ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်လာနိုင်တဲ့ ကလပ်ဖြစ်တဲ့ ချယ်ဆီးအသင်းရဲ့ မန်နေဂျာ သောမက်စ်တူချယ်က ဆီမီးအဆင့်မှာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဖြင့် ထိပ်တိုက် ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်။

မာဆေးဆိုဒ်ကလပ်နဲ့ လန်ဒန်ကလပ်တို့ဟာ ၂၀၀၅၊ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ် ဆီးမီးဖိုင်နယ်တွေမှာ ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိထားတာပါ။ ဒီတစ်ကြိမ်မှာ လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို ပထမအကျော့ အရံှူးအား ချေဖျက်နိုင်ရင် ဆီမီးအဆင့်မှာ ချယ်ဆီးဖြင့် ထိပ်တိုက်တွေ့မှာဖြစ်တယ်။

လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ပြီး မန်နေဂျာသစ်လက်ထက် ခံစစ်က ပိုမိုကျစ်လစ်လာသလို ကစားပုံ ပိုမို ကောင်းမွန်လာတဲ့ ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ အဆိပ်ရှိတဲ့ အသင်းဆိုတာ ပြသလာတယ်။ ဒါပေမယ့်လို့ မန်နေဂျာတူချယ်ကတော့ ဥရောပပြိုင်ပွဲရဲ့ အရသာကို ပိုမို ခံစားရဖို့ အင်္ဂလန်ကလပ် လီဗာပူးထက် ရီးရဲလ်မက်ဒရစ်ကိုပဲ ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုနေတယ်။

ချယ်ဆီးမန်နေဂျာက ” ကျနော်မှာ ထူးထူးဆန်းဆန်း ဆုတောင်းတာမျိုး မရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ လိဂ်တစ်ခုတည်းက ကလပ်တွေနဲ့ ယှဉ်ပြိုင်လိုစိတ် မရှိပါဘူး။ အခြားတော့ မဟုတ်ပါဘူး အဲ့တာကပဲ ဥရောပပြိုင်ပွဲရဲ့ ခံစားချက်ကို ပိုမိုရစေလို့ပါပဲ။

ဘယ်အသင်းဖြစ်ဖြစ် ထိုက်တန်ပါတယ်။ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ပွဲကလည်း မပြီးသေးပါဘူး။ ဒါပေမယ့် ကျနော်က အဲ့ပွဲကို ကြည့်သွားမှာပါ။ ဆီမီးဖိုင်နယ်ပွဲတွေကို ကြည့်ရမှာကလည်း သိပ်ကောင်းပါတယ်။ သိပ်ကောင်းတဲ့ အောင်မြင်မှုပါပဲ။ ပွဲတွေကို ကြည့်သွားမှာဖြစ်ပြီး အခုချိန်ထိတော့ ဘာတစ်ခုမှ မဆုံးဖြတ်ရသေးပါဘူး။ အားလုံးက ဖြစ်နိုင်နေဆဲပါပဲ။

အိမ်ကွင်းမှာ လီဗာပူးက အတော်လေး သန်မာတဲ့ အသင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က အတော်လေး သန်မာပါတယ်။ ကျနော်တို့ ကိုယ်ရနိုင်တာကို ရလိုက်တာပါ။ ကျနေ်ာတို့က သိပ်ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ပထမဆံုး တက္ေရာက္လာႏုိင္တဲ့ ကလပ္ျဖစ္တဲ့ ခ်ယ္ဆီးအသင္းရဲ႕ မန္ေနဂ်ာ ေသာမက္စ္တူခ်ယ္က ဆီမီးအဆင့္မွာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ျဖင့္ ထိပ္တိုက္ ယွဥ္ျပိဳင္လိုတယ္လို႔ ဆိုပါတယ္။

မာေဆးဆိုဒ္ကလပ္နဲ႔ လန္ဒန္ကလပ္တို႔ဟာ ၂၀၀၅၊ ၂၀၀၇ နဲ႔ ၂၀၀၈ ခုႏွစ္ ဆီးမီးဖိုင္နယ္ေတြမွာ ထိပ္တိုက္ေတြ႔ခဲ့ဖူးတဲ့ သမိုင္းေၾကာင္းေတြ ရွိထားတာပါ။ ဒီတစ္ၾကိမ္မွာ လီဗာပူးအသင္းက ရီးရဲလ္မက္ဒရစ္ကို ပထမအေက်ာ့ အရံွဴးအား ေခ်ဖ်က္ႏုိင္ရင္ ဆီမီးအဆင့္မွာ ခ်ယ္ဆီးျဖင့္ ထိပ္တိုက္ေတြ႔မွာျဖစ္တယ္။

လမး္ပတ္ကို ရာထူးကေန ထုတ္ပယ္ျပီး မန္ေနဂ်ာသစ္လက္ထက္ ခံစစ္က ပိုမိုက်စ္လစ္လာသလို ကစားပံု ပိုမို ေကာင္းမြန္လာတဲ့ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ အဆိပ္ရွိတဲ့ အသင္းဆိုတာ ျပသလာတယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာတူခ်ယ္ကေတာ့ ဥေရာပျပိဳင္ပြဲရဲ႕ အရသာကို ပိုမို ခံစားရဖို႔ အဂၤလန္ကလပ္ လီဗာပူးထက္ ရီးရဲလ္မက္ဒရစ္ကိုပဲ ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္လိုေနတယ္။

ခ်ယ္ဆီးမန္ေနဂ်ာက ” က်ေနာ္မွာ ထူးထူးဆန္းဆန္း ဆုေတာင္းတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ လိဂ္တစ္ခုတည္းက ကလပ္ေတြနဲ႔ ယွဥ္ျပိဳင္လိုစိတ္ မရွိပါဘူး။ အျခားေတာ့ မဟုတ္ပါဘူး အဲ့တာကပဲ ဥေရာပျပိဳင္ပြဲရဲ႕ ခံစားခ်က္ကို ပိုမိုရေစလို႔ပါပဲ။

ဘယ္အသင္းျဖစ္ျဖစ္ ထိုက္တန္ပါတယ္။ လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္ ပြဲကလည္း မျပီးေသးပါဘူး။ ဒါေပမယ့္ က်ေနာ္က အဲ့ပြဲကို ၾကည့္သြားမွာပါ။ ဆီမီးဖိုင္နယ္ပြဲေတြကို ၾကည့္ရမွာကလည္း သိပ္ေကာင္းပါတယ္။ သိပ္ေကာင္းတဲ့ ေအာင္ျမင္မႈပါပဲ။ ပြဲေတြကို ၾကည့္သြားမွာျဖစ္ျပီး အခုခ်ိန္ထိေတာ့ ဘာတစ္ခုမွ မဆံုးျဖတ္ရေသးပါဘူး။ အားလံုးက ျဖစ္ႏုိင္ေနဆဲပါပဲ။

အိမ္ကြင္းမွာ လီဗာပူးက အေတာ္ေလး သန္မာတဲ့ အသင္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္က အေတာ္ေလး သန္မာပါတယ္။ က်ေနာ္တို႔ ကိုယ္ရႏုိင္တာကို ရလိုက္တာပါ။ က်ေန္ာတို႔က သိပ္ေကာင္းတဲ့ အေျခအေနမွာ ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။