ပရီးမီးယားလိဂ်ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြနေတဲ့ ဝဘ်ဆိုဒ် Opta က စုစည်းဖော်ပြခဲ့တဲ့ ဒီရာသီရဲ့ အပြေးအမြန်ဆုံး ထိပ်ဆုံး ကစားသမား ၁၀ ဦးစာရင်းကို ဖော်ပြပေးလိုပါတယ်။

ဒီစာရင်းမှာတော့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက ကစားသမားတွေ အနည်းငယ်ပဲ ပါဝင်ပြီး ဖျက်မြင်းအသင်းနဲ့ အသင်းငယ်တွေမှ မထင်မရှား ကစားသမားတွေလည်း ပါဝင်လာပါတယ်။ သူတို့ရဲ့ ပြေးနှုန်းက ထိပ်တန်း ကစားသမားတွေထဲ ပိုမြန်နေတယ်လို့လည်း သိရပါတယ်။

ဒီနှစ်ရာသီရဲ့ ပရီးမီးယားလိဂ် အမြန်ဆုံးကစားသမားအဖြစ်တော့ မန်ယူအသင်းရဲ့ လူငယ်ကစားသမားလေး ဖိုဆူမန်ဆာကို ရွေးချယ်ခဲ့ကြပါတယ်။

နယ်သာလန် နောက်ခံကစားသမားဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ဖိုဆူမန်ဆာဟာ ရာသီအစကတည်းက မန်ယူကနေ ဖူဟမ်အသင်းကို အငှားနဲ့သွားရောက်ကစားခဲ့နေခဲ့တာပါ။ သူဟာ ဖူဟမ်အတွက် ၁၂ ပွဲပဲ ကစားခွင့်ရခဲ့ရပေမယ့် သူရဲ့ လျင်မြန်တဲ့ အပြေးနှုန်းတွေကို ဖော်ပြနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဖိုဆူမန်ဆာဟာ ရာသီအကုန်မှာ ဖူဟမ်အသင်းနဲ့ အငှားစာချုပ်သက်တမ်း ပြည့်တော့မှာဖြစ်လို့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လာရတော့မှာပဲ ဖြစ်ပါတယ်။