အန်ဖီးခံတပ်လို့ ပရိသတ်တွေ ဂုဏ်ယူခဲ့ရတဲ့ အိမ်ကွင်း ရလဒ်ကောင်းဟာ ၆၉ ပွဲမြောက်မှာ ရပ်တန့်သွားခြင်းနဲ့အတူ ၄ နှစ်ကြာ ထိန်းသိမ်းလာတဲ့ ယုံကြည်မှုတွေက အဝေးကို လွင့်ပျယ်သွားခဲ့ပြီဖြစ်ပါတယ်။

ဘန်လေကို မိနစ် ၈၀ ကျော်မှ ပင်နယ်တီ ပေးခဲ့ရကာ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့တာက ” မျက်နှာကို လက်သီးနဲ့ အထိုးခံလိုက်ရသလိုပါပဲ ” လို့ ကလော့ပ်က နာနာကျင်ကျင် တုန့်ပြန်ခဲ့တယ်။

လီဗာပူးအသင်းက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကနေ လွင့်ထွက်သွားပြီလို့ ပြောဖို့ကတော့ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့်လို့ ချက်ကောက်ကို အထိုးခံခဲ့ရပြီဖြစ်လို့ အထိနာနေခဲ့ပါပြီ။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို ဆက်တိုက် စိန်ခေါ်ပြမှုတွေနဲ့အတူ ဥရောပမှာ ပြန်လည် ထွန်းတောက်လာတဲ့ လီဗာပူးက ဒီရာသီမှာတော့ ဆုံးရံှူးမှုတွေ များနေပေမယ့် အရာအားလုံး ဆုံးရံှူးသွားတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။

ဒဏ်ရာ ပြဿနာတွေ နှိပ်စက်မှုတွေကြောင့် ခြေစွမ်း အကျဘက်ကို ရောက်လာခဲ့တဲ့ အသင်းက နောက်ဆုံး ကစားသမားတဲ့ ၁၅ မှတ်မှာ ၃ မှတ်သာ ရခဲ့တာဖြစ်တယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ် မေလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် သွင်းဂိုး ပျောက်ဆုံးခဲ့ပါတယ်။

ဂျာမာန်သား မန်နေဂျာကြီးရဲ့ ၅ နှစ်ခွဲ ကာလအတွင်းမှာ အဆိုးရွားဆုံး အနေအထားကို ရောက်လာခဲ့ခြင်းဖြစ်ကာ လီဗာပူးရဲ့ လာမယ့် ပြိုင်ဘက်တွေက အက်ဖ်အေပွဲအဖြစ် ယူနိုက်တက် (အဝေးကွင်း) ပွဲကနေ စတင်မှာဖြစ်တယ်။ စပါး၊ ဝက်ဟမ်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းတွေအပြင် မန်စီးတီး (အိမ်ကွင်း)၊ လက်စတာ (အဝေးကွင်း)၊ လိုက်ဇစ် (အဝေးကွင်း) နဲ့ အဲဗာတန် (အိမ်ကွင်း) ပွဲတွေဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ စီနီယာကစားသမား အများအပြား ပုံမှန်ခြေစွမ်းအောက်မှာ ရောက်နေခဲ့ပြီး စိတ်ဓါတ်ပိုင်းကလည်း ထိခိုက်နေကြတဲ့ အခြေအနေဖြစ်တယ်။ ဒီလို အနေအထားမှာ အသင်းကောင်တွေနဲ့ ဆက်တိုက် တွေ့ဆုံလာပြီဖြစ်လို့ ဒီတစ်ကြိမ် ကျော်ဖြတ်ရမယ့် ခရီးကြမ်းက အတော်လေး ခက်ခဲ ကြမ်းတမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

အန္ဖီးခံတပ္လို႔ ပရိသတ္ေတြ ဂုဏ္ယူခဲ့ရတဲ့ အိမ္ကြင္း ရလဒ္ေကာင္းဟာ ၆၉ ပြဲေျမာက္မွာ ရပ္တန္႔သြားျခင္းနဲ႔အတူ ၄ ႏွစ္ၾကာ ထိန္းသိမ္းလာတဲ့ ယံုၾကည္မႈေတြက အေဝးကို လြင့္ပ်ယ္သြားခဲ့ျပီျဖစ္ပါတယ္။

