လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန်ဘမ်းစ်က ကလပ်ရဲ့ ရေရှည် ပြဿနာအတွက် အဖြေဖြစ်လာနိုင်သူတွေက အမ်ဘတ်ပီနဲ့ ဟာလန်းတို့လို တိုက်စစ်သမားတွေပါလို့ ထုတ်ပြောလာပါတယ်။

ပြင်သစ်သား တိုက်စစ်သမားနဲ့ နော်ဝေသား တိုက်စစ်သမားတို့ဟာ အထောင်တိုက်စစ်နေရာတွေကို အားသန်ကြသူတွေ ဖြစ်ပါတယ်။ အမ်ဘတ်ပီက သူ့ရဲ့ အရည်အချင်းကို ကလပ်အဆင့်မှာတင် မကဘဲ နိုင်ငံ အဆင့်မှာလည်း ပြသထားသူပါ။ သူ့ရဲ့ တန်ကြေးက ပေါင် ၁၇၅ သန်း ဝန်းကျင်မှာ ရှိနိုင်ပါတယ်။

ဟာလန်းကတော့ အမ်ဘတ်ပီနဲ့အပြိုင် နာမည် ထွက်လာနေတဲ့ လူငယ် တိုက်စစ်သမားဖြစ်ကာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှာ ထိပ်တန်း တိုက်စစ်မှူးခြေစွမ်းတွေ ပြသနေတယ်။ သူဟာ ဒေါ့မွန်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေပြီး ပြောင်းရွှေ့ကြေးအားဖြင့် ပေါင် သန်း ၆၀ ဝန်းကျင် ရှိနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်သမားတွေက အသက် ၂၈ နှစ်ကို ကျော်လွန်လာကြတဲ့ အနေအထားမှာ ဂျွန်ဘမ်းစ်ကတော့ အမ်ဘတ်ပီ (သို့) ဟာလန်း တစ်ဦးဦးကို အသင်းက ခေါ်ယူတာမျိုး မြင်လိုနေပါတယ်။

ဂျွန်ဘမ်းစ်က ‘ အမ်ဘတ်ပီနဲ့ ဟာလန်းတို့က လီဗာပူးရဲ့ ပြဿနာတွေအတွက် အဖြေပါပဲ။ ဒါပေမယ့်လို့ သူတို့က ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်လို ဥရောပ ထိပ်တန်းအသင်းတွေအတွက်လည်း ကောင်းမွန်တဲ့ အဖြေပဲ ဖြစ်လာပါလိမ့်မယ်။

တိုက်စစ်သမားတွေက လီဗာပူးရဲ့ ချက်ခြင်းခေါ်ယူရမယ့် ဦးစားပေးတွေတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လီဗာပူးမှာ ဆာလာ၊ မာနေးနဲ့ ဖာမင်နိုလို ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ်။ လီဗာပူးက ထူးချွန်တဲ့ တိုက်စစ်ကစားမှုနဲ့အတူ ထိပ်တန်း ဂိုးသွင်းရှင်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့်လို့ တိုက်စစ်သမားတွေရဲ့ အသက်အရွယ်ကို ကြည့်မယ်ဆိုရင် ကာလရှည်မှာတော့ သူတို့တွေ ဖြည့်တင်းဖို့ လိုအပ်လာနေပါပြီ။ ဒါပေမယ့် အနာဂတ်အတွက် ချက်ခြင်း အားဖြည့်ဖို့ဆိုရင် အမ်ဘတ်ပီနဲ့ ဟာလန်းတို့ဟာ လက်ရှိ တိုက်စစ်သမား သုံးဦးထဲက တစ်ဦး မထွက်ခွာသွားသ၍ ရောက်လာမယ့်သူတွေ မဟုတ်ပါဘူး ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္း ဂၽြန္ဘမ္းစ္က ကလပ္ရဲ႕ ေရရွည္ ျပႆနာအတြက္ အေျဖျဖစ္လာႏုိင္သူေတြက အမ္ဘတ္ပီနဲ႔ ဟာလန္းတို႔လို တိုက္စစ္သမားေတြပါလို႔ ထုတ္ေျပာလာပါတယ္။

