လောလောလတ်လတ် ချန်ပီယံလိဂ်ကနေ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ လီဗာပူးဟာ ဒီအပတ်မှာတော့ လိဒ်ယူနိုက်တက်ကွင်းကို သွားပြီး ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်ပါတယ်။

လိဒ်က ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးကို ထူးချွန်စွာ အနိုင်ရထားပြီး လီဗာပူးကလည်း အက်စတွန်ဗီလာကို အနိုင်ရထားတာပါ။ နှစ်သင်းလုံး လိဂ်မှာတော့ ရလဒ်ကောင်းတွေ ပြန်ရနေကြပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ကောင်တာတိုက်စစ်အသားပေး နည်းစနစ်ဖြင့် ယှဉ်ပြိုင်ကြဖွယ်ရှိပါတယ်။

ပွဲနဲ့ပက်သက်လို့ လော်ရိုးက ” ရာသီစတုန်းက အန်ဖီးကွင်းမှာ အပြန်အလှန် ကစားခဲ့ကြပြီး လီဗာပူးက ၄-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒီပွဲကလည်း နောက်ထပ် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ လိဒ်က မန်စီးတီးကို အနိုင်ယူပြီး ဒီပွဲကို လန်းဆန်းစွာနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် လီဗာပူးကတော့ ကြားရက်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားရာမှာ လီဗာပူးက ပုံစံကောင်းရနေတဲ့ သဘောမှာ ရှိပါတယ်။ လီဗာပူးက အစောပိုင်းမှာတည်းက ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ပထိပိုင်း ကစားပုံ ကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ခုခံထားနိုင်ခဲ့တယ်။

တနင်္လာနေ့ပွဲမှာလည်း လီဗာပူးက အခွင့်အရေးတွေ ရသွားဦးမယ်လို့ ကျနော် မြင်ပါတယ်။ ဒါပေမယ့် လိဒ်ကလည်း အခွင့်အရေးတွေ ရသွားမှာပါ။ ဘီရယ်ဆာရဲ့ အသင်းက ဒီရာသီမှာ ထူးချွန်နေပြီး သူတို့ရဲ့ ပွဲတွေကို ပရိသတ်တွေ ကြည့်ခွင့်မရတာကတော့ စိတ်ပျက်စရာပါပဲ ” လို့ သုံးသပ်သွားခဲ့တယ်။

လိဒ်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၁ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ေလာေလာလတ္လတ္ ခ်န္ပီယံလိဂ္ကေန အေရးနိမ့္ျပီး ထြက္ခြာခဲ့ရတဲ့ လီဗာပူးဟာ ဒီအပတ္မွာေတာ့ လိဒ္ယူႏုိက္တက္ကြင္းကို သြားျပီး ပရီးမီးယားလိဂ္ပြဲ ကစားရမွာျဖစ္ပါတယ္။

လိဒ္က ျပီးခဲ့တဲ့ ပြဲစဥ္မွာ မန္စီးတီးကို ထူးခၽြန္စြာ အႏုိင္ရထားျပီး လီဗာပူးကလည္း အက္စတြန္ဗီလာကို အႏုိင္ရထားတာပါ။ ႏွစ္သင္းလံုး လိဂ္မွာေတာ့ ရလဒ္ေကာင္းေတြ ျပန္ရေနၾကျပီး ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈမွာ ေကာင္တာတိုက္စစ္အသားေပး နည္းစနစ္ျဖင့္ ယွဥ္ျပိဳင္ၾကဖြယ္ရွိပါတယ္။

ပြဲနဲ႔ပက္သက္လို႔ ေလာ္ရိုးက ” ရာသီစတုန္းက အန္ဖီးကြင္းမွာ အျပန္အလွန္ ကစားခဲ့ၾကျပီး လီဗာပူးက ၄-၃ ျဖင့္ အႏုိင္ရခဲ့ပါတယ္။ ဒီပြဲကလည္း ေနာက္ထပ္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာႏုိင္ပါတယ္။ လိဒ္က မန္စီးတီးကို အႏုိင္ယူျပီး ဒီပြဲကို လန္းဆန္းစြာနဲ႔ ယွဥ္ျပိဳင္မွာ ျဖစ္ေပမယ့္ လီဗာပူးကေတာ့ ၾကားရက္မွာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာလာခဲ့ရတာပါ။

ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ကစားရာမွာ လီဗာပူးက ပံုစံေကာင္းရေနတဲ့ သေဘာမွာ ရွိပါတယ္။ လီဗာပူးက အေစာပိုင္းမွာတည္းက ေကာင္းမြန္တဲ့ အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့ျပီး ကစားပံုလည္း ေကာင္းခဲ့ပါတယ္။ အထူးသျဖင့္ ပထိပိုင္း ကစားပံု ေကာင္းပါတယ္။ ရီးရဲလ္မက္ဒရစ္က လီဗာပူးကို ခုခံထားႏုိင္ခဲ့တယ္။

တနလၤာေန႔ပြဲမွာလည္း လီဗာပူးက အခြင့္အေရးေတြ ရသြားဦးမယ္လို႔ က်ေနာ္ ျမင္ပါတယ္။ ဒါေပမယ့္ လိဒ္ကလည္း အခြင့္အေရးေတြ ရသြားမွာပါ။ ဘီရယ္ဆာရဲ႕ အသင္းက ဒီရာသီမွာ ထူးခၽြန္ေနျပီး သူတို႔ရဲ႕ ပြဲေတြကို ပရိသတ္ေတြ ၾကည့္ခြင့္မရတာကေတာ့ စိတ္ပ်က္စရာပါပဲ ” လို႔ သံုးသပ္သြားခဲ့တယ္။

လိဒ္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၁ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။