လီဗာပူးအသင်းပိုင်ရှင်တွေက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ မန်နေဂျာကလော့ပ်အတွက် ‘စိတ်လှုပ်ရှားစရာ အလားအလာရှိသူ’ တွေကို ရင်းနှီးမြုပ်နှံပေးဖို့ ရင်းနှီးငွေ ရှိထားတယ်လို့ The Athletic က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကျန်ရှိနေပြီး ထိပ်ဆုံး လေးသင်းဝင်ခွင့်အတွက် လီဗာပူးက လက်ရှိ အဆိုပါနေရာတွေကို ရယူထားတဲ့ လက်စတာ၊ ဝက်ဟမ်းတို့ထံက တစ်နေရာစာရဖို့ ကြိုးပမ်းရပါလိမ့်မယ်။ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီအပတ် လိဒ်ကို အနိုင်ရမယ်ဆိုရင် အထက်က အသင်းတွေနား နီးနီးကပ်ကပ်ကို ရောက်လာမှာဖြစ်တယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကပဲ ကလပ်ရဲ့ ဦးစားပေးဖြစ်လာတယ်။ အဆင့်ရပ်တည်မှု မသေချာသေးခြင်းကြောင့် ကလပ်ရဲ့ နွေအသုံးစရိတ်က ဘယ်လောက်ထိ ရှိလာမယ်ဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့်လည်း အလားအလာရှိ ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ဖို့တော့ လျာထားမှုတွေ ရှိနေပါပြီ။

ဂျိမ်းပီယော့ဇ်ကတော့ ကလပ်က ဈေးကွက်ထဲကနေ ဘယ်လို တန်ကြေးလောက်ကို သုံးနိုင်တယ်ဆိုတာအတွက် အရိပ်အမြွက် ထုတ်ပြောခဲ့တယ်။ သူကတော့ ဟာလန်း၊ အမ်ဘတ်ပီလို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားမှု လုံးဝ ရှိလာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်။

မနှစ်ကရာသီ ကပ်ဘေးကြောင့် ထိခိုက်မှုတွေ ရှိခဲ့သလို ၁၆ သင်းအဆင့်မှာပဲ ရပ်တည်ခဲ့တဲ့အတွက် ဆုကြေး ပေါင် ၇၁ သန်း၊ ဒီရာသီ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ခြင်းအတွက် ပေါင် သန်း ၆၀ တို့ကို ယူအီးအက်ဖ်အေထံကနေ ရရှိမှာဖြစ်တယ်။ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မယ်ဆိုရင်တော့ ကလပ်ရဲ့ ဆုံးရံှူးမှုက များပြားနိုင်ပါတယ်။

လီဗာပူးဘက်က ဂရုဂျစ်၊ ဝဲလ်ဆန်၊ အိုရီဂီ၊ အဝန်နီယီ၊ ရှာကွီရီတို့အတွက် ဝယ်လက်ကို ရှာဖွေနိုင်ဖို့ ကြိုးစားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေသေးတယ်။ ဒီအခြေအနေတွေကြောင့် နွေမှာ အသုံးစရိတ် ဘယ်လောက်ထုတ်မယ် မဆုံးဖြတ်နိုင်သေးခြင်းဖြစ်ပြီး ဘယ်လို ကစားသမားမျိုးတွေကို ခေါ်ယူမယ်ဆိုတာလောက်ပဲ လျာထားနိုင်သေးတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းပိုင္ရွင္ေတြက လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရသည္ျဖစ္ေစ၊ မရဘူးျဖစ္ေစ မန္ေနဂ်ာကေလာ့ပ္အတြက္ ‘စိတ္လႈပ္ရွားစရာ အလားအလာရွိသူ’ ေတြကို ရင္းႏွီးျမဳပ္ႏွံေပးဖို႔ ရင္းႏီွးေငြ ရွိထားတယ္လို႔ The Athletic က ေဖာ္ျပလာပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲ က်န္ရွိေနျပီး ထိပ္ဆံုး ေလးသင္းဝင္ခြင့္အတြက္ လီဗာပူးက လက္ရွိ အဆိုပါေနရာေတြကို ရယူထားတဲ့ လက္စတာ၊ ဝက္ဟမ္းတို႔ထံက တစ္ေနရာစာရဖို႔ ၾကိဳးပမ္းရပါလိမ့္မယ္။ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရွိေနတဲ့ လီဗာပူးအသင္းဟာ ဒီအပတ္ လိဒ္ကို အႏုိင္ရမယ္ဆိုရင္ အထက္က အသင္းေတြနား နီးနီးကပ္ကပ္ကို ေရာက္လာမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့ရေပမယ့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကပဲ ကလပ္ရဲ႕ ဦးစားေပးျဖစ္လာတယ္။ အဆင့္ရပ္တည္မႈ မေသခ်ာေသးျခင္းေၾကာင့္ ကလပ္ရဲ႕ ေႏြအသံုးစရိတ္က ဘယ္ေလာက္ထိ ရွိလာမယ္ဆိုတာကို မသိရေသးပါဘူး။ ဒါေပမယ့္လည္း အလားအလာရွိ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ျပဳလုပ္ဖို႔ေတာ့ လ်ာထားမႈေတြ ရွိေနပါျပီ။

ဂ်ိမ္းပီေယာ့ဇ္ကေတာ့ ကလပ္က ေစ်းကြက္ထဲကေန ဘယ္လို တန္ေၾကးေလာက္ကို သံုးႏုိင္တယ္ဆိုတာအတြက္ အရိပ္အျမြက္ ထုတ္ေျပာခဲ့တယ္။ သူကေတာ့ ဟာလန္း၊ အမ္ဘတ္ပီလို ကစားသမားေတြကို ေခၚယူဖို႔ ၾကိဳးစားမႈ လံုးဝ ရွိလာမွာ မဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုပါတယ္။

မႏွစ္ကရာသီ ကပ္ေဘးေၾကာင့္ ထိခိုက္မႈေတြ ရွိခဲ့သလို ၁၆ သင္းအဆင့္မွာပဲ ရပ္တည္ခဲ့တဲ့အတြက္ ဆုေၾကး ေပါင္ ၇၁ သန္း၊ ဒီရာသီ ကြာတားဖုိင္နယ္အဆင့္ကို ေရာက္ျခင္းအတြက္ ေပါင္ သန္း ၆၀ တို႔ကို ယူအီးအက္ဖ္ေအထံကေန ရရွိမွာျဖစ္တယ္။ ရာသီကုန္ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္မယ္ဆိုရင္ေတာ့ ကလပ္ရဲ႕ ဆံုးရံွဴးမႈက မ်ားျပားႏုိင္ပါတယ္။

လီဗာပူးဘက္က ဂရုဂ်စ္၊ ဝဲလ္ဆန္၊ အိုရီဂီ၊ အဝန္နီယီ၊ ရွာကီြရီတို႔အတြက္ ဝယ္လက္ကို ရွာေဖြႏုိင္ဖို႔ ၾကိဳးစားႏုိင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္လည္း ရွိေနေသးတယ္။ ဒီအေျခအေနေတြေၾကာင့္ ေႏြမွာ အသံုးစရိတ္ ဘယ္ေလာက္ထုတ္မယ္ မဆံုးျဖတ္ႏုိင္ေသးျခင္းျဖစ္ျပီး ဘယ္လို ကစားသမားမ်ိဳးေတြကို ေခၚယူမယ္ဆိုတာေလာက္ပဲ လ်ာထားႏုိင္ေသးတာျဖစ္ပါတယ္။