မန်​စီးတီးနဲ့အတူ ပြည်​တွင်းဖလား ၃ လုံးကို စံချိန်တင် ရယူထားတဲ့ မန်စီးတီး နည်းပြဂွာဒီယိုလာဟာ အီတလီကလပ် ဂျူဗင်​တပ်နည်းပြဟောင်း အယ်​လီဂရီရဲ့​ နေရာကိုဆက်​ခံဖို့ ၄ နှစ်​စာချုပ်​လိုက်​ပြီလို့ သတင်းတွေ ထွက်နေပါတယ်​။

မန်စီးတီးအသင်းကို သမိုင်းဝင်အောင်မြင်မှု ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီး ဂွာဒီယိုလာကို မန်စီးတီးက စာချုပ်သစ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ရက်ပိုင်းလေးအတွင်းမှာပဲ ဂျုဗင်တပ်အသင်းရဲ့ နည်းပြရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ်သွားဖို့ သဘောတူညီမှု ရရှိသွားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

စပိန်နည်းပြရဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့မှုကို လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ အတည်ပြု ကြေညာသွားမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ဂွာဒီယိုလာဟာ ရန်ပုံငွေပွဲ တစ်ခုအတွက် အီတလီကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဂျုဗင်တပ်ဟာ စီးရီးအေပြိုင်ပွဲမှာ ၈ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ဖိုင်နယ်အဆင့်ထိပဲ ကျေနပ်နေရတာကြောင့် ချန်ပီယံလိဂ်ဖလားနဲ့ အကျွမ်းဝင်မယ့် ရိုနယ်ဒိုလို ကစားသမားမျိုးကို ခေါ်ယူခဲ့တာဖြစ်တယ်။

ဂွာဒီယိုလာကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေဟာ တရားဝင်မဟုတ်သေးတာကြောင့် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်ပြီး သတင်းတွေကတော့ အတော်လေး လှုပ်ခတ်စေခဲ့ပါတယ်။