အောက်တိုဘာလက မာဆေးဆိုဒ် ဒါဘီပွဲနောက်ပိုင်း ဒဏ်ရာကြောင့် မကစားနိုင်သေးတဲ့ ဗန်ဒိုက်က ကွင်းထဲ ခြေပြန်ချနိုင်ရင်ဆိုတဲ့ ကာလအတွက် သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။

ရာသီသစ်မစတင်ခင်မှာ အသက် ၃၀ ပြည့်မှာဖြစ်တဲ့ ဗန်ဒိုက်ဟာ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ ကာလရှည် ဒဏ်ရာ ရလာခဲ့တာပါ။ လာမယ့် နှစ်နှစ်၊ သုံးနှစ်ကာလဟာ သူ့ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်တွေဖြစ်လို့ ကြံ့ခိုင်စွာဖြင့် ကစားနိုင်ပြီး ကွင်းထဲမှာ ပျော်ရွှင်စွာ ဖြတ်သန်းရမှာကို ဗန်ဒိုက်က အလိုရှိနေပါတယ်။

ဗန်ဒိုက်က “ ဒဏ်ရာရနေတဲ့ အခိုက်အတန့်မှာ ကိစ္စတွေ အများကြီးကို တွေးတောမိပါတယ်။ နောက်ပြီး ကိုယ်ရခဲ့တာတွေကိုလည်း ပိုပြီး တန်ဖိုးထားတက်လာတယ်။ တကယ်တမ်းကတော့ ဒဏ်ရာကြောင့် နားနေရတာက မလွယ်ပါဘူး။ ဒါပေမယ့် ကျနော်အတွက် အရေးကြီးဆုံးက ကိုယ်ဘာသာ ကြံ့ခိုင်နေအောင် နေဖို့နဲ့ တတ်နိုင်သလောက် ကြိုးစားဖို့ ဖြစ်ပါတယ်။

ဒီတော့ အချိန်ကျလာပြီဆိုရင် ကျနော် ပြန်ပြီး ကစားမှာဖြစ်တယ်။ နောက်ပြီး ကစားခွင့် ရချိန်တိုင်းကို ပျော်ရွှင်သွားမှာဖြစ်ပြီး ဖြစ်နိုင်သလောက် အကောင်းဆုံးကစားသမားဖြစ်ဖို့ ကြိုးစားပါမယ်။ ဘာအခွင့်ကောင်းမှ မယူပါဘူး။ အလုပ်ကို ကြိုးစား ပျော်ရွှင်မယ်၊ ပြုံးရွှင်စွာဘဲ ကြံ့ခိုင်နေဖို့ ကြိုးစားသွားမှာပါ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ဒီရာသီ နှောင်းပိုင်းကာလမှာ ဗန်ဒိုက် ပြန်ကစားနိုင်ဖို့ကို အသင်းဘက်က ရည်ရွယ်ထားပေမယ့် ဖြစ်လာဖွယ် မရှိပါဘူး။ ဒါပေမယ့် နယ်သာလန်အသင်းကတော့ ယူရိုမှာ ဗန်ဒိုက်ကို ထည့်သုံးနိုင်ဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်။

၂၀၁၈ ကမ္ဘာဖလားကို လွဲချော်ခဲ့တဲ့ ဗန်ဒိုက်အတွက် ယူရို ၂၀၂၀ ဟာ လက်ရွေးစင်အသင်းအတွက် သူအကောင်းဆုံး လုပ်ပြနိုင်မယ့် ပြိုင်ပွဲတစ်ရပ်လို့ မျှော်လင့်ထားခဲ့တာပါ။ ကွင်းထဲကို ခြေပြန်ချလိုစိတ် ရှိနေတဲ့ ဗန်ဒိုက်တစ်ယောက် လက်ရွေးစင်အသင်းဖြင့် ပူးပေါင်းသွားမလား၊ လီဗာပူးရဲ့ ရာသီကြို အစီအစဉ်မှာ ဘောလုံးစကစားမလားဆိုတာတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ေအာက္တိုဘာလက မာေဆးဆိုဒ္ ဒါဘီပြဲေနာက္ပိုင္း ဒဏ္ရာေၾကာင့္ မကစားႏုိင္ေသးတဲ့ ဗန္ဒိုက္က ကြင္းထဲ ေျချပန္ခ်ႏုိင္ရင္ဆိုတဲ့ ကာလအတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္ကို ဖြင့္ဟခဲ့ပါတယ္။