ဘန္ေလကို မိနစ္ ၈၀ ေက်ာ္မွ ပင္နယ္တီ ေပးခဲ့ရကာ တစ္လံုးတည္းေသာ သြင္းဂိုးျဖင့္ အေရးနိမ့္ခဲ့တာက ” မ်က္ႏွာကို လက္သီးနဲ႔ အထိုးခံလိုက္ရသလိုပါပဲ ” လို႔ ကေလာ့ပ္က နာနာက်င္က်င္ တုန္႔ျပန္ခဲ့တယ္။

လီဗာပူးအသင္းက အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈကေန လြင့္ထြက္သြားျပီလို႔ ေျပာဖို႔ကေတာ့ ခက္ခဲေနပါေသးတယ္။ ဒါေပမယ့္လို႔ ခ်က္ေကာက္ကို အထိုးခံခဲ့ရျပီျဖစ္လို႔ အထိနာေနခဲ့ပါျပီ။ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို ဆက္တိုက္ စိန္ေခၚျပမႈေတြနဲ႔အတူ ဥေရာပမွာ ျပန္လည္ ထြန္းေတာက္လာတဲ့ လီဗာပူးက ဒီရာသီမွာေတာ့ ဆံုးရံွဴးမႈေတြ မ်ားေနေပမယ့္ အရာအားလံုး ဆံုးရံွဴးသြားတဲ့ အေနအထားေတာ့ မဟုတ္ေသးပါဘူး။

ဒဏ္ရာ ျပႆနာေတြ ႏွိပ္စက္မႈေတြေၾကာင့္ ေျခစြမ္း အက်ဘက္ကို ေရာက္လာခဲ့တဲ့ အသင္းက ေနာက္ဆံုး ကစားသမားတဲ့ ၁၅ မွတ္မွာ ၃ မွတ္သာ ရခဲ့တာျဖစ္တယ္။ ဒါ့အျပင္ ၂၀၀၀ ခုႏွစ္ ေမလေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္ သြင္းဂိုး ေပ်ာက္ဆံုးခဲ့ပါတယ္။

ဂ်ာမာန္သား မန္ေနဂ်ာၾကီးရဲ႕ ၅ ႏွစ္ခြဲ ကာလအတြင္းမွာ အဆိုးရြားဆံုး အေနအထားကို ေရာက္လာခဲ့ျခင္းျဖစ္ကာ လီဗာပူးရဲ႕ လာမယ့္ ျပိဳင္ဘက္ေတြက အက္ဖ္ေအပြဲအျဖစ္ ယူႏုိက္တက္ (အေဝးကြင္း) ပြဲကေန စတင္မွာျဖစ္တယ္။ စပါး၊ ဝက္ဟမ္းတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ အေဝးကြင္းေတြအျပင္ မန္စီးတီး (အိမ္ကြင္း)၊ လက္စတာ (အေဝးကြင္း)၊ လိုက္ဇစ္ (အေဝးကြင္း) နဲ႔ အဲဗာတန္ (အိမ္ကြင္း) ပြဲေတြျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ စီနီယာကစားသမား အမ်ားအျပား ပံုမွန္ေျခစြမ္းေအာက္မွာ ေရာက္ေနခဲ့ျပီး စိတ္ဓါတ္ပိုင္းကလည္း ထိခိုက္ေနၾကတဲ့ အေျခအေနျဖစ္တယ္။ ဒီလို အေနအထားမွာ အသင္းေကာင္ေတြနဲ႔ ဆက္တိုက္ ေတြ႔ဆံုလာျပီျဖစ္လို႔ ဒီတစ္ၾကိမ္ ေက်ာ္ျဖတ္ရမယ့္ ခရီးၾကမ္းက အေတာ္ေလး ခက္ခဲ ၾကမ္းတမ္းလာခဲ့ျပီ ျဖစ္ပါတယ္။