မန်စီးတီးဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှုလုပ်ဖို့ ကြိုးစားနေပြီး ဂျူဗင်တပ်အသင်းမှာ ပေါ်တူဂီသား အစွန်ကစားသမား ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာနေခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူနိုင်ဖွယ် ရှိလာတာပါ။

မန်စီးတီးအသင်းဟာ အသင်းရဲ့ လာဘ်ကောင် ကစားသမားလေး ဇင်ချန်ကိုကို စာချုပ်သစ် တစ်ရပ်နဲ့ သက်တမ်းတိုးသွားဖို့ ပြင်ဆင်နေပါတယ်။ ၄င်းရဲ့ လက်ရှိ စာချု့်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး တစ်နှစ် ထပ်တိုးခွင့် ပါရှိထားပါတယ်။

မန်စီးတီးအသင်းဟာ အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဘင်ဒယ်ဖို ကို ပေါင် ၁၅ သန်း နဲ့ ရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

နာမည်ကျော် အေဂျက်ခံစစ်မှူး ဒီလစ်ဟာ ကွန်ပနီနေရာ အစားဝင်နိုင်ပြီး မန်စီးတီးအသင်းနဲ့ ပြီးပြည့်စုံစွာ အံဝင်မယ့် ကစားသမားမျိုး ဖြစ်ကြောင်း အေဂျက်နည်းပြဟောင်း Peter Bosz က အကြံပြုသွားပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီဝန်ဒေါစကီးကတော့ မန်စီးတီးတိုက်စစ်သမား ဆာနေးကို ခေါ်ယူဖို့ ၄င်း မိခင်ကလပ်အသင်းကို တိုက်တွန်းမှုတွေ ပြုလုပ်နေပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဂျူဗင်တပ်သို့ ပြောင်းရွှေ့တော့မှာ ဖြစ်တယ်ဆိုတဲ့ သတင်းများက အခြေအမြစ် မရှိ မမှန်ကန်ကြောင်း စီးတီးဘုတ်အဖွဲ့ဝင် Alberto Galassi က ပြောကြားလိုက်ပါတယ်။