ဒီဂျန် လိုဗရန် လက်ရှိ ကစားနေတဲ့ ဇင်းနစ် အသင်းဟာ ရုရှား ပရီးမီးယားလိဂ်မှာ နှစ်ရာသီဆက် ချန်ပီယံ အဖြစ် ဗိုလ်စွဲ သွားခဲ့ပြီ ဖြစ်ပါတယ်။ ခရို အေးရှားသားဟာ ဒဏ်ရာ ရမသွားခင်ကတော့ ဇင်းနစ်မှာ ပွဲထွက်လူစာရင်းက ပုံမှန် ပါဝင် ကစားခွင့် ရခဲ့သူပါ။

ဇင်းနစ်ဟာ မနေ့က ပွဲမှာ အမှတ်ပေးဇယား ဒုတိယ နေရာမှ လိုကိုမိုတစ်ဗ်ကို ၆-၁ နဲ့ အနိုင်ယူပြီး ရာသီ ကုန်ဖို့ နှစ်ပွဲ အလိုမှာပဲ ဗိုလ်စွဲ သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးအသင်းရဲ့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ချန်ပီယံ လူစာရင်းကနေ အမှတ်ပေးလိဂ် ထပ်မံ ဗိုလ်စွဲတဲ့ တစ်ဦးတည်းသော ကစားသမားက ဒီဂျန် လိုဗရန် ဖြစ်လာခဲ့ပါတယ်။

ခရိုးအေးရှား သား ဗဟိုခံစစ်မှူးဟာ ပြီးခဲ့တဲ့ လက ဒဏ်ရ ရသွားခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင် တစ်ရာသီလုံး ဇင်းနစ် အားထားရတဲ့ ခံစစ်မှူးကောင်း ဖြစ်ခဲ့ကာ ၂၁ ပွဲ ကစားပြီး ၂ ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လီဗာပူးမှာတော့ ဗဟိုခံစစ်တန်းမှာ သူ့ထက် နေရာပေးရသူတွေ ရှိနေတာကြောင့် လိုဗရန် တစ်ယောက် ပြီးခဲ့တဲ့ နွေက အသင်းပြောင်းဖြစ်ခဲ့တာ ဖြစ်ပြီး နေရာသစ်မှာတော့ ပုံမှန် ပွဲ ကစားခွင့်တွေ ရကာ အခုလို လိဂ်မှာပါ ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

လိုဗရန်က နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်လာပြီးနောက် – ” ကျနော် သိပ်ကို ပျော်ပါတယ်။ တကယ်ကို မယုံနိုင်စရာပဲ။ ကျနော့်ကို စိတ်လှုပ်ရှားမှုတွေ အများကြီး ဖြစ်နေစေတယ်။ ဒါကြောင့်လည်း ဆုဖလားတွေ ကို ဒီကလပ်အသင်းနဲ့ အတူ ယူဖို့ ရောက်လာခဲ့တာပါ။ ဒီနေ့ကတော့ ကျနော့် အပျော်ဆုံးနေ့ရက်တွေထဲက တစ်ရက် ဖြစ်လာခဲ့ပြီ။ ” လို့ ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

Zawgyi – ဒီဂ်န္ လိုဗရန္ လက္ရွိ ကစားေနတဲ့ ဇင္းနစ္ အသင္းဟာ ရုရွား ပရီးမီးယားလိဂ္မွာ နွစ္ရာသီဆက္ ခ်န္ပီယံ အျဖစ္ ဗိုလ္စြဲ သြားခဲ့ျပီ ျဖစ္ပါတယ္။ ခရို ေအးရွားသားဟာ ဒဏ္ရာ ရမသြားခင္ကေတာ့ ဇင္းနစ္မွာ ပြဲထြက္လူစာရင္းက ပံုမွန္ ပါ၀င္ ကစားခြင့္ ရခဲ့သူပါ။

ဇင္းနစ္ဟာ မေန႔က ပြဲမွာ အမွတ္ေပးဇယား ဒုတိယ ေနရာမွ လိုကိုမိုတစ္ဗ္ကို ၆-၁ နဲ႕ အနုိင္ယူျပီး ရာသီ ကုန္ဖို႔ နွစ္ပြဲ အလိုမွာပဲ ဗိုလ္စြဲ သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးအသင္းရဲ႕ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ ခ်န္ပီယံ လူစာရင္းကေန အမွတ္ေပးလိဂ္ ထပ္မံ ဗိုလ္စြဲတဲ့ တစ္ဦးတည္းေသာ ကစားသမားက ဒီဂ်န္ လိုဗရန္ ျဖစ္လာခဲ့ပါတယ္။

ခရိုးေအးရွား သား ဗဟိုခံစစ္မွဴးဟာ ျပီးခဲ့တဲ့ လက ဒဏ္ရ ရသြားခဲ့တာ ျဖစ္ျပီး အဲဒီမတိုင္ခင္ တစ္ရာသီလံုး ဇင္းနစ္ အားထားရတဲ့ ခံစစ္မွဴးေကာင္း ျဖစ္ခဲ့ကာ ၂၁ ပြဲ ကစားျပီး ၂ ဂိုးပါ သြင္းယူေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ လီဗာပူးမွာေတာ့ ဗဟုိခံစစ္တန္းမွာ သူ႔ထက္ ေနရာေပးရသူေတြ ရွိေနတာေၾကာင့္ လိုဗရန္ တစ္ေယာက္ ျပီးခဲ့တဲ့ ေႏြက အသင္းေျပာင္းျဖစ္ခဲ့တာ ျဖစ္ျပီး ေနရာသစ္မွာေတာ့ ပံုမွန္ ပြဲ ကစားခြင့္ေတြ ရကာ အခုလို လိဂ္မွာပါ ခ်န္ပီယံ အျဖစ္ ေအာင္ပြဲ ခံနုိင္ခဲ့တာ ျဖစ္ပါတယ္။

လိုဗရန္က နွစ္နွစ္ဆက္ ခ်န္ပီယံ ျဖစ္လာျပီးေနာက္ – ” က်ေနာ္ သိပ္ကို ေပ်ာ္ပါတယ္။ တကယ္ကို မယံုနုိင္စရာပဲ။ က်ေနာ့္ကို စိတ္လႈပ္ရွားမႈေတြ အမ်ားၾကီး ျဖစ္ေနေစတယ္။ ဒါေၾကာင့္လည္း ဆုဖလားေတြ ကို ဒီကလပ္အသင္းနဲ႕ အတူ ယူဖို႔ ေရာက္လာခဲ့တာပါ။ ဒီေန႔ကေတာ့ က်ေနာ့္ အေပ်ာ္ဆံုးေန႔ရက္ေတြထဲက တစ္ရက္ ျဖစ္လာခဲ့ျပီ။ ” လို႔ ၀မ္းေျမာက္ စကား ဆိုခဲ့ပါတယ္။