လီဗာပူးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် ၄ နေရာအတွင်း ဝင်အောင် မလုပ်နိုင်ဘူးဆိုရင် ကုန်ခဲ့တဲ့ ၄ ရာသီအတွင်း ပေါင် သန်း ၂၈၀ အကျိုးအမြတ်ရခဲ့တဲ့ ဝင်ငွေပိုင်းအတွက် ထိခိုက်မှုတွေ ရှိလာတော့မှာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်ခဲ့တဲ့ လီဗာပူးဟာ ကုန်ခဲ့တဲ့ ၂ ရာသီမှာတော့ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေထိပဲ ရောက်ရှိခဲ့တာဖြစ်တယ်။ ဒီရာသီ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်အပြီး လီဗာပူးရဲ့ ဆုဖလားမဲ့ ရာသီအတွက် အဓိက ပန်းတိုင်ဟာ ထိပ်ဆုံး ၄ သင်းဝင်ခွင့် ဖြစ်လာပါတယ်။

ရီးရဲလ်ကို ဝ-၀ သရေကျအပြီးမှာ ကလော့ပ်က ” ကျနေ်ာတို့ ချန်ပီယံလိဂ်ကို မြတ်နိုးပါတယ်။ ကလပ်အတွက် ခြားနားတဲ့ အကြောင်းပြချက်တွေနဲ့အတူ ဒီပြိုင်ပွဲက သိပ်ကို အရေးပါပါတယ် ” လို့ ဝန်ခံခဲ့တယ်။

အားကစားနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်နွယ်မှုတွေအရ လီဗာပူးအသင်းဟာ ကပ်ဘေးကာလအတွင်း ပေါင် သန်း ၁၂၀ လောက်ထိ ဆုံးရံှူး နစ်နာခဲ့ရပြီးပါပြီ။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရမယ့် မျှော်လင့်ချက်နဲ့အတူ အတော်လေး တန်ဖိုးကြီးနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကို ပြန်လည် ပါဝင်ခဲ့တဲ့ လီဗာပူးဟာ ဗိုလ်လုပွဲ ရောက်ရှိခြင်းအတွက် ပေါင် ၇၁.၅ သန်း ဆုကြေးရရှိခဲ့တယ်။ ချန်ပီယံဖြစ်တဲ့ ဘောလုံးရာသီမှာ ပေါင် ၉၅.၅ သန်း ရရှိခဲ့ပြီး ၁၆ သင်းအဆင့်မှာတင် အရေးနိမ့်ခဲ့တဲ့ မနှစ်တုန်းကတော့ ပေါင် ၇၁.၃ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရမှုမှာ အကျိုးအမြတ် ဘယ်လောက်ရမယ်ဆိုတာကတော့ စောင့်ရဦးမှာပါ။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ၈ သင်းအဆင့်ထိ ရောက်ခဲ့ခြင်းအတွက် အနည်းဆုံး ပေါင် သန်း ၄၀ ရမယ်လို့တော့ သိထားရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ပိုများတဲ့ ဆုကြေးတွေအတွက် မျှော်လင့်နိုင်မှာဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန် အားထုတ်ကြရတော့မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ျဖစ္တဲ့ အဆင့္ ၄ ေနရာအတြင္း ဝင္ေအာင္ မလုပ္ႏုိင္ဘူးဆိုရင္ ကုန္ခဲ့တဲ့ ၄ ရာသီအတြင္း ေပါင္ သန္း ၂၈၀ အက်ိဳးအျမတ္ရခဲ့တဲ့ ဝင္ေငြပိုင္းအတြက္ ထိခိုက္မႈေတြ ရွိလာေတာ့မွာပါ။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ႏွစ္ၾကိမ္ဆက္ တက္ေရာက္ခဲ့တဲ့ လီဗာပူးဟာ ကုန္ခဲ့တဲ့ ၂ ရာသီမွာေတာ့ ၁၆ သင္းအဆင့္နဲ႔ ကြာတားဖိုင္နယ္အဆင့္ေတြထိပဲ ေရာက္ရွိခဲ့တာျဖစ္တယ္။ ဒီရာသီ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္အျပီး လီဗာပူးရဲ႕ ဆုဖလားမဲ့ ရာသီအတြက္ အဓိက ပန္းတိုင္ဟာ ထိပ္ဆံုး ၄ သင္းဝင္ခြင့္ ျဖစ္လာပါတယ္။

ရီးရဲလ္ကို ၀-၀ သေရက်အျပီးမွာ ကေလာ့ပ္က ” က်ေန္ာတို႔ ခ်န္ပီယံလိဂ္ကို ျမတ္ႏိုးပါတယ္။ ကလပ္အတြက္ ျခားနားတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔အတူ ဒီျပိဳင္ပြဲက သိပ္ကို အေရးပါပါတယ္ ” လို႔ ဝန္ခံခဲ့တယ္။

အားကစားနဲ႔ စီးပြားေရးဆိုင္ရာ အက်ိဳးဆက္ႏြယ္မႈေတြအရ လီဗာပူးအသင္းဟာ ကပ္ေဘးကာလအတြင္း ေပါင္ သန္း ၁၂၀ ေလာက္ထိ ဆံုးရံွဴး နစ္နာခဲ့ရျပီးပါျပီ။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ဟာ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရမယ့္ ေမွ်ာ္လင့္ခ်က္နဲ႔အတူ အေတာ္ေလး တန္ဖိုးၾကီးေနခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ကို ျပန္လည္ ပါဝင္ခဲ့တဲ့ လီဗာပူးဟာ ဗိုလ္လုပြဲ ေရာက္ရွိျခင္းအတြက္ ေပါင္ ၇၁.၅ သန္း ဆုေၾကးရရွိခဲ့တယ္။ ခ်န္ပီယံျဖစ္တဲ့ ေဘာလံုးရာသီမွာ ေပါင္ ၉၅.၅ သန္း ရရွိခဲ့ျပီး ၁၆ သင္းအဆင့္မွာတင္ အေရးနိမ့္ခဲ့တဲ့ မႏွစ္တုန္းကေတာ့ ေပါင္ ၇၁.၃ သန္း ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒီရာသီ ကြာတားအဆင့္ကေန ထြက္ခြာခဲ့ရမႈမွာ အက်ိဳးအျမတ္ ဘယ္ေလာက္ရမယ္ဆိုတာကေတာ့ ေစာင့္ရဦးမွာပါ။ ဒါေပမယ့္လို႔ လီဗာပူးအသင္းဟာ ၈ သင္းအဆင့္ထိ ေရာက္ခဲ့ျခင္းအတြက္ အနည္းဆံုး ေပါင္ သန္း ၄၀ ရမယ္လို႔ေတာ့ သိထားရတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ပိုမ်ားတဲ့ ဆုေၾကးေတြအတြက္ ေမွ်ာ္လင့္ႏုိင္မွာျဖစ္ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အစြမ္းကုန္ အားထုတ္ၾကရေတာ့မွာ ျဖစ္ပါတယ္။