မန်ယူဟာ နယူးကာဆယ်အသင်းမှ လူငယ်ကွင်းလယ်လူ လောင်းစတပ်ကို လက်မှတ်ထိုးဖို့ မကြာခင်မှာပဲ ကမ်းလှမ်းမှုကို ပေးပို့သွားတော့မယ်လို့ သိရပါတယ်။

မန်နေဂျာ ဆိုးရှားဟာ လူငယ်တွေကို အဓိက ခေါ်ယူဖို့နဲ့ home-grown ကစားသမားတွေ အင်အားဖြည့်ဖို့ ကြိုးစားမှုမှာ ကားရစ်လက်သစ်အဖြစ် နာမည်ကြီးနေတဲ့ လောင်းစတပ်ကို စိတ်ဝင်စားလာတာပါ။ နယူးကာဆယ်ဘက်က အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်မှာဖြစ်တယ်။

လောင်းစတပ်ဟာ ကုန်ခဲ့တဲ့ ဒီဇင်ဘာက နယူးကာဆယ်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေသူဖြစ်တယ်။ မန်နေဂျာ ဘင်နီတက်စ်ရဲ့ ပထမအသင်းမှာ ပိုမိုနေရာရလာခဲ့တဲ့ သူဟာ နွေမှာ စာချုပ်ကိစ္စကို ပြန်လည်ဆွေးနွေးမှု လုပ်မှာဖြစ်ပြီး လုပ်ခပိုင်းတွေ ပြန်ငြိနှိုင်းရဖို့ ရှိနေပါတယ်။

နယူးကာဆယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်အတွက် အနာဂတ်ကောင်းရှိသူလို့လည်း သက်မှတ်ခံထားရတယ်။ သူ့ကိုတော့ မန်နေဂျာဂွာဒီယိုလာ ကိုယ်တိုင်က အများကြီး အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးလို့ ထုတ်ဖော် ချီးကျူးထားဖူးပါတယ်။