လီဗာပူးအသင်းဟာ ညက အန်းဖီးမှာ ကစားခဲ့တဲ့ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲမှာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ လီဗာပူးကစားပုံ ကောင်းမွန်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်အရ ကွာတားကနေပဲ နှုတ်ဆက်လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဂျိမ်းစ် မေနာက ညကပွဲမှာ လီဗာပူး အသင်းဟာ သိသိသာသာ ပိုကောင်းခဲ့တဲ့ အသင်း ဖြစ်တယ်လို့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဂိုးရှေ့မှာ အခုလို ဆက်ပြီး ဖြုန်းတီးမှုတွေ လုပ်နေလို့တော့ မရကြောင်းလည်း မေနာ က ဝန်ခံခဲ့ပါတယ်။

” ရီးရဲလ်ထက် ကျနော်တို့က သိသိသာသာကို ပိုကောင်းခဲ့ပါတယ်။ ပွဲကို အနိုင်ရလောက်အောင်ကို ကောင်းကောင်း လုပ်ပြခဲ့တယ်။ ခြေစွမ်းပိုင်း၊ အားထုတ်မှုနဲ့ စိတ်ဓာတ် တကယ် ကောင်းခဲ့တယ်။ ဒါပေမယ့် အခွင့်အရေးတွေကို ရအောင် မယူနိုင်ခဲ့တာက ပွဲ အဆုံးအဖြတ် ဖြစ်သွားခဲ့တယ်။

ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ကျနော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးပြီး တုန့်ပြန်ပြနိုင်ခဲ့တဲ့ အချက်တွေပါ။ ပိတ်ဆို့ထားမှုတွေကနေ ကျော်ဖြတ်ပြီး ပွဲအရှိန်ကို မြှင့်ချင်ခဲ့တယ်။

တကယ်လို့သာ ပထမအကျော့က ဒီလို ပြင်းထန်မှုမျိုးနဲ့ ကစားနိုင်ခဲ့ရင် အခြေအနေက တစ်မျိုး ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် နှစ်ပွဲလုံးစာတော့ မကောင်းမွန်ခဲ့ဘူး။ အရေးအကြီးဆုံး အချက်ကတော့ ဒီလို စိတ်ဓာတ်ပြင်းပြမှုနဲ့သာ ကစားရင် ထိပ်သီးနေရာတွေကို ကျနော်တို့ ပြန်ရောက်နိုင်တယ် ဆိုတာ မြင်သာစေခဲ့တာပါပဲ။ ” လို့ ဂျိမ်းစ်မေနာက ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရာသီကုန်ထိ လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေကိုသာ အာရုံစိုက်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၄ အတွင်း ဝင်အောင် ကစားဖို့ ကျန်ရှိပါတော့တယ်။ လီဗာပူးက လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၆ မှာသာ ရှိနေပါသေးတယ်။

Zawgyi – လီဗာပူးအသင္းဟာ ညက အန္းဖီးမွာ ကစားခဲ့တဲ့ ရီးရဲလ္နဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယ အေက်ာ့ ပြဲမွာ ဂိုးမရွိ သေရက်သြားခဲ့ပါတယ္။ အိမ္ကြင္းမွာ လီဗာပူးကစားပံု ေကာင္းမြန္ခဲ့ေပမယ့္ နွစ္ေက်ာ့ေပါင္း ရလဒ္အရ ကြာတားကေနပဲ ႏႈတ္ဆက္လွည့္ျပန္ခဲ့ရျပီ ျဖစ္ပါတယ္။

ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ ေမနာက ညကပြဲမွာ လီဗာပူး အသင္းဟာ သိသိသာသာ ပိုေကာင္းခဲ့တဲ့ အသင္း ျဖစ္တယ္လို႔ ပြဲ အျပီးမွာ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဒါေပမယ့္ လီဗာပူးဟာ ဂိုးေရွ႕မွာ အခုလို ဆက္ျပီး ျဖဳန္းတီးမႈေတြ လုပ္ေနလို႔ေတာ့ မရေၾကာင္းလည္း ေမနာ က ၀န္ခံခဲ့ပါတယ္။

” ရီးရဲလ္ထက္ က်ေနာ္တို႔က သိသိသာသာကို ပိုေကာင္းခဲ့ပါတယ္။ ပြဲကို အနုိင္ရေလာက္ေအာင္ကို ေကာင္းေကာင္း လုပ္ျပခဲ့တယ္။ ေျခစြမ္းပိုင္း၊ အားထုတ္မႈနဲ႕ စိတ္ဓာတ္ တကယ္ ေကာင္းခဲ့တယ္။ ဒါေပမယ့္ အခြင့္အေရးေတြကို ရေအာင္ မယူနုိင္ခဲ့တာက ပြဲ အဆံုးအျဖတ္ ျဖစ္သြားခဲ့တယ္။

ေကာင္းတဲ့ဘက္က ၾကည့္ရင္ေတာ့ က်ေနာ္တို႔ အခြင့္အေရးေကာင္းေတြ ဖန္တီးျပီး တုန္႔ျပန္ျပနိုင္ခဲ့တဲ့ အခ်က္ေတြပါ။ ပိတ္ဆို႔ထားမႈေတြကေန ေက်ာ္ျဖတ္ျပီး ပြဲအရွိန္ကို ျမွင့္ခ်င္ခဲ့တယ္။

တကယ္လို႔သာ ပထမအေက်ာ့က ဒီလို ျပင္းထန္မႈမ်ိဳးနဲ႕ ကစားနိုင္ခဲ့ရင္ အေျခအေနက တစ္မ်ိဳး ျဖစ္သြားနုိင္တယ္။ ဒါေပမယ့္ နွစ္ပြဲလံုးစာေတာ့ မေကာင္းမြန္ခဲ့ဘူး။ အေရးအၾကီးဆံုး အခ်က္ကေတာ့ ဒီလို စိတ္ဓာတ္ျပင္းျပမႈနဲ႕သာ ကစားရင္ ထိပ္သီးေနရာေတြကို က်ေနာ္တို႔ ျပန္ေရာက္နုိင္တယ္ ဆိုတာ ျမင္သာေစခဲ့တာပါပဲ။ ” လို႔ ဂ်ိမ္းစ္ေမနာက ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ရာသီကုန္ထိ လက္က်န္ ပရီးမီးယားလိဂ္ပြဲေတြကိုသာ အာရံုစိုက္ျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အဆင့္ ၄ အတြင္း ၀င္ေအာင္ ကစားဖို႔ က်န္ရွိပါေတာ့တယ္။ လီဗာပူးက လက္ရွိမွာေတာ့ အမွတ္ေပးဇယား အဆင့္ ၆ မွာသာ ရွိေနပါေသးတယ္။