မန်ယူအသင်းနဲ့ ဒိုင်ဘာလားသတင်းတွေက တိုးတက်မလားသေးပေမယ့် ကလပ်အသင်း တာဝန်ရှိသူတွေဟာ ရာသီမသိမ်းခင်တည်းက ဒိုင်ဘာလားကို ချိတ်ဆက်နေတာဖြစ်ကြောင်း သိလာရပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဂျူဗင်တပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ၂၀၁၉ ဧပြီလကုန်ကတည်းက ချိတ်ဆက်နေတာဖြစ်ပြီး အခြားသော အသင်းကြီးတွေထက် လက်ဦးမှုရယူခေါ်နိုင်ဖို့ ကြိုတင်ကာ ဆက်သွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပေါ်လိုဒီဘာလာကို ဒီနှစ်ဘောလုံးရာသီမှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားပြီးဖြစ်တယ်လို့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပေမယ့် သတင်းတွေ ထပ်မံကာ မထွက်လာသေးပါဘူး။

မန်ယူဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဆိုတဲ့ ကမ်းလှမ်းမှုနဲ့ စတင်ကာ စကားပြောနေခဲ့တာပါ။ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘာလာ ဟာ စီရော်နယ်ဒို ရောက်ရှိလာပြီးနောက် ဂျူဗင်တပ် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေသူလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ကနေ ထွက်ခွာပြီး နယ်မြေသစ်ကို ပြောင်းရွှေ့ ကစားလိုတယ်လို့ သတင်းကြီးထားတဲ့ တိုက်စစ်မှူး ဒိုင်ဘာလားက သူဟာ အသင်းဖော်ဟောင်း ပေါ့ဘာနဲ့ တစ်သင်းတည်းမှာ ပြန်လည်တွဲဘက် ကစားလိုတယ်လို့ ဝန်ခံထားပါတယ်။