ဇန်နဝါရီဈေးကွက်မှာ ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ အားလုံးက မြင်လိုကြပေမယ့် အသင်းဘက်က ခေါ်ယူဖို့ အစီအစဉ် မရှိဘဲ ဘန်လေကို အရေးနိမ့်အပြီးမှာ ဈေးကွက်ထဲဝင်ရေး ဆုံးဖြတ်ချက်က သူလုပ်ပိုင်ခွင့် မရှိဘူးလို့ ကလော့ပ်က အရိပ်အမြွက် ဖွင့်ပြောလာပါတယ်။

ဈေးကွက်ကိစ္စနဲ့ ပက်သက်ပြီး ကလော့ပ်က ” ဒီဆုံးဖြတ်ချက်တွေက ကျနော် လုပ်ရတာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ခေါ်မလားဆိုတာ ကျနော် ဆုံးဖြတ်ပေးလို့ မရပါဘူး။ အဲ့တာကလည်း ကျနော် စဉ်းစားလို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီအသင်းက ပိုကောင်းကောင်း ကစားနိုင်ပါတယ်။ ဘောလုံးကောင်းကောင်း ကစားနိုင်ဖို့နဲ့ ပက်သက်လို့ပဲ စိုးရိမ်မိပါတယ်။ အဲ့တာကပဲ ကျျနော် စဉ်းစားနေမိတာပါ။ ယုံကြည်ချက်တွေက အမြင့်ဆုံး အဆင့်မှာ ရှိမနေသလို အဲ့တာက မပြောလည်း သိပ် သိသာပါတယ်။ အထိက အခိုက်အတန့်တွေမှာ ဒါကို အားလုံးလည်း မြင်ကြမှာပါ။

ကောင်လေးတွေက သူတို့ လုပ်နေကျအတိုင်း ၉၀% လောက်ထိကို လုပ်နိုင်နေဆဲပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့ ၁၀% လောက်မှာတော့ လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ်။ ဒါကြောင့် ကျနေ်ာတို့ အဆုံးအဖြတ် ၁၀% အတွက် ကျနေ်ာတို့ အလုပ်လုပ်ရမှာပါ။ ကျနေ်ာတို့ အမြဲတမ်း ကြိုးစားပါတယ် ဒါပေမယ့် အခုတော့ ပိုပြီး ကြိုးစားရမှာပါ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းသား အများအပြားက ပုံမှန်ခြေစွမ်း ကျဆင်းနေတာကြောင့် ယာဂင်ကလော့ပ် အတော်လေး အကြပ်ရိုက်နေပြီး ဆာလာ၊ မာနေး၊ ဖာမင်နိုဟာ ဆိုးဆိုးရွားရွားကို သွင်းဂိုး ခြိမ်းခြောက်နိုင်စွမ်းတွေ ကျဆင်းနေတာဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီေစ်းကြက္မွာ ခံစစ္မွဴးတစ္ဦး ေခၚယူဖို႔ အားလံုးက ျမင္လိုၾကေပမယ့္ အသင္းဘက္က ေခၚယူဖို႔ အစီအစဥ္ မရွိဘဲ ဘန္ေလကို အေရးနိမ့္အျပီးမွာ ေစ်းကြက္ထဲဝင္ေရး ဆံုးျဖတ္ခ်က္က သူလုပ္ပိုင္ခြင့္ မရွိဘူးလို႔ ကေလာ့ပ္က အရိပ္အျမြက္ ဖြင့္ေျပာလာပါတယ္။

ေစ်းကြက္ကိစၥနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” ဒီဆံုးျဖတ္ခ်က္ေတြက က်ေနာ္ လုပ္ရတာ မဟုတ္ပါဘူး။ တစ္ေယာက္ေယာက္ကို ေခၚမလားဆိုတာ က်ေနာ္ ဆံုးျဖတ္ေပးလို႔ မရပါဘူး။ အဲ့တာကလည္း က်ေနာ္ စဥ္းစားလို႔မရတဲ့ ကိစၥ ျဖစ္ပါတယ္။

ဒီအသင္းက ပိုေကာင္းေကာင္း ကစားႏုိင္ပါတယ္။ ေဘာလံုးေကာင္းေကာင္း ကစားႏုိင္ဖို႔နဲ႔ ပက္သက္လို႔ပဲ စိုးရိမ္မိပါတယ္။ အဲ့တာကပဲ က််ေနာ္ စဥ္းစားေနမိတာပါ။ ယံုၾကည္ခ်က္ေတြက အျမင့္ဆံုး အဆင့္မွာ ရွိမေနသလို အဲ့တာက မေျပာလည္း သိပ္ သိသာပါတယ္။ အထိက အခိုက္အတန္႔ေတြမွာ ဒါကို အားလံုးလည္း ျမင္ၾကမွာပါ။

ေကာင္ေလးေတြက သူတို႔ လုပ္ေနက်အတိုင္း ၉၀% ေလာက္ထိကို လုပ္နုိင္ေနဆဲပါ။ ဒါေပမယ့္လို႔ အဓိကက်တဲ့ ၁၀% ေလာက္မွာေတာ့ လိုအပ္ခ်က္ေတြ ရွိေနတာျဖစ္တယ္။ ဒါေၾကာင့္ က်ေန္ာတို႔ အဆံုးအျဖတ္ ၁၀% အတြက္ က်ေန္ာတို႔ အလုပ္လုပ္ရမွာပါ။ က်ေန္ာတို႔ အျမဲတမ္း ၾကိဳးစားပါတယ္ ဒါေပမယ့္ အခုေတာ့ ပိုျပီး ၾကိဳးစားရမွာပါ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းသား အမ်ားအျပားက ပံုမွန္ေျခစြမ္း က်ဆင္းေနတာေၾကာင့္ ယာဂင္ကေလာ့ပ္ အေတာ္ေလး အၾကပ္ရိုက္ေနျပီး ဆာလာ၊ မာေနး၊ ဖာမင္ႏိုဟာ ဆိုးဆိုးရြားရြားကို သြင္းဂိုး ျခိမ္းေျခာက္ႏုိင္စြမ္းေတြ က်ဆင္းေနတာျဖစ္ပါတယ္။