ျပင္သစ္သား တိုက္စစ္သမားနဲ႔ ေနာ္ေဝသား တိုက္စစ္သမားတို႔ဟာ အေထာင္တိုက္စစ္ေနရာေတြကို အားသန္ၾကသူေတြ ျဖစ္ပါတယ္။ အမ္ဘတ္ပီက သူ႔ရဲ႕ အရည္အခ်င္းကို ကလပ္အဆင့္မွာတင္ မကဘဲ ႏုိင္ငံ အဆင့္မွာလည္း ျပသထားသူပါ။ သူ႔ရဲ႕ တန္ေၾကးက ေပါင္ ၁၇၅ သန္း ဝန္းက်င္မွာ ရွိႏုိင္ပါတယ္။

ဟာလန္းကေတာ့ အမ္ဘတ္ပီနဲ႔အျပိဳင္ နာမည္ ထြက္လာေနတဲ့ လူငယ္ တိုက္စစ္သမားျဖစ္ကာ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းမွာ ထိပ္တန္း တိုက္စစ္မွဴးေျခစြမ္းေတြ ျပသေနတယ္။ သူဟာ ေဒါ့မြန္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနျပီး ေျပာင္းေရႊ႔ေၾကးအားျဖင့္ ေပါင္ သန္း ၆၀ ဝန္းက်င္ ရွိႏုိင္ပါတယ္။

လီဗာပူးအသင္းရဲ႕ တိုက္စစ္သမားေတြက အသက္ ၂၈ ႏွစ္ကို ေက်ာ္လြန္လာၾကတဲ့ အေနအထားမွာ ဂၽြန္ဘမ္းစ္ကေတာ့ အမ္ဘတ္ပီ (သို႔) ဟာလန္း တစ္ဦးဦးကို အသင္းက ေခၚယူတာမ်ိဳး ျမင္လိုေနပါတယ္။

ဂၽြန္ဘမ္းစ္က ‘ အမ္ဘတ္ပီနဲ႔ ဟာလန္းတို႔က လီဗာပူးရဲ႕ ျပႆနာေတြအတြက္ အေျဖပါပဲ။ ဒါေပမယ့္လို႔ သူတို႔က ရီးရဲလ္မက္ဒရစ္နဲ႔ ဘိုင္ယန္ျမဴးနစ္လို ဥေရာပ ထိပ္တန္းအသင္းေတြအတြက္လည္း ေကာင္းမြန္တဲ့ အေျဖပဲ ျဖစ္လာပါလိမ့္မယ္။

တိုက္စစ္သမားေတြက လီဗာပူးရဲ႕ ခ်က္ျခင္းေခၚယူရမယ့္ ဦးစားေပးေတြေတာ့ မဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးမွာ ဆာလာ၊ မာေနးနဲ႔ ဖာမင္ႏိုလို ထူးခၽြန္တဲ့ ကစားသမားေတြ ရွိေနတယ္။ လီဗာပူးက ထူးခၽြန္တဲ့ တိုက္စစ္ကစားမႈနဲ႔အတူ ထိပ္တန္း ဂိုးသြင္းရွင္ေတြကိုလည္း ပိုင္ဆိုင္ထားပါတယ္။

ဒါေပမယ့္လို႔ တိုက္စစ္သမားေတြရဲ႕ အသက္အရြယ္ကို ၾကည့္မယ္ဆိုရင္ ကာလရွည္မွာေတာ့ သူတို႔ေတြ ျဖည့္တင္းဖို႔ လိုအပ္လာေနပါျပီ။ ဒါေပမယ့္ အနာဂတ္အတြက္ ခ်က္ျခင္း အားျဖည့္ဖို႔ဆိုရင္ အမ္ဘတ္ပီနဲ႔ ဟာလန္းတို႔ဟာ လက္ရွိ တိုက္စစ္သမား သံုးဦးထဲက တစ္ဦး မထြက္ခြာသြားသ၍ ေရာက္လာမယ့္သူေတြ မဟုတ္ပါဘူး ‘ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။