကာလ အပိုင္းအျခားေတြမွာ စာခ်ဳပ္ကုန္မွာျဖစ္ျပီး အခုခ်ိန္ထိေတာ့ တစ္ဦးကိုမွ သက္တမ္းတိုးဖို႔ ညိႏိႈင္းမႈေတြ မလုပ္ေသးပါဘူး။ ဒါေပမယ့္လို႔ လီဗာပူး အသိုင္းအဝုိင္းၾကားမွာေတာ့ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳကို သက္တမ္းတိုးဖို႔ကို ဦးစားေပးအျဖစ္ ေရြးခ်ယ္လိမ့္မယ္လို႔ မွတ္ခ်က္ရွိေနၾကတယ္။

တယ္လီဂရပ္က အၾကီးတန္းသတင္းေထာက္ Sam Wallace က ရီးရဲလ္မက္ဒရစ္ဟာ ကြင္းတိုးခ်ဲ႔ဖို႔ ေခ်ယူထားတဲ့ ေငြေၾကးေတြ အပါအဝင္ ေၾကြးျမွီ ယူရို ၁ ဘီလ်ံေလာက္ ရွိသလို ဘာစီလိုနာရဲ႕ မႏွစ္ကနဲ႔ ဒီႏွစ္အတြင္း ကိုဗစ္ေၾကာင့္ ဆံုးရံွဴးမယ့္ေငြေၾကးက ယူရို သန္း ရာနဲ႔ခ်ီ ရွိတယ္လို႔ ေဖာ္ျပခဲ့တယ္။

ႏွစ္သင္းလံုးဟာ ကစားသမား လုပ္ခပိုင္း ၾကီးျမင့္မႈေတြနဲ႔အတူ အေတာ္ေလး ရုန္းကန္ေနရတဲ့ အေျခအေနျဖစ္လို႔ ဆာလာလို ကစားသမားကို လက္မွတ္ထိုး ေခၚယူေရး လုပ္ရွားလာဖို႔က ျဖစ္ဖို႔ ခက္ခဲလြန္းတဲ့ ကိစၥ ျဖစ္ေနကာ စပိန္အစိုးရဘက္ကလည္း ဘ႑ေရး ထိခိုက္မႈၾကီးမယ့္ ကိစၥေတြမွာ ေထာက္ခံမႈေတြ ေပးမွာ မဟုတ္ဘူးလို႔ သူက ဆိုပါတယ္။

ဆာလာဟာ လီဗာပူးနဲ႔ စာခ်ဳပ္သစ္ကိစၥေတြ မစတင္ေသးေသာ္လည္း စာခ်ဳပ္ ႏွစ္ႏွစ္ခဲြပဲ က်န္ေတာ့တဲ့ ၂၈ ႏွစ္သား တိုက္စစ္သမားကို စပိန္ကလပ္ေတြက ယခင္ ပရီးမီးယားလိဂ္ ထိပ္တန္း ကစားသမားေတြကို ဆြဲေဆာင္ ေခၚယူခဲ့သလို လုပ္ႏုိင္မယ့္ အေျခအေနမ်ိဳးမွာ ရွိမေနတာ ျဖစ္ပါတယ္။