အာဆင်နယ် ဂန္တဝင်ကစားသမားကြီး အီယန်ရိုက်က နွေရာသီမှာ အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် မိဆွတ် အိုဇေးလ်ကို ရောင်းချခြင်း မပြုဖို့ အကြံပေးသွားခဲ့ပါတယ်။

ဂျာမန်သား အိုဇေးလ်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေပေမယ့်လည်း အသင်းရဲ့လုပ်ခလစာ ပမာဏကို လျှော့ချချင်ရုံသက်သက်နဲ့ အသင်းရဲ့ ဖန်တီးမှုအားအကောင်းဆုံး ကစားသမားကို ရောင်းချဖို့ ကြိုးစားရင် အာဆင်နယ်အနေနဲ့ နောင်တအကြီးအကျယ်ရလိမ့်မယ်လို့ ရိုက်က ဆိုပါတယ်။

အာဆင်နယ် တောင်ပံကစားသမား အိုင်ဝိုဘီက ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး ဗိုလ်စွဲစေဖို့ အားပေးမှာ ဖြစ်တယ် လို့ ၀န်ခံလိုက်ပြီး မြို့ခံပြိုင်ဘက် စပါး ချန်ပီယံလိဂ် ဗိုလ်စွဲမှာ မလိုလားကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ တိုးတက်လာနေတဲ့ ဂန်းနားတွေဟာ သိပ်မကြာခင်ပဲ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာမယ်လို့ ထောက်ခံလိုက်ပါတယ်။

အာဆင်နယ်အသင်းက အားကစားဒါရိုက်တာ ရာထူးအတွက် ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ Andoni Zubizarreta ဟာ မာဆေးအသင်းမှာပဲ ဆက်နေမှာ ဖြစ်ကြောင်း အသင်း ဥက္ကဌ ဖြစ်သူက အတည်ပြုသွားပါတယ်။

ချယ်ဆီးနည်းပြ ဆာရီ က သူကို အာဆင်နယ်ဂိုးသမားကြီး ပီတာချက် နဲ့ ပက်သက်ပြီး မမေးဖို့ပြောဆိုသွားခဲ့ပါတယ်။ ပီတာချက်က ချယ်ဆီး အသင်းမှာ ကစားခဲ့ဖူးပြီး ဆာရီကတော့ လက်ရှိ ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ကစားသမားအကြောင်း လာမမေးဖို့ ပြောဆိုသွားခဲ့ပါတယ်။

လိုင်လီအသင်းရဲ့ နည်းပြ ခရစ်တိုဖာဂါးတယ်လာ က အသင်းရဲ့နောက်ခံလူ နီကိုလ်ပီပီ ကို အလျင်အမြန်ရောင်းချလိုနေတယ်လို့သိရပါတယ်။ နီကိုလ်ပီပီ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ ၊ အာဆင်နယ် နဲ့ မန်ယူအသင်းတို့ ကခေါ်ယူဖို့ ကြိုးစားနေပါတယ်။