မန်ယူဟာ ပဲလေ့စ်နောက်ခံလူ ၀မ်ဘစ်ဆာကာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပြောင်းရွှေ့ကြေးမှာ များပြားသည့်အတွက် ပိုမိုဈေးသက်သာတဲ့ အခြားသော အစွန်လူဘက် ပြောင်းရွှေ့ကမ်းလှမ်းမယ်လို့ ပဲလေစ့်ကို သတိပေးမှု လုပ်လာပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘစ်ဆာကာဟာ ပဲလေ့စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေပြီး ငယ်ရွယ်ဟာ ကစားအားကောင်းမွန်သူပါ။ သူ့ကို ပဲလေ့စ်အသင်း တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ရမှ ရောင်းချမယ်လို့ သတင်းလွှင့်ထားပါတယ်။ မန်ယူဘက်က ပေါင် ၂၅ သန်းတန် အပြောင်းအရွှေ့ ကမ်းလှမ်းမှုကိုပဲ ပေးလိုနေပါတယ်။

မန်ယူဟာ ၀မ်ဘစ်ဆာကာအစား PSG အသင်း၏နောက်ခံလူ မျူနီရာ ကို ခေါ်ယူရန် ဦးတည်လာခဲ့ပြီဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်မှ တာဝန်ရှိသူများက PSG အသင်းမှ တာဝန်ရှိသူများနှင့် ဘယ်လ်ဂျီယမ်နောက်ခံလူအတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် မျှော်လင့်လို့ပါနေပါတယ်။

ပဲလေ့စ်ဘက်ကတော့ အသင်းမှ တိုက်စစ်ကစားသမား ဇာဟာကို နွေအပြောင်းအရွှေ့မှာ လက်လွတ်ရမှာဖြစ်လို့ နောက်ထပ်အရေးပါတဲ့ ကစားသမားကို လက်လွှတ်ဆုံးရှုံးလိုခြင်းမရှိသောကြောင့် အင်္ဂလန်လူငယ်အတွက် ပေါင်သန်း ၇၀ ဖြင့် ဈေးခေါ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိပြီး ခြေစွမ်းပြနေသည့် မျူနီရာသည် PSG အသင်းနှင့်တစ်နှစ်သက်တမ်းသာကျန်ရှိပြီး ပေါင် ၂၅ သန်းပေးချေပါက ခေါ်ယူနိုင်မည်ဖြစ်သည်။