မန်စီးတီးအသင်းဟာ နည်းပြ ပက်ဂွာဒီယိုလာကို ပေါင် သန်း ၁၀၀ တန်ကြေးရှိ ၅ နှစ်သက်တမ်းတိုး စာချုပ် ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂွာဒီယိုလာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် မန်စီးတီးမှာ ပွဲကစားခွင့် ပုံမှန် မရရှိနိုင်တဲ့ ဆာနေးကို ဒီနွေမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဆာနေးကလည်း ဘိုင်ယန်မြူးနစ်ရဲ့ စောင့်ကြည့် ကြိုးစားမှုကြောင့် ဒီနွေမှာ ဂွာဒီယိုလာနဲ့ မန်စီးတီးကို လက်ပြနှုတ်ဆက်ရန် ကြံရွယ်နေပါတယ်။ အသင်းမှာ ကစားသမားကောင်းတွေ များပြားမှုကြောင့် ဆာနေး ပွဲကစားခွင့်က နည်းပါးလာနေတာက အဓိက အကြောင်း ဖြစ်ပါတယ်။

မန်စီးတီး ခံစစ်မှူးဟောင်း ဒန်နီမေးစ်က လီဗာပူး ကွင်းလယ်တိုက်စစ်သမား လယ်လာနာရဲ့ ကစားဟန်ဟာ မန်စီးတီးမှာ ပို အံဝင်ပြီး ခြေစွမ်းပြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လယ်လာနာက မန်စီးတီးအတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်မယ်လို့ ၄င်းက ထောက်ခံခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို ကွင်းလယ်ကစားသမား ရိုဒရီကို ရဖို့အတွက် တိုက်စစ်မှူး ဂျီဆုကိုပါ ပြောင်းရွှေ့ကြေးထဲ တစိတ်တဒေသ အဖြစ် ထည့်သွင်းကမ်းလှမ်းရန် ကြံရွယ်လာပါတယ်။

မန်စီးတီးဟာ ကွန်ပနီ ထွက်ခွာတော့မှာ ဖြစ်လို့ လက်စတာမှ ခံစစ်မှူး မက်ဂွဲယားကို ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။ မက်ဂွဲယားကို ယူနိုက်တက် ကလည်း ခေါ်ယူလိုနေပြီး ပြီးခဲ့တဲ့နွေတည်းက ကြိုးစားခဲ့ဖူးပါတယ်။

ဂွာဒီယိုလာ က မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ အနေနဲ့ လာမဲ့ အနာဂတ်မှာ မန်စီးတီး မန်နေဂျာကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်လို့ထောက်ခံပေးသွားခဲ့ပါတယ်။ ကွန်ပနီက ဒီနှစ်ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာပြီး အန်ဒါလက်ခ်ျ အသင်းကို ပြောင်းရွေ့တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရာသီအစောပိုင်းက သက်တမ်းတိုး စာချုပ် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆန်ခဲ့တဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က အသင်းနဲ့ ဆွေးနွေးမှုများ ပြန်လည် စတင်လိုနေပါတယ်။ ၄င်းနဲ့ မန်စီးတီးရဲ့ လက်ရှိစာချုပ်က တစ်နှစ်သာ သက်တမ်း ကျန်ရှိတော့တာပါ။

မန်စီးတီးအသင်း ကွင်းလယ်လူ ဘီနာဒိုဆေးဗာလ် က လာမဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ဒီရာသီ မှ ပြည်တွင်းဖလား အကုန် ရရှိခဲ့ပေးမဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပြည့်စံမှုမရှိပဲ လာမဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရရှိဖို့အတွက် ကြိုးစားသွားမယ်လို့ ၄င်းက ဆိုပါတယ်။