ရာသီသစ္မစတင္ခင္မွာ အသက္ ၃၀ ျပည့္မွာျဖစ္တဲ့ ဗန္ဒိုက္ဟာ ကစားသမားဘဝ အေကာင္းဆံုး အခ်ိန္မွာ ကာလရွည္ ဒဏ္ရာ ရလာခဲ့တာပါ။ လာမယ့္ ႏွစ္ႏွစ္၊ သံုးႏွစ္ကာလဟာ သူ႔ကစားသမားဘဝ အေကာင္းဆံုး အခိုက္အတန္႔ေတြျဖစ္လို႔ ၾကံ႕ခိုင္စြာျဖင့္ ကစားႏုိင္ျပီး ကြင္းထဲမွာ ေပ်ာ္ရႊင္စြာ ျဖတ္သန္းရမွာကို ဗန္ဒိုက္က အလိုရွိေနပါတယ္။

ဗန္ဒိုက္က “ ဒဏ္ရာရေနတဲ့ အခိုက္အတန္႔မွာ ကိစၥေတြ အမ်ားၾကီးကို ေတြးေတာမိပါတယ္။ ေနာက္ျပီး ကိုယ္ရခဲ့တာေတြကိုလည္း ပိုျပီး တန္ဖိုးထားတက္လာတယ္။ တကယ္တမ္းကေတာ့ ဒဏ္ရာေၾကာင့္ နားေနရတာက မလြယ္ပါဘူး။ ဒါေပမယ့္ က်ေနာ္အတြက္ အေရးၾကီးဆံုးက ကိုယ္ဘာသာ ၾကံ႕ခိုင္ေနေအာင္ ေနဖို႔နဲ႔ တတ္ႏုိင္သေလာက္ ၾကိဳးစားဖို႔ ျဖစ္ပါတယ္။

ဒီေတာ့ အခ်ိန္က်လာျပီဆိုရင္ က်ေနာ္ ျပန္ျပီး ကစားမွာျဖစ္တယ္။ ေနာက္ျပီး ကစားခြင့္ ရခ်ိန္တိုင္းကို ေပ်ာ္ရႊင္သြားမွာျဖစ္ျပီး ျဖစ္ႏုိင္သေလာက္ အေကာင္းဆံုးကစားသမားျဖစ္ဖို႔ ၾကိဳးစားပါမယ္။ ဘာအခြင့္ေကာင္းမွ မယူပါဘူး။ အလုပ္ကို ၾကိဳးစား ေပ်ာ္ရႊင္မယ္၊ ျပံဳးရႊင္စြာဘဲ ၾကံ႕ခိုင္ေနဖို႔ ၾကိဳးစားသြားမွာပါ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

ဒီရာသီ ေႏွာင္းပိုင္းကာလမွာ ဗန္ဒိုက္ ျပန္ကစားႏုိင္ဖို႔ကို အသင္းဘက္က ရည္ရြယ္ထားေပမယ့္ ျဖစ္လာဖြယ္ မရွိပါဘူး။ ဒါေပမယ့္ နယ္သာလန္အသင္းကေတာ့ ယူရိုမွာ ဗန္ဒိုက္ကို ထည့္သံုးႏုိင္ဖို႔ ေစာင့္ၾကည့္ေနဆဲျဖစ္တယ္။

၂၀၁၈ ကမၻာဖလားကို လြဲေခ်ာ္ခဲ့တဲ့ ဗန္ဒိုက္အတြက္ ယူရို ၂၀၂၀ ဟာ လက္ေရြးစင္အသင္းအတြက္ သူအေကာင္းဆံုး လုပ္ျပႏုိင္မယ့္ ျပိဳင္ပြဲတစ္ရပ္လို႔ ေမွ်ာ္လင့္ထားခဲ့တာပါ။ ကြင္းထဲကို ေျချပန္ခ်လိုစိတ္ ရွိေနတဲ့ ဗန္ဒိုက္တစ္ေယာက္ လက္ေရြးစင္အသင္းျဖင့္ ပူးေပါင္းသြားမလား၊ လီဗာပူးရဲ႕ ရာသီၾကိဳ အစီအစဥ္မွာ ေဘာလံုးစကစားမလားဆိုတာေတာ့ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။